မင်းတပ်မှာ အဖြစ်မဲ့ ပြည်သူ ၁၀၀ လောက် အသတ်ခံရ၊ လမ်း ပေါ်မှာ မုဒ်မ်းကျင့်

မင်းတပ် မြို့ကို စစ်ကောင်စီ တပ်က သိမ်းပိုက် စနိုက်ပါ လက်နက်ကြီးနဲ့ လူ့သား ဒိုင်း လုပ်ပြီး နောက် သက်ပစ်မှု ကြောင့် အနည်း ဆုံး ၁၀၀ ကျော် သေ၊ ၁ဝဝ ကျော် ဖမ်း ခံထားရ၊ ယနေ့ည အိပ်ထဲက လူတွေကို အိမ်ပြင် ခေါ်ထုတ်ပြီး လမ်းပေါ် မှာ မှောက် ခိုင်း ထား၊ အိမ်တွေထဲဝင် ရောက် ဖျတ်ဆီး၊ ပစ္စည်းတွေ ခိုးဝှက်လုယက်၊ CDF အောင်မြင်စွာ ဆုတ်ခွာ စစ်သား ၁၄ ဦး သေ ဟု FNG က သတင်းရရှိသည်။

စစ်ကောင်စီ တပ်တွေက ဖမ်းထား တဲ့ မိန်း ကလေး အချို့ ကို လမ်း ပေါ်မှာ ပင် မုဒိမ်း ကျင့် တာ ရှိတယ် လို့ FNG ကသိရပါတယ်။

မင်းတပ် မြို့ထဲက အမျိုးသား အားလုံး ကို စစ်တပ် က ဖမ်း ထားတာ ဖြစ်ပြီး အိမ် တွေထဲထိ တံခါး ကို ချိုး ဖျက် ပြီး ၀င်ရောက် ဖမ်း ဆီး တာဖြစ် ပါတယ်။

ဖမ်းဆီးထားစဉ် ဒဏ်ရာရ သူများ ကို လည်း ဆေးကုသခွင့် မပေး ဟု သိရသည်။

စစ်တပ်က က ရဟတ် ယာဉ် ရှစ်စင်း ဖြင့် အင်အား ထပ်မံ ဖြည့် တင်း ပြီး နောက် မနက် မိုးလင်း ကတည်း က လက်နက်ကြီး အကြိမ် ၁ဝဝ ကျော် ပစ်ခတ် သလို ဂျက်တိုက် လေယာဉ် ဖြင့် လည်း ကူပစ် ပေးကာ သိမ်း ယူလိုက် ခြင်း ဖြစ်သည်။

ကလေး  တွေ ကို ပါ ပစ်ခတ် ဖမ်းဆီး တာ ရှိတယ် လို့ FNG ကသိရပါတယ်။

freedomnewsgroup