ပဲခူးမြို့ အတွင်း မှာ ကင်းစောင့် ဖို့ ကိစ္စ တပ်က ဗိုလ်ကြီး နဲ့ အခြေအတင် စကားများရာမှ ဒု ရဲမူးကြီး အောင်ခိုင် ပစ်သတ်ခံရ

ပဲခူးမြို့ အတွင်း မှာ စစ်တပ် က နေရာအချို့ ပြန်ရုပ်မယ် ရှာဖွေ ရေး စခန်း တွေက လည်း ပြန်ရုတ် မယ် ရှေ့တန်း သွားဖို့ ရှိတယ် ရဲအင်အား ပို့ချ ထားဖို့ ညွှန်ကြား ချက် ပေးတဲ့ အင်းတကော် တပ်နယ်က ဗိုလ်ကြီး မျိုးအောင်လှိုင် ကို ကလေးတွေ ၂၄ နာရီ တာဝန် ထမ်း ဆောင် နေရကြောင်း ၊ ရဲအင်အား လည်း မလုံလောက် တော့ ကြောင်း ပြန်စောဒက တက်မိတဲ့ ဒုတိယ ရဲမူးကြီး ဟာ ပဲခူး တိုင်း ဒေသကြီး ရဲတပ် ဖွဲ့ မှူး ရုံး ရုံးခန်း ထဲမှာ ပဲ သေနတ် ပစ်ခတ် ခံရပေမယ့် ကျဉ် ထိမှန် မှ မရှိဘဲ နှလုံး ရောဂါ နဲ့ သေ ရတာ ဖြစ်တယ် လို့ FNG ကစုံစမ်း သိရှိရပါတယ်။

တကယ်ဖြစ် တာက ၁၄ ရက် နေ့ ညမှာ အင်းတိုင် က တပ်တွေ ပြန်ဆုတ်ဖို့ ပဲခူး တိုင်းရုံး ကို တပ်မှူး အမိန့် စာ ယူလာပြီး ဗိုလ်ကြီး နှစ်လောက် က အကြောင်းကြား တယ်။ ရဲမူး ကြီး မှာလည်း ပရက် ရှာတွေ များတယ်။ ရဲပြေး တွေ များ တာရော နေ့တိုင်း အလုပ် ဆင်း နေ ရတာရော အဲဒီတော့ သူက ပြန် အော်မိရော ကျွန်တော် တို့မှာ လူမရှိ တော့ ဘူး အရန် အင်အား လည်း ကုန်ပြီ ဖြစ်တဲ့ ပြဿနာ ကြည့် ရှင်း ကြတာပေါ့ လို့ ပြန် ပြော လိုက်မိတယ်။

ဗိုလ်ကြီး နှစ်ယောက် စလုံးက သူ့ အခန်း ထဲက ပြန်ထွက် သွား ရော နောက် မှ ဗိုလ်ကြီး မျိုးအောင်လှိုင် က ဒေါသ မထိမ်း နိုင်ပဲ ပြန်လှည့် လာပြီး ပစ္စတို ထုတ် ပြီး ပစ်လိုက် တာ နောက် တစ်ချက် မှာ ကျန် တဲ့ ဗိုလ်ကြီး က ဆွဲပြီး ရဲရုံး အပြင် ကို ခေါ် ထုတ် လာတာ ကျန်တဲ့ ရဲတွေ က ဝိုင်း လာတော့ အပြင်က စစ်ကား က စစ် သား တွေ က ရဲတွေကို သေနတ် နဲ ပြန် ချိန် ပြီး ဗိုလ်ကြီး နှစ် ယောက် ကို ခေါ် ထုတ် သွားတာလို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ် သူက FNG ကို ပြောပါတယ်။

စစ်တပ် က ဗိုလ်ကြီး က ပစ်လိုက် တဲ့ သေနတ် ကျဉ်ဆံက ဒုရဲမှူး ကြီး ကို အဆွဲ ကောင်း လို့ တိုက်ရိုက် မထိမှန် ပေမယ့် ကျန်ဆန်က စားပွဲ ပေါ်က မှန် ကွဲအက် သွား ပြီးနောက် နှလုံးရောဂါ အခံရှိတဲ့ အတွက် သူဟာ သတိလစ် အသက် ရပ် ကာ နောက် တနေ့ မှာ ရန်ကုန် ပို့ဖို့ စီစဉ် နေချိန် မှာ ဆေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ညာဘက် မက်တပ်ရပ် တတိယ မြောက်လူ