မုံရွာ ထောင်တွင်း ရှိနိုင်ငံရေး အကျဉ်း သား တွေ ဆန္ဒပြမှု ဖြစ်ပွားပြီး နောက် စစ်တပ် က ထောင်ထဲ ကို ဝင်စီး ပစ်ခတ် မှု တွေ နဲ့ ပေါက်ကွဲ မှု တွေ အပြင်က ကြား နေရတယ် လို့ Freedom News Group က သိရပါတယ်။
ဒီနေ့ မနက် ပိုင်းက မုံရွာ အကျဉ်း ထောင်တွင်း မှာ တို့ ပြည်သူ တွေ ညီရဲ့ လား ဟေ့… စစ်အာဏာ ရှင် စနစ် ကျဆုံး ပါစေလို့ ဆန္ဒပြ ကြွေးကျော် သံတွေ့ ထွက်လာ ပြီး နောက် ညနေ လေးနာရီ မှာ စစ်ကား နှစ်စီး နဲ့ ရဲကား တစ်စီး ထောင်ထဲ ဝင်သွား ပြီး နောက် ပစ်ခတ် သံတွေ ပေါ်လာ တာ လို့ မြို့ ခံ တစ်ဦး က ပြောပါတယ်။
မုံရွာ အကျဉ်းထောင် ထောင်ပိုင် ဇော်၀င်းမြင့် ဟာ နိင်ငံ ရေး အကျဉ်း သား တွေကို ထောင်ဝင်စာ ပိတ်ခြင်း နဲ့ အခြား နှိပ်ကွပ်မှု ကွေ ကြောင့် လူသိများ ပါတယ်။
ဆန္ဒပြ မှု စတင်ချိန် မှာ ပစ်ခတ် သံ ငါးချက် ကြား ရတယ် လို့ သိရပါတယ်။
စစ်ကား ရဲကား နဲ့ မီး သတ်ကား တွေ ၀င်သွား ပြီး နောက် သေနတ် ပစ်သံ အချက် ၇၀ လောက် ထွက် ပေါ်လာ တာ ဖြစ်ပါတယ်။
မုံရွာ မြို့ပေါ် မှာ လည်း ဗုံးပေါက်ကွဲ မှု တွေ ဖြစ်ပြီး စစ်တပ် က ပစ်ခတ် မှု တွေ ရှိနေ တယ် လို့ သိရပါတယ်။
