ဟိုပင် တဝက် ချောင်း တံတား မိုင်းခွဲခံရ

ကချင် ပြည်နယ် မိုးညှင်း ခရိုင် ဟိုပင်မြို့ရှိ မန္တလေး – မြစ်ကြီးနား ရထား လမ်း ပေါ်တွင် ရှိသည့် တဝက် ချောင်း တံတား အား မိုင်းဖြင့် တိုက်ခိုက် ခံရ သည်ဟု သိရသည်။

မိုင်းခွဲ တိုက်ခိုက် ခံရမှု ကြောင့် သံကူ ကွန်ကရစ်၊ သံလမ်း နှင့် အင်္ဂတေ ဇလီဖား တုံးများ ပျက်စီး သွားသည် ဒေသခံများ တင်သည့် ဗီဒီယို များမှ တစ်ဆင့် FNG http://www.the-fng.com မှ တွေ့ရသည်။

မိုးညှင်း နှင့် ဟိုပင် တွင် ယမန် နေ့ညက ကချင်လွတ် မြောက်ရေး တပ်မတော် နှင့် စစ်ကောင်စီ တပ်တို့ တိုက် ပွဲများ ဖြစ်ပွား သည်ဟု သိရသည်။

ယမန်နေ့က မိုးကောင်း နှင့် ယနေ့ နံနက် ဗန်းမော် တို့တွင် မိုင်း ဆွဲ တိုက်ခိုက် မူ များ ပေါ် ပေါက် ခဲ့သည်။

ဟိုပင် တွင် အခြေစိုက် သည့် ခလရ ၄၀ သည် မိုင်းခွဲ ခံရပြီး နောက် တံတားရှိရာ သို့ ရောက်လာ ကာ ဖြတ်သန်း သွားသူ များအား စစ်မေး လျက် ရှိသည်။

ဟိုပင် ခလရ ၄၀ သည် မှောင်ခို သစ်ကုန် သည် များအား ဆက်ကြေး တောင်းရာ ၌ နာမည်ဆိုး ဖြင့် ကျော်ကြား သည်ဟု ဒေသခံ တစ်ဦးက FNG http://www.the-fng.com ကို ပြောသည်။


ဓာတ်ပုံ များကို ဟိုပင်မြို့ တစ်ဝိုက် ရှိ ပြည်သူများ ထံမှ ရယူပါသည်။