ယမန်နေ့က မင်းတပ် ပြည်သူ များ နှင့် ဆွေးနွေး ပြီးနောက် အပစ်အခတ် ရပ်စဲရေး နှင့် ဖမ်းဆီးထားသူ များ ပြန်လွှတ် ပေးရန် သဘောတူ ညီခဲ့ သည့် ဒုတိုင်းမှူး သည် ယနေ့ မင်းတပ် မြို့ ခံများ နှင့် ထပ်မံ ဆက်သွယ် ပြောကြား ပြီးနောက် မင်းတပ် မြို့တွင်း သို့ ၎င်း ကိုယ် ကိုင် လက်နက် ကိုင် ဆောင် ခြင်း မရှိပဲ ဝင်ရောက် ကာ ပြည်သူ များ နှင့် တွေ့ ဆုံ မည်ဟု FNG http://www.the-fng.com မှ သိရသည်။
ယနေ့ ဗုဒ္ဓဟူး နေ့ ဧပြီလ ၂၈ရက် နေ့တွင် မင်းတပ် နှင့် အနီးတဝိုက် ပါ ပစ်ခတ် မူများ မရှိပဲ ငြိမ် သက် နေသည် ဟု သိရသည်။
ဒုတိုင်း မူး သည် ယမန် နေ့က မင်းတပ် ပြည်သူ များ နှင့် နှစ်ကြိမ် တိုင် ဆက် သွယ် ပြောဆို ခဲ့ရာ တွင် မုံရွာ မှ လာသည့် တပ်ကို မင်းတပ် မြို့တွင်း သို့ဝင် ခွင့် ပြုရန် ပါ တောင်း ဆိုခဲ့သည်။
ဒုတိုင်းမှူး သည် ယနေ့ ထပ်မံ ဆက်သွယ်ပြော ဆိုရာတွင် မင်းတပ် မြို့သို့ လာရောက် လည်ပတ် လိုကြောင့် သူတစ်ဦး တည်းသာ မည်သည့် လက်နက် မှ မကိုင် ဆောင် ကာ လာမည် ဖြစ်ကြောင်း FNG http://www.the-fng.com မှသိရသည်။
မည်သည့် နေ့ရက် တွင် သွားရောက် မည်ကို တော့ FNG မှ မသိရှိရ သေးပါ။
သတင်းဦး (Scoop) ဖြစ်ပါ သည်။ မကြာခင် မိနစ် အနည်း ငယ် အတွင်း သတင်း အပြည့် အစုံ ကို တင်ဆက် ပေးပါမည်။

မယုံပါနဲ့အချိုသပ်တာ လက်နကိမပါရင်သူတို့အလွယ်တကုဖမ်းမှာ