မြန်မာ နိုင်ငံ ရဲ့ သမိုင်း တစ်လျှောက် လုံး မှာ ဆန်စပါး နဲ့ အခြား ကောက်ပဲ သီးနှံ ရရှိရေး အတွက် နည်း မျိုးစုံ နဲ့ နှစ် ပေါင်း ထောင် နဲ့ ချီကာ လုပ် ကြွေး ခဲ့ တဲ့ ကျွဲနွား တွေ ကို အကြေင်း မဲ့ သတ်ဖြတ် တာ ရပ်ဖို့ ဧရာဝတီ တိုင်း နဲ့ ပဲခူး တိုင်း က လယ်သမား တွေ က တောင်း ဆို လိုက် ပါတယ်။
ပဲခူးတိုင်း သာယာဝတီ မြို့နယ် က လယ်သမား ကြီး တစ်ဦး ကတော့ တိုက်ပွဲ တွေထဲ မှာ မီးလောင် ပြီး သေနေတဲ့ နွားတွေ၊ ကျဉ်ထိ ပြီး သေနေ တဲ့ နွားမိသားစု တွေ ကို ကြည့် ရတာ စိတ် မသက် သာ လှဘူး ဒီနွားကြီး ကျွန် တော် တို့ ကို လုပ်ကျွေး ခဲ့ တဲ့ နွားကြီး တွေ ဒီလို အဖြစ်နဲ့ နိဂုံး ချုပ်ရင် ဒီနိုင်ငံ ဘယ် တော့ မှ ကံ ကောင်း မှာ မဟုတ် ဘူး လို့ FNG ကို ပြောပါတယ်။
စက်မှု အရမ်း ထွန်းကား တဲ့ နိုင်ငံ မဟုတ် တာရယ် အခုလို လောင်စာဆီ ဈေး တက်နေချိန် မှာ တောင်သူ ဦးကြီး တွေက လယ်ထွန် စက် ထက် ကျွဲနွား တွေကို ပဲ အား ကို နေရ တာ ဖြစ်ပါတယ်။
ခိုင်းနွား ကောင်း တစ်ကောင် ဖြစ်ဖို့ နှစ်နဲ့ ချီကြာ ပါတယ်။ နွားကောင်း တစ်ကောင် ဆုံးရှုံး သွားရင် လယ်ယာ လုပ်ငန်း ကို အရမ်း ထိခိုက် တယ်။ ဘယ်နွား တွေ ကို မှ မသတ်ဖြတ် ဖို့ အားလုံး ကို တောင်း ဆို ပါတယ် လို ပြင်စလူ ရပ်မှာ လယ်သမား တစ်ဦး က Freedom News Group ကို ပြောပါတယ်။
မြန်မာ နိုင်ငံ ရဲ့ လယ်ယာ နဲ့ ကောက်ပဲ သီးနှံ ထုတ်လုပ် ရေး ကဏ္ဍ ရဲ့ ထက်ဝက် ကျော် က ကျွဲနွား စတာ တွေ ပဲ ဆက် အား ပြု နေ ရဆဲ ဖြစ်ပါတယ်။
ပန်းချီ Art by Mike Schultz Studios
