အင်းစိန် ထောင်တွင်း ဖမ်းဆီးထားသူ များ၏ ဒဏ်ရာများမှ ပြည်တည် ၍ လောက်များပင် ကျနေ သည် ကို ဆေးကုမပေးဘဲ ပစ်ထားသည် ဟု လက်တလော ပြန်လွတ်လာသူ တစ်ဦး ၏ ပြောပြချက် အရ FNG မှတ်ရသည်။
စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြ အမျိုးသားတစ် ဦး ကို မတ်လ ၂၇ ရက် နေ့ ကတည်း က ဖမ်း ထားရာ ခြေထောက် တွင် ကျဉ် များ ထိထား သော ကြောင့် ပုပ်ပွနေသည် ကို တစ်လခန့် ထားကာ ယခု မေလ ဆန်းမှ ခြေထောက် ဖြတ် ပေးပြီး နောက် ဆေးကုသမှု မပေးကာ ပတ်တီး သာစည်း ပေးထားသည် ဟု သိရသည်။
တိုက် အကျဉ်း ခန်း တစ်ခုတွင် ၁၅ ယောက် ခန့် စုပြုံ ထည့်ထားကာ အမှတ် ငါး တိုက် တွင် ဆန္ဒပြ မှု များ ဖြိုခွဲရာ မှ ဒဏ်ရာ ရ လာသူ များကို ထားရှိသည် ဟု သိရသည်။
အစာရေစာ မလင် ကျွေးထားပြီး ရံဖန်ရံခါ ထမင်း တစ်နပ် နှင့် တာလပေါ သာစားရသည် ဟု သိရသည်။
အမည် မဖော်လို သည့် အင်းစိန် အကျဉ်းထောင် ၀န်ထမ်း တစ်ဦးက ပြောပြသည် မှာ ၂ တိုက် ခေါ် ကြိုးတိုက် ထဲတွင် ဖမ်း ဆီး ထားသူ များကို တစ်ပတ် တစ်ခါ သာ ရေချိုးချ (ရေချိုးခွင့်) ပေးသည် ဟု သိရသည်။
သရုပ်ဆောင် ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် ကို သီးသန့် ထောင် တွင်း ဖမ်းဆီး ထားသည် ဟု သိရှိရသည်။
ဖမ်းဆီးထား သည့် အမျိုးသမီး များမှာ ဓမ္မတာ အတွက် လဲလှယ် ခုခံရန် အဝတ် အထည် ပင်မရရှိ ဟု သိရသည်။
ဖမ်းဆီးထားသူ များအနက် အချို့ ကို ညအချိန် တွင် တိုက်ခန်း များမှ ခေါင်းစွပ် ဖြင့် ခေါ်ဆောင် ကာ ဝိုင်းဝန်း ကန်ကျောက် နှိပ်စက် ပြီး လူမဆန်စွာ စစ်ဆေး ခဲ့သည် များ လည်း ရှိကာ အချို့မှာ နှိပ်စက် ဒဏ် မခံနိုင်၍ သတ်လိုက်ပါ တော့ ဗျာ ဟု ငိုယို တောင်းပန် နေသည် ကို တွေ့ရှိခဲ့ ရသည် ဟု လတ်တလော ပြန်လွတ် လာသူတစ်ဦး က ပြောသည်။
ဖမ်းဆီး ထား သည့် မိန်းခလေး အချို့မှာ လိင်ပိုင်း အစော်ကားခံရ ပြီး ကိုယ်လုံး တီး ချွတ် ကာ စစ်ဆေး ခံရခြင်း နှင့် မိန်းမ အင်္ဂါစပ် ကိုပါ ရိုက်နှက် ကာ စစ်ဆေးခံရ ခြင်းများ ရှိသည် ဟု Freedom News Group မှ တိကျခိုင်ခုံ လုံသည့် အကျဉ်းဦးစီးဌာန မှ အရာရှိ အဆင့် သတင်း ရင်းမြစ် ကို ကိုးကား ပြီး သိရပါသည်။
မိန်းကလေး များ ကို ကြမ်းပြင် တွင် မှောက် ခိုင်း ထားပြီး တက်ခုန် သည် များ ဆံပင် ရှည် ကိုကိုင် ၍ အကြိမ်ကြိမ် ဆွဲဆောင် သည့် နည်းများ ဖြင့် လူမဆန်စွာ နှိပ်စက် ခြင်း ကို သုံးသည် ဟု သိရသည်။
မိန်းကလေး များကို ဆံပင်ဆွဲကာ ပါး ဘယ်ပြန် ညာပြန် ရိုက် ၍ စစ်ဆေးပြီး အချို့မှာ ဆီးခုံ ကို စစ်ဆေး စဉ် စောင့် ကန် ထားသော ကြောင့် ဆီးသွား လျှင် ပင် နာကျင် သည့် ဝေဒနာ ကို ပြင်း ထန်စွာ ခံစား ရသည် ဟု FNG မှသိရသည်။
မတ်လ ၂ ရ ရက်နေ့က လှိုင်သာယာ မြို့မှ ဖမ်းဆီး ခံထားရ သူ တစ်ဦးမှာ တစ်ကိုယ် လုံးတွင် ဒဏ်ရာ များဖြင့် ပြည့်နေ ပြီး မျက်နှာမှာလည်း ဖူးယောင်ကာ မျက်လုံး ပင် ဖွင့်မ ရ တော့ သော်လည်း သူ့ ကို နေ့စဉ် နီးပါး နှိပ်စက်ကာ တရုတ် စက်ရုံ မီးရှို့သူ ကို မေးမြန်း ခဲ့ကြပြီး တစ်ရက် တွင် သူသည် သူ့အကျဉ်း ခန်း ထဲသို့ ပြန်မလာ နိုင် တော့ ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ထဲမှ ဖမ်းထားသူ အချို့ ကို မိသားစု နှင့် သော် ၄င်း တွေ့ခွင့် မပေး သလို ဆေးကုသခွင့် မပေး ဟု လည်း သိရသည်။
