အလယ်ခေတ် က နေ စပြီး ၁၆၀၂ ခုနှစ် ထိ စကော့တလန် ဟာ သီးခြား လွတ်လပ် တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၁၆၀၃ ခုနှစ်မှာ စကော့တလန် ဟာ အင်္ဂလန် နဲ့ ပေါင်းပြီး စကော့ ဘုရင် ဂျိမ်း ၆ ဟာ အင်္ဂလန်၊ အိုင်ယာလန် နဲ့ စကော့ နိုင်ငံ တွေ ရဲ့ သရဖူ ဆောင်း ဘုရင် ဂျိမ်း ၁ အဖြစ် ထီးနန်း ကို ဆက်လက် စိုးစံ ခဲ့ ပါတယ်။
ဒုတိယ ကမ္ဘာစစ် ပြီး နောက်မှာ စကော့ အမျိုးသားရေး စိတ်ဓာတ် နိုးကြွား မှု ဟာ ဗမာ ပြည်မှာ ဆိုရင် တို့ဗမာ အစည်း အရုံးတို့ လို ဗမာ့ထွက်ရပ်ဂိုဏ်း လို ဝိုင်အမ်ဘီအေ တို့ လို ဖြစ်လာပြီး ၁၇၀၁ မှာ စတဲ့ ဗြိတိသျှ ယူနီယံ က နေ ခွဲ ထွက် ဖို့ ခြေလှမ်း ပြင်တဲ့ လှုပ်ရှား မှု တွေ ဖြစ်လာ ပါတော့ တယ်။
ပထမ တော့ ဟုမ်ရူး အဆင့် ကို ရရှိ ခဲ့ ပြီး ၁၉၇၉ နဲ့ ၁၉၉၉ ခုနှစ် မှာ လုပ်တဲ့ သီးခြား ပါလီမန် ရရှိရေး လူထု ဆန္ဒ ခံယူ ပွဲ က နေ တစ်ဆင့် Scottish ပါလီမန် ကို တည် ထောင် နိုင်ခဲ့ ပါတယ်။
၂၀၁၄ ခုနှစ်မှာ စကော့တလန် ကို သီးခြား လွတ်လပ် တဲ့ နိုင်ငံ အဖြစ် ခွဲထွက် ဖို့ ပထမ ဦးဆုံး အကြိမ် လွတ်လပ် ရေး လူထု ဆန္ဒ ခံ ယူ ပွဲ ခံယူ ခဲ့ ပါတယ်။
ကံမကောင်း ပါ။
စကော့ တလန် ပြည်သူ ၈၅ ရာခိုင်နှုန်း ကျော် မဲပေး ခဲ့ ပြီး ၅၅ ရာခိုင်နှုန်း ကျော်က အင်္ဂလန် နဲ့ ပဲ ဆက် နေလို တယ် ဆိုတာ ကြောင့် သောင်မတင် ရေမကျ ဖြစ်ခဲ့ ရပါတယ်။
ခွဲထွက်ရေး ကို နေ့ည မပြတ် ဆော်ဩ ခဲ့ တဲ့ စကော့ အမျိုးသား ပါတီ က အနိုင် ရရှိ ပြီး နောက် စကော့တလန် ရဲ့ ပထမ ဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် (First Minister) နီကိုလာ စတာဂျီယွန် က အောက်တိုဘာလ ၁၉ ရက် ၂၀၂၃ ခုနှစ် မှာ လွတ်လပ် ရေး အတွက် လူ ထု ဆန္ဒ ခံ ယူ ဖို့ ယနေ့ ကြေငြာ လိုက် ပါတယ်။
ဒီတစ်ခါ စကော့တလန် ရဲ့ လူ ထု ဆန္ဒ ခံ ယူ ပွဲဟာ ဗြိတိသျှ က ဥရောပ သမဂ္ဂ က နေ နှုတ်ထွက် ပြီး နောက် နဲ့ စကော့ အမျိုးသား ရေး စိတ် ဓာတ် အမြင့် ဆုံး ရောက် နေ ချိန် ဖြစ်ပါတယ်။
