စျေးကွက်မှာ လူကြိုက်များတဲ့ အပြာရောင်သန်း ဒေါ်လာ အရွက်တွေ ကို ၃၃၀၀ ကျပ်နဲ့ ဝယ်လို့ ရတာ ကြာသပတေး နေ့ ညက ဖြစ်ပြီး မနေ့က ရော ဒီနေ့ မနက် ထိ ကျွန်မ ၄၀၀၀ ကျပ်နဲ့ ပေးဝယ် ပေမယ့် ရောင်းမယ် သူ မရှိတော့ ဘူးလို့ အမည် မဖော် လိုတဲ့ ရန်ကင်း မြို့နယ်က ဒေါ်လာ ဝယ်ယူသူ တစ်ဦး က Freedom News Group ကို ပြောပါတယ်။
စစ်တပ်က အာဏာ သိမ်းပြီး က တည်း တရိပ်ရိပ် တက်လာတဲ့ ဒေါ်လာ ဟာ ဇူလိုင် လနှောင်း ပိုင်း က နေ ပြန်လည် မြင့် တက်လာ ခဲ့ ပြီး ဒေါ်လာ နဲ့ ၀ယ်သွင်း ရတဲ့ ဓာတ်ဆီ၊ ဆေး စတဲ့ အခြား လူသုံးကုန် တွေပါ ပြတ် တောက် ပြီး ဈေး မြင့် တက် ခဲ့ ပါတယ်။
စစ်ကောင်စီ က သြဂုတ်လ ထဲမှာ ဗဟိုဘဏ် ဥက္ကဌ နဲ့ အခြား အရေး ပါတဲ့ နေရာ တွေ ကို အပြောင်း အလဲ လုပ် ခဲ့ ပေမယ့် လုံလောက် တဲ့ နိုင်ငံခြား ဝင်ငွေ မရှိ ဒါမဟုတ် နိုင်ငံခြား ဝင်ငွေ နဲ့ ထွက်ငွေ ကွာဟ ချက် က အလွန်ပဲ ကြီး ထွား နေလို့ ဒေါ်လာ ဈေး ဆက်တက် နေ ဆဲ ဖြစ်ပါတယ်။
ယနေ့ နံနက် ၈ နာရီ မထိုး ခင် အခု သတင်း ရေး နေချိန် ဈေးကွက် အတွင်း နောက်ဆုံး ရတဲ့ သတင်း အရ
ဆိုရင် ဒေါ်လာ ရောင်းချင် တဲ့ လူ မရှိသ လောက် ဖြစ်နေပြီ အချို့ က ၄၀၀၀ ကျော် အထက် ထိ ပေး ကာ ဝယ်ယူ တာတွေ ရှိနေ တယ် လို့ သိရပါတယ်။
တစ်ဒေါ်လာ ကို ၅၀၀၀ ကျပ် အထိ မိနစ် စက္ကန့် ပိုင်း အတွင်း မှာ ဖြစ်သွား နိုင်တယ်။ တနင်္လာ နေ့ ဈေး ကွက်မှာ ၅၀၀၀ ကျော်မယ် လို့ ခန့် မှန်း လို့ ရတယ် လို့ လက်ရှိ ဘဏ်အရာရှိ တစ်ဦး က Freedom News Group ကို ပြောပါတယ်။
