ရီပတ်ဘလီကန် နဲ့ ဒီမိုကရတ် အထက် လွှတ်တော် အမတ် ခြောက်ဦးက အမေရိကန်အနေနဲ့ မြန်မာ့ ရေနံ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း နဲ့ လက်တွဲလုပ်ဆောင် နေတာ တွေကို ရပ်တန့် ဖို့နဲ့ မြန်မာကို အရေးယူ ပိတ်ဆို့ ဖို့ သမ္မတ ဂျိုး ဘိုင်ဒင် ကိုတောင်းဆို လိုက်ပါတယ်။
ရီပတ်ဘလီကန် ပါတီရဲ့ ဖလောရီဒါ ပြည်နယ်အထက် လွတ်တော် အမတ် မာကို ရူဘီယို နဲ့ အခြား လွှတ်တော် အမတ် ငါးဦးက နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဘဏ္ဍာ ရေးဝန်ကြီး ဂျနက် ယဲလင် ကို ပေးစာမှာ မြန်မာနိုင်ငံကို အရေးယူ ဒဏ်ခတ် ဖို့ ဆော်သြထားပါတယ်။
ရီပတ်ဘလီကန် ပါတီ ရဲ့ မိန်း ပြည်နယ် အမျိုးသမီး လွှတ်တော် အမတ် ဆူဆန် ကောလင်း နဲ့ နယူး ဂျာစီပြည် နယ် လွှတ်တော် အမတ် ကို ရေး ဘွက်ကာ တို့လည်း ဒီတောင်း ဆိုမှုမှာ ပါဝင်ပါတယ်။
Freedom News Group မှ ဘာသာပြန်ဆိုပါသည်။
မာကိုရူဘီယို နဲ့ လွှတ်တော် အမတ် တွေ မြန်မာ စစ်အစိုးရ ကို စီးပွားရေး ပိတ်ဆို့ ဖို့ ပေးစာ

