မနှစ်က ဒီလို အချိန်မှာ တုတ်၊ဓါး၊ လေးခွ၊ တူမီး၊ ယမ်းထိုး သေနတ် ကနေ စခဲ့ တဲ့ မြန်မာ ပြည်သူ တွေ ရဲ့ တော်လှန် ရေး ဟာ တစ်နှစ် အတွင်း မှာ တင်ထား တာထက် ပိုပြီး သိသိသာသာ ခရီး ရောက် ခဲ့ ကြောင့် ထိုင်း စစ်တပ် မှ ဗိုလ်မှူးကြီး တစ်ဦး က FNG ကို ပြောပါတယ်။
ထိုင်း နိုင်ငံ သာ ဆောင်း ယန်း ခရိုင် မှာ တာဝန်ကျတဲ့ ဗိုလ်မှူးကြီး ချာနစ်ရီ (နာမည်လွှဲ) က မြန်မာ့ နွေဦး တော် လှန်ရေး ဟာ ထင်တာ ထက် ပိုပြီး အောင်မြင် နေပုံ ရပြီး စစ်တပ် ရဲ့ ဖိနှိပ် မှု တွေထဲက အရှိန်အဟုန် မပျက် ခရီး ဆက် နိုင် တာ ယူကရိန်း ထက် ပိုပြီး ချီး ကျူး ရမှာ ဖြစ် တယ် လို့ သာ ဆောင်း ယန်း ခရိုင်က FNG သတင်း ထောက် ကို ဗိုလ်မှူး ကြီး က ပြောပါတယ်။
ပြည်သူ့ ပျောက်ကျား တပ်ဖွဲ့ ငယ်တွေ က ပိုပြီး လက်ရည် တက်တာတယ်၊ ပိုပြီး စွန့် စား ရဲ တာ ပိုပြီး သတ္တိ ရှိလာ တာ တွေ ဟာ တကယ် ချီးကျူး ရမှာ ဖြစ်တယ် လို့ ဒီနေ့ မနက် အစော ပိုင်း မှာ သူက FNG ကို ပြော တာပါ။
ဗိုလ်မှူးကြီး တို့ ထိုင်း စစ်တပ် က မြန်မာ ခုခံ ရေး တပ်သား တွေ ကို လေ့ ကျင့် ပေးတာ လက်နက် တပ်ဆင် ပေး တာများ ရှိသလား လို့ မေးတဲ့ အခါ သူက ထိုင်း စစ်တပ် အနေ နဲ့ တော့ မရှိပဲ ထိုင်း စစ်တပ် ထဲ မှာ တာဝန် ထမ်း ဆောင် နေတဲ့ ထိုင်း နိုင်ငံ သား ဖြစ်နေတဲ့ တစ်ချိန် က ကရင် နဲ့ မွန်လူ မျိုး တွေ က တော့ သူတို့ တွေနဲ့ အဆက် အသွယ် ရှိလိမ့် မယ် လို့ FNG ကို ပြောပါတယ်။
