ကိုးဆယ် ပြည့် လွန် နှစ်တွေ ကတည်း က မြန်မာ ပြည် က ကြေးရတတ် တစ်ချို့ အမေရိကန် ပြည်ထောင်စု မှာ နေထိုင် အခြေချ ချင် တဲ့ အခါ ညှိုနှိုင်း အပေးအယူ ဖြစ်တဲ့ စျေးကွက် တစ်ခုဖြစ် ပါတယ်။
သူ့ရဲ့ သတို့ သား လောင်း ကို ဒေါ်လာ တစ်သောင်း နဲ့ ဈေး အမြင့် ဆုံး ပေးကာ လက်ထပ်ခဲ့ ရတယ်လို့ အမေရိကန် မှာ အခြေစိုက် သူ မြန်မာ ခင်ပွန်း လောင်း နဲ့ လက်ထပ် ခဲ့ ပြီး ကာလီဖိုး နီးယား မှာ လက်ရှိနေ ထိုင် သူ မြန်မာ အမျိုး သမီး တစ်ဦး က FNG ကို ပြောပြပါတယ်။ အဲဒီတုန်း က ဒေါ်လာ ၅၀၀၀ လောက်ပဲ ပေါက်ဈေး ရှိတယ်။ ဒါပေမယ့် သူက ဒီက ဘွဲ့ ရ အလုပ်အကိုင် လဲ ကောင်း ဆို တော့ ကျွန်မ မိဘ တွေ က ပိုပေး ပြီး ယူ ဖြစ် တာ ပါလို့ ပြောပါတယ်။
သမ္မတ ဒေါ်နယ် ထရမ့် လူဝင်မှု စည်းမျဉ်း တွေက လည်း တင်းကျပ်မှုလုပ်၊ ခရီး သွား လာခွင့် ပိတ်ပင် တဲ့ နိုင်ငံ တွေထဲ မှာ မြန်မာ နိုင်ငံ လည်း ထပ်တိုး စရင်း နဲ့ ပါလာတဲ့ အခါ မြန်မာ အခေါ် လင်တု မယား တု စျေးကွက် ဟာ ဒေါ်လာ တစ်သောင်း ကနေ နှစ်သောင်း ထိပေါက် နေ ရာကနေ ဒေါ်လာ ငါးသောင် ထိတောင် ၂၀၁၇ ခုနှစ် မှာ ဈေး မြင့် တက်ခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်(စ) ကာလ မှာ ဒီစျေးကွက် ဟာ အနည်း ငယ်အေး စက်ပြီး နောက် မြန်မာ နိုင်ငံမှာ စစ်တပ်က အာဏာသိမ်း တစ်ခါ ပြည်တွင်း စစ်ပွဲ လိုပုံစံ တိုင်း ပြည် အခြေအနေ တွေ မငြိမ် သက် တဲ့ အခါ မြန်မာ ပြည်က ချမ်းသာ ကြွယ်ဝသူ အားလုံး နီး ပါးလောက် ဟာ သူတို့ရဲ့ သားသမီး တွေကို အနောက် နိုင်ငံ တွေ အထူး သဖြင့် အမေရိကန် ပြည် ထောင်စုမှာ အခြေချ နေထိုင် နိုင် ဖို့ ဒေါ်လာ သိန်း နဲ့ ချီပြီး သုံး လာကြတယ် လို့ သိရပါတယ်။
ထင်ရှား တဲ့ မြန်မာ ပြည် က ကြေး ရတတ် တစ်ယောက် ဟာ သူ့ရဲ့ သမီး ဖြစ်သူ အမေရိကန် မှာ အခြေချ နေထိုင် နိုင် ရေး အတွက် ယုံကြည် စိတ် ချရလောက် တဲ့ သတို့ သား လောင်း ကို ဒေါ်လာ တစ်သိန်း ကျော် နဲ့ ကမ်းလှမ်း ခဲ့ရာ မှာ နှစ်ဦး သဘော တူ ခဲ့ပြီး မကြာခင် လက်ထပ် ယူ တော့ မယ်လို့ FNG ကသိရပါတယ်။

မြန်မာ နိုင်ငံရေး မတည်ငြိမ် မှုနဲ့ ကျယ်ပြန့်လာမယ့် ပြည်တွင်း စစ်ကြောင့် မြန်မာ ပြည် က ကြေး ရတတ်တွေဟာ ပြည်ပ နိုင်ငံ တွေမှာ အခြေစိုက် ဖို့ ရွေးချယ် တဲ့ ကိုရိုနာ ဗိုင်းရပ်(စ) ကို သမ္မတ ထရမ့် ရဲ့ ကျေးဇူး ကြောင့် အောင်မြင်စွာ ထိမ်း ချုပ် နိုင် ခဲ့ တဲ့ အမေရိကန် ကို ပဲ ဦး စား ပေး ရွေးချယ် ကြပါတယ်။
