မြန်မာ စစ်အစိုးရ ကို ဖျောင်းဖြ နားချနိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်း ပေါ်ရောက်အောင် တတ်နိုင်သလောက် ဆွဲတင် ခဲ့တဲ့ အမေရိကန် သမ္မတ ဟောင်း အိုဘားမား က ကြေငြာချက် တစ်စောင် ထုတ်ပြီး မြန်မာ ပြည်သူလူထု ကို အားပေးချီးမြှောက် ဂုဏ်ပြုလိုက်ပါတယ်၊၊
ဆယ်စုနှစ် တစ်ခုကြာ ကြီးကြီးမား လွတ်လပ်တဲ့ အရသာ ကိုခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေကို စစ်တပ်က ဥပဒေမဲ့ လုပ်ရပ် တွေ နဲ့ ရက်စက်ကြမ်း ကြုတ် မူတွေပြုလုပ်နေတာကို မြန်မာ ပြည်သူတွေက ရော ကမ္ဘာ တဝှမ်း ကပါ လက်မခံ သင့်ဘူး လို့ အိုဘားမား က သူ. ရဲ့ ကြေငြာ ချက်ထဲမှာ ဖော်ပြထားပါတယ်။
Freedom News Group မှ ဘာသာပြန်ဆိုသည်။

ဒေသတွင်း မတည်ငြိမ်မှု၊ လူသားချင်း စာနာ အကူအညီ ပေးမှုဆိုင်ရာ ပြသနာတွေနဲ့ ကျဆုံး နိုင်ငံ ဘ၀ကို ရင်ဆိုင် နေရတဲ့ ပြည်သူ့ ဆန္ဒကို မျက်ကွယ် ပြုတဲ့ လူသတ်သမား အစိုးရ လို့ပဲ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေက အသိအမှတ် ပြုစေချင် တယ်လို့ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

စစ်တပ် ရဲ့ ရက်စက်မှု တွေကြောင့် သူဟာ စိတ်နှလုံး ထိခိုက် ရပေမယ့် မြန်မာ ပြည်သူ ပြည်သား တွေ့ရဲ့ စည်းလုံး ညီညွတ်မှု၊ စိတ်ဓာတ် ကစဉ့် ကလျား မဖြစ်မှုနဲ့ ဒီမိုကရေစီ စံနူန်း တွေကို စောင့် ထိမ်း မူကို တွေ့ရတဲ့ အခါ သူ အားတက် ရပြန်ကြောင်း ကြေငြာ ချက်ထဲ မှာ ဖော် ပြထားပါတယ်။
မြန်မာ နိုင်ငံကို နှစ်ကြိမ် အလည် ရောယ်ဖူး တဲ့ သမ္မတ ဟောင်း အိုဘားမား က ဒီမိုကရေစီ လိုလားသူတွေ ၊ တိုင်းရင်းသား တွေ၊ ဘာသာရေး ခေါင်းဆောင် တွေ လက်တွဲပြီး ၊ ဒီမိုကရေစီ စံနှုန်း တွေကို တန်ဖိုး ထားကာ ပြည်သူ . ဆန္ဒကို လေးစား တဲ့ ခေါင်းဆောင် တွေ အနာ ဂတ် မှာ ပျော်ပေါက် လာလိမ့် မယ်လို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။
