စစ်တပ်ပိုင် ဦးပိုင် နှင့် တရုတ် နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီ တို့ ပူးတွဲ လုပ်ကိုင် နေ သည့် စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း နှင့် အနီး တဝိုက် ကို အာဏာသိမ်း စစ်ကောင်စီ တပ် များ က ကြာရှည် ထိမ်းချုပ် ထား ရန် မလွယ် ကူ တော့ ပဲ မကြာခင် လက်လွှတ် ရဖွယ် ရှိဟု များစွာ သော သတင်း ရင်းမြစ် များ ကို အခြေခံ ပြီး FNG မှ သိရသည်။
၂၀၁၀ ခုနှစ် တွင် ဒေသခံ ပြည်သူများ နှင့် သမိုင်းဝင် သာသနိက အဆောက်အဦ များ ကို သိမ်းယူ ပြီး စတင် ခဲ့ သည့် ထိုစီမံ ကိန်း သည် ဒေသခံ ခုခံ တပ်ဖွဲ့ ရေး အဖွဲ့ ၀င်များ ၏ ထိမ်းချုပ်မှု သို့ နောက် ထပ် ခြောက် လ မှ ရှစ် လ အတွင်း ကျရောက် သွား နိုင် သည် ဟု ရန်ကုန် အခြေစိုက် သံတမန် တစ်ဦး က သုံး သပ် သည်။
တရုတ် ဝမ်ပေါင် ကုမ္ပဏီ ပိုင် ကြေးနီစီမံကိန်း နေရာကို ဇွန်လဆန်း ကတည်း က ဒေသခံ ကာကွယ်ရေး တပ် တွေက အင်အားမြှင့် တိုက်ခိုက် နေပြီး စစ်ကောင်စီ တပ်တွေ က လည်း ကြေးနီစီမံကိန်း နေရာ တစ်ဝိုက် က ရွာပေါင်း ၃၀ ကျော် ကို မီးရှို့ ဖျက်ဆီး ခဲ့ ပါတယ်။
ဖျက်ဆီး သတ်ဖြတ် ခံရတဲ့ ကျေးရွာ က ပြည်သူ တစ်ချို. က တော. အသက် ဘေး အတွက် ထွက် ပြေး ခဲ့ ပြီး အချို့ ကတော့ PDF တပ်ဖွဲ့ တွေနဲ့ ပြန်လည် ပူးပေါင်း ခဲ့ တဲ့ အတွက် ဆားလင်းကြီး နယ်ထဲ မှာ PDF တွေ ပို အား ကောင်း လာခဲ့ ပါတယ်။
သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး ကိုပါ ထိခိုက်တဲ့ ဝမ်ပေါင် ရဲ့ လုပ်ငန်း တွေ အတွက် စစ်တပ်က အကာအကွယ် ပေးထား ပြီး မြေမြုပ်မိုင်း တွေ ရာနဲ့ ချီပြီး ချထား ခဲ့ ပါတယ်။
အာဏာသိမ်း စစ်တပ် ကို ခုခံ တော်လှန် တာ အပြင်း ဆုံး ဖြစ်တဲ့ စစ်ကိုင်းတိုင်း ထဲ က စစ်တပ် တွေ ကို AA ရခိုင်တပ်မတော် နဲ့ တိုက်ပွဲ ဖြစ်တဲနေရာ တွေ ကို ပို့ လိုက် ရတဲ့ အတွက် မုံရွာ တဝိုက် မှာ မြန်မာ စစ်တပ် ရဲ့ အင်အား သိသိသာသာ နဲ သွား တယ်လို့ မုံရွာ ဒေသခံ တစ်ဦး က FNG က ပြောပါတယ်။
လက်ပံတန်း တောင် ကြေးနီ စီမံကိန်း ကို သာ စ ကောင်စီ က လက်လွှတ် ခဲ့ရရင် နိုင်ငံခြံ ငွေ လိုနေတဲ့ စစ်ကောင်စီ အတွက် ပိုပြီး အကျပ် ရိုက် သွား နိုင်ပါတယ်။
