အင်းစိန်ထောင်၊ ပုသိမ်ထောင်၊ သာယာဝတီ ထောင်နဲ့ မြောင်းမြ ထောင် အပါအဝင် တစ်နိုင်ငံလုံး နီးပါး က အကျဉ်း ထောင် တွေမှာ နှစ်ရှည် ထောင်ဒဏ် ကျခံ နေရသူ တွေကို စစ်သား သစ် အဖြစ် စတင် စုဆောင်း နေတယ် လို့ အမည် မဖော် လို တဲ့ ပြည်ထဲရေး ဌာန ဝန်ထမ်း တစ်ဦး က FNG ကို ပြောပါတယ်။ တပ်မတော် ရဲ့ အကူအင်အားစု အဖြစ် လိုက်ပါ ဆောင်ရွက် ပေးရင် လက်ရှိ ဖြစ်ဒဏ် ကို လျှော့ပေါ့ ပေးမှာ ဖြစ်ပြီး အနည်း ဆုံး ခြောက်လ အထိ လက်တွဲ လုပ်ဆောင်ပေးရင် လစာ ခံစား ခွင့် ပါရှိမှာ ဖြစ်ပြီး တပ်စိတ်မှူး တွေ၊ တပ်ခွဲမှူး တွေက ထောက်ခံချက် ပေးရင် ပြစ်ဒဏ် ကို ပိုပြီး လျော့ပေါ့ ပေး မှာ ဖြစ်တယ် လို့ ရုံးတွင်း ညွှန်ကြားစာ မှာ တွေ့ တယ် လို့ အဆိုပါ ပြည်ထဲရေး ၀န်ထမ်း က FNG ကို ပြောပါတယ်။
စစ်ကောင်စီ ကို သစ္စာခံတဲ့ တပ်တွေရဲ့ လူမဆန်စွာ ရက်စက် ကြမ်းကြုတ် မှုတွေ ကြောင့် မြန်မာ စစ်တပ် ဟာ စစ်သား သစ် စုဆောင်း ဖို့ ခဲရင်း လာသလို နေ့စဉ် အကျအဆုံး များလာ တာကြောင့် ဘယ်သူ မှ တပ်ထဲ ကို မဝင် ချင်တော့ တာ ဖြစ်တယ် လို့ ရန်ကုန် အခြေစိုက် နိုင်ငံရေး အကျဉ်း သား ဟောင်း တစ်ဦး က FNG ကို ပြောပါတယ်။
အခုလို နှစ်ရှည် ပြစ်ဒဏ်ကျ အကျဉ်း သား တွေကို စစ်သား သစ် အဖြစ် စုဆောင်းမှု မစတင် ခင်ကတည်း က ရန်ကုန်၊ ဧရာဝတီ တိုင်း နဲ့ မန္တလေး တိုင်း မှာ ရှိတဲ့ အကျဉ်း ထောင် က အကျဉ်း သား တွေ ကို ထောင် ပြောင်းရွှေ . မှု ပြုခဲ့ ရာမှာ ဘယ်ထောင် မှန်း ရှိမှန်း ကို စုံစမ်း လို့ မရခဲ့ လို့ နောက်ဆုံး ရမည်းသင်း ထောင်ကနေ လက်လျှော့ ပြန် လာရတယ် လို့ အကျဉ်းသား တဦး ရဲ့ ဇနီး က FNG ကို ပြောပါတယ်။
ယခင် စစ်အစိုး ရ လက်ထက် က ပေါ်တာ ဆွဲတာ တွေ၊ ကလေး စစ်သား သုံး တာတွေ၊ ရဲဘက် စခန်း တွေက နေ ရှေ့တန်း တွေ ကို ပို့တာ ရှိခဲ့ ပေမယ့် ဖေဖော်ဝါရီ လ ၁ ရက် စစ်တပ် အာဏာ သိမ်း ပြီး နောက် မှာ အဲဒီ နည်း လမ်း နဲ့ စစ်သား စု ဆောင်း မှု ဟာ မအောင် မြင် လို့ ရပ်တန့် ခဲ့ ရပါတယ်။
စစ်တပ် က အာဏာသိမ်းပြီး ကတည်း က ဒီနေ့ထိ ဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ကြောင့် စစ်ပြေး ၃၀ဝဝ ကျော်လောက် ရှိပြီး ကျဆုံး စစ်သည် ၂ဝဝဝ ကျော် လောက် ရှိနေပြီ လို့ မြန်မာ စစ်တပ် ရေးရာ ကို သီးခြား လေ့ လာတဲ့ X Caliber ဆိုတဲ့ ရန်ကုန် အခြေ စိုက် အုပ်စု က FNG ကို ပြောပါတယ်။
နှစ်ရှည် ပြစ်ဒဏ်ကျ အကျဉ်း သား တွေကို စစ်သား သစ် အဖြစ် မြန်မာ စစ်တပ် က စုဆောင်း မှု ပြုတော့ မှာ တွေ ကို Freedom News Group က သီးခြား အတည် ပြုလို့ မရပေမယ့် သာယာဝတီ ထောင် မှာ နှစ်ရှည် ထောင်ဒဏ် ကျခံ နေရသူ တစ်ဦး ရဲ့ မိသားစု ဝင် တစ်ဦး က တော့ ထောင်ဝင်စာ မှာ ထောင်တွင်း အခြေ အနေ ဘာမှ မေး လို့ မရဘူး၊ တစ်ဘက် က လည်း ဘာ မှ ပြောခွင့် မရှိဘူး မကြာခင် ထောင် ပြောင်း တော့ မယ် လို့ ပဲ သိရတယ် လို့ ပြောပါတယ်။
မြန်မာ စစ်တပ် ဟာ အာဏာ သိမ်းပြီး ကတည်း က ဗိုလ်သင်တန်း တောင် တက်ရောက် မဲ့ သူ မရှိတော့ တဲ့ အဖြစ် နဲ့ ကြုံ နေရတာ ဖြပါတယ်။
မြန်မာ စစ်တပ် ရေးရာ ကို သီးခြား လေ့ လာတဲ့ X Caliber က မိုးမကျ ခင် နဲ့ မိုးဦး မှာ မြန်မာ စစ်တပ် က လူသစ် စု တ ယ် မိုးတွင်း ကာလ မှာ သင်တန်း ပေးပြီး ပွင့်လင်း ရာသီ မှာ ရှေ့တန်း ကို ပို့ တယ် လို့ FNG ကို ပြောပါတယ်။
