မင်းသားကြီး  ကာက် ဒေါက်ဂလပ် ရဲ့ ရှုမငြီး တဲ့ ချစ်ဇနီး အန်း ဒေါက်ကလပ် ဟာ အသက် ၁၀၂ နှစ် အရွယ်မှာ ကွယ်လွန်

သွားလေသူ မင်းသားကြီး ကာက် ဒေါက်ဂလပ် ရဲ့ ရှုမငြီး တဲ့ ချစ်ဇနီး အန်း ဒေါက်ကလပ် ဟာ အသက် ၁၀၂ နှစ် အရွယ်မှာ ကာလီဖိုးနီးယား ပြည်နယ် ဘီဗာလီ ဟေးလ် မှာ ကွယ်လွန် သွားခဲ့ပါတယ်။

သူတို့နှစ်ဦး ဟာ ၁၉၅၃ ခုနှစ် ပါရီမှာ တွေ့ဆုံခဲ့ ပြီး လစ်ဗေးဂတ်(စ) မှာ လက်ထပ်ခဲ့ တာဖြစ်ပါတယ်။

အိမ်ထောင် သက်၆၆ နှစ်ကျော် ကြာပြီး ပီတာနဲ့ အဲရစ်ဆိုတဲ့ သားနှစ်ဦး ထွန်းကား ခဲ့ပြီး နှစ်ဦးလုံးဟာ ဖျော်ဖြေရေး အနုပညာရှင် http://www.the-fng.com တွေဖြစ်ပါတယ်။

အခုကက်သရင်း ဇီတာဂျုံး နဲ့ လက်ထပ် ထားတဲ့ မင်းဘားကြီး မိုက်ကယ် ဒေါက်ဂလပ် ကတော့ ကာက် ရဲ့ ပထမ အိမ် ထောင် ဒိုင်ယာနာ ဒေးလ် နဲ့ ရတာဖြစ် ပါတယ်။

မနှစ်က ဖေဖော် လ ၅ ရက်နေ့မှာ အန်းရဲ့ ဘ၀ကြင်ဖော် ကာက် ဟာ အသက် ၁၀၃ နှစ် မှာ ကွယ်လွန် ခဲ့ပါတယ်။

မင်းသားကြီး ကာက် ဒေါက်ဂလပ် ဟာ ရုပ်ရှင် ကားပေါင်း မြောက်များစွာ ရိုက်ကူး ခဲ့ပြီး ၁၉၆၀ မှာ ရုံတင် ခဲ့တဲ့ ကျွန်သူပုန် ခေါင်း ဆောင် စပါတာ ကတ် ဇာတ်ကား မြန်မာ ပရိသတ် တွေ အသဲစွဲ ခဲ့ပါတယ်။

ကျွန်သူပုန် စပါတာ ကတ် ရဲ့ အရေးတော်ပုံ ဟာ ၁၉၆၀ ပြည့် လွန် ကနေ ၁၉၈၈ ထိ မြန်မာ့ ဒီမိုကရေး လှုပ်ရှား သူတို့ ကို ခွန်အားဖြစ် စေခဲ့ တဲ့ ကားလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကား ကို အာဏာ သိမ်း ဗိုလ်ချုပ်ကြီး နေဝင်းက ပြည်တွင်း မှာ မပြသဖို့ မြန်မာ့ ရုပ်ရှင် ထုတ်လုပ် ရေး ကို ညွှန် ကြား ခဲ့ပေမယ့် နောက်တော့ကာ ဘယ်လို စိတ်ပြောင်း သွားခဲ့သလဲ ဆိုတာ ဘယ်သူ မှမသိကြ ရ ကာ ၁၉၆၅ ခုနှစ် မှာ ပလေဒီယံ ရုံမှာ တင်ခဲ့ပါတယ်။

ပပဝင်းရုံမှာ ရွှေပွဲလာ တွေနဲ့ ကြိတ်ကြိတ် တိုးခဲ့ပြီး သုခုမ ဒေါ်နန်း က ဆိုရင် အထူးပွဲပြသ တဲ့နေ့မှာ အာဏာရှင် ဦးနေ၀င်း ကိုယ်တိုင် သူ့ရဲ့ အနီးနောက် ခံမှာ ရွှေရောင် ကြယ်ငါး လုံးတပ် မာစေး ဒက်(စ) ကား နဲ့ လာရောက် ကြည့် ရှုခဲ့ တယ်လို့ ပြောဖူးပါတယ်။