မင်းတပ် မှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ် ပေး

မြန်မာ စစ်ကောင်စီ အာဏာသိမ်း စစ်တပ် နှင့် ချင်းပြည်နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) တို့ ဆွေးနွေး ချက်အရ ယနေ့ ည ၁၁ နာရီ ၃၀ အချိန်တွင် ဖမ်း ဆီး ထားသူ ခုနှစ်ဦး ကို ပြန်လွှတ်ပေး လိုက် သည် ဟု ချင်းပြည်သူ့ ကာကွယ်ရေး တပ်ရင်း သတင်းထုတ် ပြန်ချက် တွင် ဖော်ပြထား သည်။

မင်းတပ်မြို့ကို စစ်တပ် ကမြို့ပြင် မှနေ ဝို့ထားပြီး ယမန်နေ့ ညက ပခုက္ကူ မှ တက်လာသည့် စစ်ကားးတွင် အမြောက် တစ်လက် နှင့် လက်နှက်ကြီး ပါတင် ဆောင် လာသည်ဟု FNG မှသိရသည်။

မတူပီ၊ ဂန့်ဂေါ၊ ယော၊ ပလက်ဝ၊ ကာကွယ်ရေး တပ်ဦး တွေ မင်းတပ်ကို ကူဖို့ လာပြီ။ (ပေါ့ဒ်ကက်(စ) အသံလွှင့် အစီအစဉ်)

ယနေ့ နံနက် အစောပိုင်း မှာ မင်းတပ် – ပခုက္ကူ ကားလမ်း ကို မကွေး နဲ့ ချင်းပြည် နယ်ခြား နေရာ မှ စ၍ ကျောက်ထု လေဆိပ် အထိ ၂၅ မိုင် ကျော် ကို ပိတ်ထားသည် ဟုသိရသည်။

…… နောက်ဆက်တွဲ သတင်း

မင်းတပ် မြို့နယ် ၁၀မိုင် ကျော် အကွာ ရွာတွေမှာ စစ်တပ် က လက်နက် ကြီး တွေ၊ လောင်ချာ တွေ နဲ့ ပစ်ခတ် မူရှိတယ် လို့ သိရပါတယ်။

မင်းတပ်မြို့ပြင် က Mountain Oasis သဘာဝ ဟိုတယ် ကို စစ်တပ် ယနေ့ အရုဏ် တက်ချိန်မှာ ဝင်စီး နင်းလိုက်ပြီး ဟိုတယ် အနီးက ဘုန်းကြီးကျောင်း နဲ့ မကွေးနယ် စပ်က နှစ်ခြင်း ခရစ်ယန် ကျောင်းတွေကို ၀င်ရောက် စီးနင်း လိုက်တယ် လို့ သိရပါတယ်။

ဟိုတယ် နဲ့ ဘာသာရေး အဆောက် အဦ တစ်ချို့ ဝင်ရောက် စီးနင်း ခံရ တယ် လို့ သတင်း တွေထွက် နေပေမယ့် မင်းတပ် ကာကွယ်ရေး တပ်က ည သန်းခေါင်ယံ အချိန် လောက် မှာ ရူးဒိုင်း ဒုံး တွေနဲ့ တိုက် ခိုက် နိုင်ခဲ့ တယ် လို့သိရပါတယ်။

ယောနယ်စပ်က ပြည်သူတွေ ကလည်း ကျောက်တု ကတက်လာ တဲ့ စစ်ကားတွေ ကို လမ်းက ဖြတ်ပြီး တိုက်ခိုက် တယ်လို့ သိရပါတယ်။

FNG က နောက်ဆုံး သိရသည်မှာ မတူပီပြည် သူ့ကာကွယ်ရေး တပ်ဦးက မင်းတပ် ကို စေလွှတ် မယ့် စစ်ကား တစ်စီးကို လမ်း က ပြတ်ပြီး တိုက်ခိုက် နိုင်တယ် လို့ သိရပါတယ်။

Mountain Oasis ဟိုတယ် အ၀င်လမ်း