အာဏာသိမ်း စစ်ခေါင်းဆောင် သစ်က အာဏာသိမ်း စစ်ခေါင်းဆောင် ဟောင်း ကို လူအစုလိုက် အပြုံလိုက် သတ်မှု နဲ့ ဖမ်းဆီး တရား စွဲဆို

၂၀၂၁ ခုနှစ် စက်တင်ဘာလ မှာ  သမ္မတ အယ်(လ)ဖာ ကွန်ဒီ ကို ရာထူး က ဖယ်ရှား ပြီး အာဏာ သိမ်း လိုက် တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မာမာဒီ ဒွန်ဘူရာ က ယခင် အာဏာသိမ်း ခေါင်းဆောင်ဟောင်း ကို ဖမ်းဆီး ထောင်ချ ကာ တရား စွဲဆို လိုက် ပါတယ်။ 

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ မှာ အာဏာသိမ်း ခဲ့ တဲ့ အသက် ၅၈ နှစ် အရွယ် ဗိုလ်ကြီး မွိုင်ဆီ ဒါဒစ် ကာမာရာ ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၈ ရက် မြို့တော် ကိုနာခရိုင်း က အားကစား ကွင်း မှာ လူအစုံ အပြုံ လိုက် သတ်ဖြတ် မှု နဲ့ တရား စွဲဆိုခဲ့ တာ ဖြစ်တယ် လို့ ပြင်သစ် နဲ့ မာလီ က လာတဲ့ သတင်း တွေ ကို ကိုးကား ပြီး Freedom News Group က သိရပါတယ်။

ကိုနာခရိုင်း က အားကစား ကွင်း ကြီး ထဲမှာ ဒီမိုကရေစီ လိုလား သူတွေနဲ့ အတိုက်အခံ တွေက အာဏာ သိမ်း ခေါင်းဆောင် ဗိုလ်ကြီး မွိုင်ဆီ ဒါဒစ် ကာမာရာ ကို ရာထူး က ဆင်းပေး ဖို့ တောင်း ဆို ဆန္ဒ ပြ နေ ကြချိန် ကာမာရာ ရဲ့ အမိန့် နဲ့ ပစ်ခတ် ချေမှုန်း ခိုင်း လို့ ဆန္ဒပြ သူ ၁၆၀ လောက် သေဆုံး ပြီး ၁၀၀၀ ကျော် ပြင်းထန် စွာ ဒဏ်ရာရရှိ ခဲ့ တဲ့ အဖြစ် အပျက် ဖြစ် ပါတယ်။

ဆန္ဒပြ သူ တွေ ကို ပစ်ခတ် မှု နဲ့ အတူ အမျိုး သမီး တွေ ဟာ စစ်သား တွေရဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကား မှု နဲ့ အဓမ္မ ပြုကျင့် မှု ခံခဲ့ရ ကြောင်း နယ်စည်း မခြား ဆရာဝန် များ အဖွဲ့ နဲ့ ကုလသမဂ္ဂ က သတင်း ထုတ် ပြန် ခဲ့ ပြီး သူ့ ကို နှုတ် ထွက်ဖို့ တောင်း ဆို ခဲ့ ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ လ အာဏာသိမ်း စစ်ခေါင်းဆောင် မာမာဒီ ဒွန်ဘူရာ

ကာမာရာ က တော့ စစ်တပ် က သေနတ် ထောင် ဖောက် တာကို ဆန္ဒ ပြသူ တွေ ကြောက်လန့် ပြီး ပြေးရင်း အချင်း ချင်း နင်းမိ ပြီး သေတာ လို့ ပြော ပါတယ်။ 

နောက် သုံးလ အကြာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ မှာ တော့ ကာမာရာ ကို သူ့ရဲ့ ကိုယ်ရံတော် အရာရှိ အဘူဘေကာ ဒိုင်ယာကိုက်  က အနီးကပ် ပစ်ခတ် လုပ်ကြံ ခဲ့ တာ ကြောင့် ဒဏ်ရာ ပြင်းထန် စွာ ရပြီး မော်ရိုကို မှာ ဆေးဝါး ကုသ ခံယူ ခဲ့ ပါတယ်။ 

အမေရိကန် က ဖိအားပေးတာ ကြောင့် ဒီမိုကရေစီ လိုလား တဲ့ ဂီနီ စစ် အရာရှိ တချို့ က ကာမာရာ ကို ဆေးကုသ ခံ နေ တဲ့ ကာမာရာ ကို  ပြည်တွင်း ပြန်ဝင် ခွင့် မပြု တော့ ဘဲ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကို ကျင်းပ ခဲ့ ကြပါတယ်။ 

အလူမီနီယံ သတ္တု ထုတ်လုပ် နိုင်သည့် ဘောက်ဆိုက် အလျှံ ပယ် ထွက် သည့် ဂီနီ

အာဏာ သိမ်း ခေါင်းဆောင် ဗိုလ်ကြီး မွိုင်ဆီ ဒါဒစ် ကာမာရာ လည်း မော်ရိုကို မှာ ဆေးကု သ ခံ နေရာ က နေ ဘာကီနီဖာ ဆို သမ္မတ နဲ့ တွေ့ ပြီး အဲဒီ နိုင်ငံ မှာ ဆယ် နှစ် ကျော်ကြာ နိုင်ငံ ရေး ခိုလှုံ ပြီး နောက် စက်တင်ဘာ လ မှာ လက်ရှိ အာဏာ သိမ်း ထား တဲ့ ဗိုလ်မှူးကြီး မာမာဒီ ဒွန်ဘူရာ က သူ့ ကို စောင့် ရှောက် မယ် အထင် နဲ့ ပြည်တော်ဝင် လာရာမှာ အဖမ်း ခံ ရ တာ ဖြစ် ပါတယ်။

သူ. ကို ဖမ်းဆီး ရမိချိန် မှာ သူနဲ့ အတူ  အစုလိုက် အပြုံ လိုက် သတ် မှု ကျူး လွန်ခဲ့ တဲ့ အခြား အစိုး ရ အဖွဲ့ ဝင် ၁၀ ဦး ကို  လည်း ဗိုလ်မှူးကြီး မာမာဒီ ဒွန်ဘူရာ က ရှောင်တခင် ဖမ်း ဆီး ခိုင်း ပြီး ချက်ခြင်း အကျဉ်း ထောင် ကို ပို့ ကာ တရား စွဲ ဆို ခိုင်း တာ ဖြစ် ပါတယ်။ 

၂၀၀၉ ခုနှစ် အာဏာ သိမ်း ခေါင်းဆောင် ဟောင်း ဗိုလ်ကြီး မွိုင်ဆီ ဒါဒစ် ကာမာရာ

တိုက်ဆိုင်စွာပဲ အာဏာ သိမ်း ခေါင်းဆောင် ဟောင်း ဗိုလ်ကြီး မွိုင်ဆီ ဒါဒစ် ကာမာရာ ကို ဖမ်း ဆီး တရား စွဲ ဆို တဲ့ နေ့ ဟာ ကိုနာခရိုင်း အစုလိုက် အပြုံလိုက် သတ် ဖြတ် မှု ရဲ့ ၁၃ နှစ် မြောက် နေ့ လည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဂီနီ အားကစား ကွင်း အစုလိုက် အပြုံ လိုက် သတ်ဖြတ် မှု မှတ် တမ်း ဓာတ်ပုံ