နှစ် ၁၀၀ နီးပါး သက်တမ်းရှိ MGM ရုပ်ရှင် စတူဒီယို ကို အမေဇုန် ကဝယ် မည်

လီယို ဆိုတဲ့ ခြင်္သေ့ ကြီးရဲ့ ဟိန်း သံနဲ့ အတူ ပေါ်ထွက် လာတဲ့ MGM ရုပ်ရှင် ကုမ္ပဏီ ရဲ့ အမှတ် တံဆိပ် ကို ဟောလိဝုဒ် ရုပ်ရှင် ချစ်သူတွေ သိပြီး ဖြစ်မှာပါ။

ဂျိမ်း(စ) ဘွန်း ဇာတ်ကား တွေ ၊ Fargo ရုပ်ရှင် နဲ့ တီဗွီ ဇတ်လမ်းတွဲ၊ Lord if the ring စတဲ့ နာမည်ကျော် ရုပ်ရှင် ဇာတ် ကား တွေကို ထုတ် လုပ် ဖြန့် ချိခဲ့ တဲ့ မက်ထရို ဂေါ်ဒွင် မိုင်ယာ ရုပ်ရှင် ကုမွဏီ ကို အမေဇုန် က အမေရိကန် ဒေါ်လာ ၈-၅ ဘီလျှံ နဲ့ ဝယ်ယူ တော့မှာ  ဖြစ် ပါတယ်။

အမေဇုန် က ၂၀၁၇ ခုနှစ် မှာ Whole Food ကို ဒေါ်လာ ၁၃ ဘီလျံ နီး ပါးနဲ့ ဝယ်ယူ ပြီး နောက်၊ နောက်ထပ် ငွေကြေး အင်အား အလုံး အရင်း နဲ့ ဖျော်ဖြေ ရေး လုပ်ငန်း မှာ ရင်း နှီး မြုပ်နှံတာ ဖြစ်ပါတယ်။

အမေဇုန် ဟာ အင်တာနက် ကနေ ရုပ်ရှင် ကြည့်လို့ ရတဲ့ Amazon TV ကို တည်ထောင် ခံ့ပြီး ရုပ်ရှင် နဲ့ ဇာတ်လမ်း တွဲတွေ ကို ထုတ် လုပ် ခဲ့ပါတယ်။

Apple ကုမ္ပဏီ ဟာ MGM ကို ဝယ်ဖို့ စဉ်း စား ခဲ့ ပါသေးတယ်။

MGM ကို ၁၉၂၄ ခုနှစ် မှာ တည်ထောင် ခဲ့ပြီး ရုပ်ရှင် ထုတ်လုပ် ရေးသာမက တခြား ဖျော်ဖြေရေး နဲ့ ဟိုတယ် လုပ်ငန်း တွေ ကိုလည်း ပိုင်ဆိုင်ပါတယ်။