မနက်ဖြန် ဘရူနိုင်း နိုင်ငံ ဘန္ဒာ ဆရီ ဘဂ္ဂဝန် မြို့ မှာ ကျင်းပမယ့် ၃၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး စည်းဝေးပွဲ အတွက် နိုင်ငံခြား ရေး ညွှန်ကြားရေးမှူး ဟောင်း ဦးချမ်းအေး ကို ဖိတ်ကြား ထားတယ် လို့ ဂျာကားတား က လာတဲ့ သတင်း တွေမှာ ဖော်ပြထား ပါတယ်။
နှစ်ရက်ကြာ ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေး ပွဲ မှာ မြန်မာ အာဏာသိမ်း စစ် ခေါင်းဆောင် ကို ဖယ်ထုတ် ထား ခဲ့ ပြီးနောက် နိုင်ငံရေး နဲ့ မသက်ဆိုင်တဲ့ အရပ်သား တစ်ဦး ကို ဖိတ်မယ် လို့ အာဆီယံ က ပြောခဲ့ ပါတယ်။
နိုင်ငံခြားရေး ဒုညွန်ကြားရေးမှူးဟောင်း ဟာ စစ်တပ် က အာဏာ သိမ်းပြီး နောက် နေပြည်တော် က ရုံးမှာ ဖမ်းဆီး ခံခဲ့ ရသူ ဖြစ်ပါတယ်။
ဒုညွန်ကြားရေးမှူးဟောင်း ဦးချမ်းအေး တက်ရောက် မယ် မတက် ရောက် ဘူး ဆိုတာ ကို တော့ ရှင်းရှင်း လင်းလင်း မသိရသေး ဘူး လို့ သတင်း က ဆိုပါတယ်။
