စစ်တပ်က အာဏာ သိမ်းပြီး ကတည်း က ယနေ့ အထိ ကျောက်စိမ်း တန် ချိန် ၃၀၀ဝ ကျော် ပြည်ပ ကို နည်း အမျိုးမျိုး နဲ့ ခိုးထုတ် ရောင်းချပြီး ဖြစ်တယ် လို့ အမည် မဖော် လို တဲ့ ကျောက်စိမ်း ဈေးကွက် ကျွမ်းကျင် သူ တစ်ဦး က FNG ကို ပြောပါတယ်။
မှောင်ခို ကျောက်စိမ်း တန်ချိန် ၁၅၀၀ ကျော်လောက် ဟာ တရုတ်ပြည် ဖက် က ဝယ်လက် တွေ ကို ရောင်းချ ခဲ့ တာ ဖြစ်ပြီး ကျန်တာ တွေက တော့ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ် စျေးကွက် ထဲကို ရောက်ရှိသွား တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ထဲမှာ ဥရောပ စျေးကွက် ထဲ ရောက်လာတဲ့ မြန်မာ ကျောက်စိမ်း တွေဟာ လေကြောင်း လမ်း က နေ တစ်ဆင့် ဘီလာရုဇ် နဲ့ မော်စကို ကို ဖြတ်ပြီး အနောက် ဥရောပ ကို ရောက်ရှိ သွား တာပါ။
အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒေါ်ကြူကြူ လှ တို့ ဝယ်ထား တဲ့ မော်စကို မြို့ နား က ကန် ဒေါ်လာ ၁၅ သန်း ခန့် တန် တဲ့ အိမ်ကြီး မှာ ဆိုရင် ၂၀၂၁ ခုနှစ် ဇွန်နဲ့ ဇူလိုင် လ အတွင်း အရည် အသွေး ကောင်း တဲ့ ကျောက်စိမ်း နဲ့ အခြား ကျောက်မျက် ရတနာ လေး တန် လောက် ကို လေယာဉ် နဲ့ ပို့ ဆောင် ခဲ့ တယ် လို့ Freedom News Group က သိရပါတယ်။
စစ်တပ် က အာဏာ သိမ်းပြီး နှစ် လ ကျော် အကြာ ဟောင်ကောင် မှာ ပြုလုပ် တဲ့ Southeby ရဲ့ လေလံပွဲ
မှာ မြန်မာ့ ကျောက်စိမ်း လက်ကောက် ဟာ ဒေါ်လာ သုံးသန်း ထိ ဈေး ရရှိ ပြီး နောက် တရုတ် နဲ့ ဟောင်ကောင် ဝယ်လက် တွေဟာ မြန်မာ့ ကျောက်စိမ်း ကို ပိုအာရုံ စိုက်ပြီး ထွက် သလောက် ဝယ် တဲ့ အထိ ဖြစ်ခဲ့ ပါတယ်။
စစ်တပ် က အာဏာ သိမ်း ပြီး ခြောက် လ အကြာမှာ ယခင် စစ်ခေါင်း ဆောင် ဟောင်း ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ ရဲ့ မိသား စု ပိုင်တဲ့ ကြိုင် အင်တာနေရှင်နယ် ကုမ္ပဏီဟာ တရုတ်ပြည် ရှန်ဟိုင်း နဲ့ မကာအို မှာ တရုတ် နာမည် နဲ့ ပဲ ကျောက်မျက် ရတနာ ဆိုင် နှစ်ဆိုင် ဖွင့် လှစ် နိုင်ခဲ့ ပါတယ်။
ယူနန် ပြည်နယ် က ကျောက်စိမ်း ဝယ်လက် တရုတ် စီးပွားရေး သမား အကူအညီနဲ့ ကြိုင်အင်တာနေရှင် နယ် ကုမ္ပဏီဟာ ရှန်ဟိုင်း နဲ့ မကာအို ထိ ခြေလှမ်း ဆန့် နိင် ခဲ့ ပြီး မြို့ တော် ဘေဂျင်း မှာ ပါ ကျောက် မျက် ရတနာ ဆိုင် ဖွင့် ဖို့ စီစဉ် နေတာ ဖြစ်ပါတယ်။
ကြိုင်မိသား စု ရဲ့ ရှန်ဟိုင်း က ကျောက်မျက် ရတနာ ဆိုင် မှာ ဆိုရင် တရုတ် လှပျိုဖြူ ဘွဲ့ရ ပညာတတ် တွေ ကို လစာ ကောင်းကောင်း ပေးပြီး ခန့်ထား တယ် လို့ Freedom News Group က သိရပါတယ်။
တစ်ခါ ဒီဆိုင် က နေ ပဲ မြန်မာ့ ကျောက်စိမ်း တွေ ဟာ တရုတ်ပြည် ထုတ် ကျောက်စိမ်း ဆိုတဲ့ ကုန်သွယ်ခွင့် သဘော တူညီမှု နဲ့ ကနေဒါ နိုင်ငံ ထဲ ကို ၀င်ရောက် သွား ပုံကို နောက် သီတင်း တစ်ပတ် မှာ ဖော်ပြပါ မယ်။
ဒုတိယ ပိုင်းမှာ ကျောက်စိမ်း ကြောင့် အာဏာ သိမ်း ရ တဲ့ အထိ ဖြစ်ခဲ့ ပုံ နဲ့ အာဏာ သိမ်း စစ်ခေါင်း ဆောင် ၁၀ ဦး ရဲ့ ကျောက်စိမ်း က ရတဲ့ အကျိုး အမြတ် နဲ့ ခွဲဝေ ယူ ကြ ပုံ ကို ဖော်ပြ ပါမယ်။
