အယ်(လ) အာကီယီးဒါး အကြမ်း ဖက်ကွန်ယက် ရဲ့ သြဇာ အရှိဆုံး ခေါင်းဆောင် တစ်ဦး ဖြစ် အသက် ၇၁ နှစ် အရွယ် ဒေါက်တာ ဇ ဝါ ဟီရိ ဟာ အမေရိကန် စစ်တပ် ရဲ့ မောင်းသူမဲ့ ဒုံးလက်နက် ကြောင့် တနင်္ဂနွေ နေ့ က သေ ဆုံး ခဲ့ တယ် လို့ ဒီနေ့ မှာ သမ္မတ ဘိုင်ဒင် က ကြေငြာ ခဲ့ ပါတယ်။
၉ ၁၁ တိုက်ခိုက် မှု ကို အဓိက ကြိုးကိုင် စီစဉ် ခဲ့ တဲ့ သွားလေ သူ အိုစမာ ဘင် လာဒင် ရဲ့ အဓိက ညာလက်ရုံး လို့ သိထား ကြတဲ့ ဇဝါ ဟီရိ ဟာ အီဂျစ် မှာ ၁၉၅၁ ခုနှစ် က မွေး ဖွား ခဲ့ ပြီး အယ်(လ) အာကီယီးဒါး အဖွဲ့ ရဲ့ လက်ရှိ ခေါင်းဆောင် ဖြစ်ပြီး အဓိက မူဝါဒ တွေ ကို ချမှတ် ပေး သူ ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်မှာ အီဂျစ် သမ္မတ အန်ဝါ အယ်(လ) ဆဒတ် ကို လုပ်ကြံ မှုမှာ ပါဝင်ခဲ့ မှု နဲ့ ထောင်ဒဏ် ချမှတ် ခံ ခဲ့ ရတဲ့ ဇဝါ ဟီရီ ဟာ ကိုင်ရိုက လူကုံထံ အသိုင်း အဝိုင်း မှာ မွေး ဖွား ကြီး ပြင်း ခဲ့ သူ ဖြစ်ပါတယ်။
သူ့ အဖိုး က ထင်ရှား တဲ့ ဘာသာရေး ဆရာ ဖြစ်ပြီး ဘကြီး က တော. Arab League အဖွဲ့ ချုပ် ရဲ့ ပထမ ဦး ဆုံး အတွင်း ရေး မှူး တာဝန် ကို ယူ ခဲ့ သူ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ် မှာ ကိုင်ရို အကျဉ်းထောင် က လွတ် တော့ ပါကစ္စတန် နိုင်ငံ ပက်ရှဝါ ကို ထွက်ခွာ ခဲ့ ပြီး ဆိုဗီယက် စစ်တပ် ကို ပြန်လည် ခုခံ နေတဲ့ မူဂျာဟေဒင် စစ်သား တွေ ဒဏ်ရာ ရလာတဲ့ အခါ ခွဲစိတ် ကုသ တာတွေ ကို စေတနာ့ ၀န်ထမ်း အဖြစ် ဆောင်ရွက် ပေး ခဲ့ ပါတယ်။
သူဟာ အာဖဂန် နစွ တန် နယ်စပ် မှာ ရှိစဉ်မှာ အိုစမာ ဘင် လာဒင် နဲ့ တွေ့ဆုံ ခဲ့ ပြီး နောက် တော့ အယ်(လ) အာကီယီးဒါး အဖွဲ့ ကို တည် ထောင်ခဲ့ ပါတယ်။
အယ်(လ) အာကီယီးဒါး အဖွဲ့ ရဲ့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု မစ ခင်မှာ ကင်ညာ နဲ့ တန်ဇီနီးယား နိုင်ငံ က အမေရိကန် သံရုံး တွေ ကို ဗုံးဖေါက်ခွဲ မှု လုပ်ခဲ့ ပြီး ယီမင် က အမေရိကန် စစ်သင်္ဘော ကြီး USS Cole ကို ပါတိုက် ခိုက် ခဲ့ ပါတယ်။
လူ ၃၀၀၀ ကျော် သေ ဆုံး တဲ့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ပြီး နောက် မှာ အိုစမာ ဘင် လာဒင် ရော ဒေါက်တာ ဇဝါ ဟီရိ ပါ ရုပ်သံ ဗီဒီယို ဖိုင် တွေ နဲ့ ရိုက်ကူး ပြီး အမေရိကန် နဲ့ အမေရိကန် နိုင်ငံ သား တွေ ကို တွေ့ တဲ့ နေရာ မှာ အကြမ်း ဖက်ဖို့ ဆော်ဩ ခဲ့ ပါတယ်။
အမေရိကန် စုံစမ်း ထောက်လှမ်း ရေး အဖွဲ့ က အာဖဂန် နစ္စတန် ရဲ့ ဘယ်နေရာ မှာ ဒေါက်တာ ဇဝါ ဟီရိ ရှိနေတယ် ဆိုတာ ဒီနှစ် ဆန်း ထဲ က အတိ အကျ သိရခဲ့ ပြီး အဲဒီ နောက် မှာ အား ကောင်း တဲ့ မှန်ပြောင်း တွေ တပ်ထား တဲ့ သူလျို ဒရုန်း တွေ က ဓာတ်ပုံ ဗီဒီယို တွေ ရိုက်ယူ နိုင် ခဲ့ ပါတယ်။
ကမ္ဘာ ပေါ်မှာ အလိုရှိ ဆုံး သူ တစ်ဦး ဖြစ်တဲ့ ဇဝါဟီရိ ဟာ ၂၀၂၁ ခုနှစ် တာလီဘန် တွေ ကာဘူး ကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ ပြီး လ အတန် အကြာမှာ မြို့တော် ကာဘူး ရဲ့ မြို့လယ် ခေါင် က အဆောက် အဦ တစ်လုံး ကို ပြောင်း ရွှေ့ ခဲ့ ပြီး မိသား စုနဲ့ ပြန်ဆုံ စည်း ခဲ့ တာ ဖြစ် ပါတယ်။
မေလဆန်း လောက် မှာ စီအိုင်အေ က နေ သမ္မထံ ကို တိုက်ခိုက် ဖို့ အခွင့် သာပြီ လို့ အစီရင် ခံ စာ တင်ခဲ့ ပေမယ့် သမ္မတ ဘိုင်ဒင် က ပြီးခဲ့ တဲ့ အပတ် က မှ တိုက်ခိုက် ဖို့ မီးစိမ်း ပြ ခဲ့ တာပါ။
