မြန်မာ စစ်ကောင်စီ က ကချင် မြေမှာ ဓာတု လက်နက် အသုံးပြုပြီး တိုက်ခိုက်

မေလ ၆ ရက် ကြာသပတေး နေ့ နံနက် (အာလောဘွမ် တောင်ကုန်း)

ပျဉ်းကတိုး ပင် အောက်မှာ မောင်ကျော် တို့ ကချင် လွတ်မြောက်ရေး တပ်မတော် တပ်စိတ် ခဏ နားနေ တုန်း မြန်မာ စစ်ကောင်စီ ရဲ့ လေတပ်က တိုက်လေယာဉ် တစ်စီး အာလောဘွမ် စခန်း ကို ဒုံးလက်နက် များ ဖြင့် ပစ် ခတ်သွား သည်။

ပထမ ပစ်လွှတ် လိုက် သည့် ဗုံးများက စခန်းအနီး တစ်ဝိုက်ကို ထိမှန် ပေါက်ကွဲ သွားပြီး နောက် မီးခိုး မီးတောက် များ တက် လာသည်။ နောက်တစ်ခါ ပျံဝဲလာသည့် ထိုတိုက်လေယာဉ်က နောက်ထပ် ဗုံးလေးလုံးအား ပထမ တိုက်ခိုက် ထားသည့် နေရာအနီးတဝိုက် တွင် ထပ်မံ ကျဲချ လိုက်သည်။ သည် ဗုံးများ ကျရောက် ပေါက်ကွဲ သည့် နေရာမှာ မောင်ကျော် တို့ တပ်စိတ် နှင့် နှစ်မိုင် လောက် သာဝေးသည်။ ထိုဗုံးများ က ဆူညံသည့် ပေါက်ကွဲသံ ထွက်မလာ၊ သာမန် အသံဗုံးလောက်သာ ပေါက်ကွဲပြီး၊ ခရမ်းရောင် နှင့် အဝါရောင် မီးခိုး လုံးများ ထွက်လာသည်။

မောင်ကျော် နှင့် အတူ တပ်စိတ် တစ်ခုလုံး က အမျိုးအမည် မသဲကွဲ သော ထိုမီးခိုး များကို ငေးကြည့် နေစဉ် စလောင်း ကုန်း တွင် ထိုင်သည့် စစ်ပွဲ အတွေ့အကြုံများ သည့် တပ်ခွဲမူး သောမတ်(စ) ထံမှ ညွှန်ကြားချက် စကားပြောစက် မှ တစ်ဆင့် ရောက်လာသည် ။

မြန်မာ တပ်မှ ဓာတု လက်နက် သုံးနေပြီ ဓာတု လက်နက် ပေါက်ကွဲ မူတွေနဲ့ အဝေးဆုံး မှာ နေဖို့ ဖြစ်သည်။ နောက်တစ်နေ့ ကျမှ မောင်ကျော် တို့ သိရသည်မှာ မြန်မာ စစ်ကောင်စီ က မိုးမောက် မြို့ အနီးမှာပင် ဓာတု လက်နက် သုံးပြီး ရွာတစ် ချို့ ကို တိုက်ခိုက် သွားသည် ဟုသိရသည်။ လူနှင့် ကျွဲနွား အရေပြား တွေ မီးထိ ထားသလို ဆုတ် ကုန် ပြီး ခြေလက် များ ထုံကျင် ကာ အော့အန် ကြသည် ဟု သိရသည်။

မေလ ရ ရက် သောကြာနေ့ (အာလောဘွမ် စခန်း အနီး)

မြန်မာ စစ်တပ်မှ မနေ့က ကျဲချ ခဲ့ သည့် ဗုံးဒဏ် ကြောင့် ကချင် လွတ်မြောက် ရေး တပ်မတော် မှ တပ်ဖွဲ့ဝင် အချို့ သေဆုံးခဲ့ သည်။ အချို့ အရေပြား တွေ စုတ် ပြတ် ပြီး သေဆုံး ကုန်သည်။ ကျွန်း ပျဉ်းကတိုး ပင်များတွင် တွယ်ကပ် ပေါက်နေ သည့် သစ်ခွ နှင့် နွယ်ပင် များ ရှိ သစ်ရွက် များမှာ မူ ဓာတု အဆိပ် လက်နက် ဒဏ် ကို ခံနိုင် ရည် မရှိသည့် အလျား ညှိုးလျှ ကုန် သည် ဟု မောင် ကျော် က FNG ကို ပြောသည်။

ဓာတု လက်နက် ဖြင့် ဗုံးကြဲ တိုက်ခိုက် ခံရသည့် နေရာ များ ရှိ လေကို ရှုရှိုက် ရသည် မှာပင် အော့အန် ချင် သလိုလို မျက်လုံး တွေ စပ်လာ သလိုလို ဖြစ်လာသည်။ ကြွက်သေ များ မူးမော် နေ ၍ မ ပျံ နိုင် တော့ သည့် ငှက်များ အရေပြား များ စုပ်ပြတ် ကာ သေနေသည့် ချေ နှင့် တောဝက် များ ကို လည်း တွေ့ရသည် ဟု မောင်ကျော် က FNG ကို ပြောသည်။

အထူး သဖြင့် မြေတွင်း အောင်း သတ္တဝါ များ မှာ မြေပေါ် တွင် သေသူ က သေ နှင့် တွင်း ထဲသို့ ပြန်မဝင် တော့ ဘဲ ပြေးသူ က ပြေးနေ ကြခြင်း မှာ အဆိပ် ဓာတ်ငွေ့ လက်နက် ဒဏ် ဆို တာ မောင် ကျော် တပ်အပ် သိလိုက် ရသည်။

၂၀၁၉ ခုနှစ်က အမေရိကန် ထောက်လှမ်းရေး အစီရင် ခံစာ တစ်ရပ်တွင် မြန်မာ စစ်တပ် က ဓာတု လက်နက် များ သိုလှောင် ထားရှိသည် ဟု ဖော်ပြထားရာ မြန်မာ စစ်တပ် က ငြင်းခဲ့သည်။

မြန်မာ သည် ဓာတု လက်နှက် များ ကို ကိုယ်တိုင် ထုတ်ပြီး ဆိုဗီယက် နိုင်ငံဟောင်း များ မှ လည်း ဝယ်ယူ သည် ဟု အစီရင်ခံစာ တွင် ဖော်ပြထား သည် ဟု Freedom News Group မှသိရသည်။