မုံရွာမြို့ ရဲ့ နိုင်ငံရေးသမား ကဗျာ ဆရာနဲ့ ပရဟိတ သမား ဦးစိန်ဝင်း နွမ်းပါးသူများ အတွက် အလှူငွေ ကောက် ခံနေစဉ် ဓာတ်ဆီ လောင်း ပြီးမီးရှို့ သတ်ခံရ သည်ဟု မုံရွာမြို့မှ လူမှုကွန်ယက် အဖွဲ့ များတွင် ဖော်ပြထားသည်။
ဓာတ်ဆီတွင် အားပြင်း ဓာတု ပစ္စည်း တစ်မျိုးကို ထည့်ထားပြီး စစ်ကောင်စီ တပ်သား နှစ်ဦး က အရပ် ဝတ်ဖြင့် လုပ်ကြံ သွားသည်ဟု FNG မှသိရသည်။
ဦးစိန်ဝင်း ကိုယ်တွင် မီးစွဲ လောင် နေစဉ် အနီးအနား မှ လူများက ငြိမ်း သတ် သော်လည်း လုံးဝ ငြိမ်း သတ်ခြင်း မရှိဟု သိရသည်။
ဓာတ်ဆီ နှင့် ဓာတု မှာ မီးသဂြိုဟ် စက်များ တွင် အသုံးပြုသော ပိုတက်ဆီယမ် သုံး အင်အား ပြင်း မီးလောင် ဓာတု ပစ္စည်း တစ်မျိုး ဖြစ်သည့် အယ်ကာလိုင်း ဟိုင်ဒရိုလော ဆစ် ဟု ယူဆရ ကြောင်း ဦးစိန်ဝင်း ၏ လုပ်ဖော် ကိုင်ဖက် တစ်ဦးက FNG ကို ပြောသည်။
အယ်ကာလိုင်း ဟိုင်ဒရိုလော ဆစ် သည် အင်အား ပြင်း လျှင် အရိုးများပါ လောင်ကျွမ်း ပျ ကျ စေရန် ဖန်တီး ထား သည် ဟု သိရသည်။ အယ်ကာလိုင်း ဟိုင်ဒရိုလော ဆစ် မှာ လူ့ ခန္တာ ကိုယ် ကို မီးသဂြိုဟ် ရာတွင် အသုံးပြုသည့် ဓာတု ဗေဒ အခေါ် အဝေါ် တစ်ခု မျှသာဖြစ်ပြီး ပါဝင်ပစ္စည်း များ မှာ ပိုတက်ဆီယမ် နှင့် နိုက်ထရိတ် ၆ တို့ ပါဝင်သည်။ ၎င်း ကို ဓာတ်ဆီ ဒီဇယ် သို့မဟုတ် ဓာတ်ငွေ့ နှင့် တွဲသုံးရသည်။
