နှစ်ပေါင်း ၄၀၀ ကျော် အတွင်း ပထမ ဦးဆုံး အကြိမ် ဖြစ် မြန်မာ ခေါင်းဆောင် က တောင်ငူ ဘုရင် နတ်သျှင်နောင် ဘ၀ အား ပြဇာတ် အဖြစ် ဖျော်ဖြေ မှု ကို တက်ရောက် ကြည့် ရှုအား ပေး

မြန်မာ နိုင်ငံ အား တိုးတက် ကြီးပွား စေလို ၍ မိုင်ထောင်ချီ ဝေးကွာ ရာ အရပ်မှ ခရီး ပြင်း နှင့် လာသည့် ဗိုလ်မှူးကြီး ဖိလစ် ဒီ ဘရစ်တို နှင့် မိတ်ဆွေ သဟာယ ဖွဲ့ မိ ခဲ့ သည့် အတွက် တံကျင်လှို အသတ်ခံရ သည့် တောင်ငူ ဘုရင် နတ်သျှင် နောင် ၏ ဘဝ ဇာတ် ကြောင်း အား ပြဇတ် အဖြစ် သရုပ် ဖော် တင်ဆက် မှု ကို မြန်မာ အာဏာ သိမ်း စစ်ခေါင်း ဆောင် က တက်ရောက် ကြည့် ရှု အား ပေး သည် ဟု သိရသည်။

မြန်မာ ဘုရင် အဆက် ဆက် သာ မ က အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း နှင့် စစ်ခေါင်းဆောင် ဟောင်း များ အပါအဝင် NLD ခေတ်တွင် လည်း မှိန်ဖျောက် ထား ခဲ့ သည့် ကဗျာဆရာ နှင့် စစ်မက် ရေးရာ ကျွမ်း ကျင်သူ တောင်ငူ ဘုရင် ၏ အတ္ထုပတ္တိ ကို မြန်မာ အာဏာ သိမ်း စစ်ခေါင်း ဆောင် နှင့် အဖွဲ့ က သွား ရောက် အား ပေး ကြည့် ရှု ကြ ခြင်း ဖြစ်သည်။

နိုင်ငံ ခြား သား နှင့် အကြောင်း ပါထား သည့် ဒေါ်အောင်ဆန်းစုကြည် လက်ထက် တွင် ပင် ဘုရင် နတ်သျှင် နောင် ၏ ဘဝ ဇတ်ကြောင်း ကို ယခင် မြန်မာ ခေါင်း ဆောင် များ ကဲ့ သို့ ပင် ဆက်လက် ၍ မှိန် ဖျောက် ခဲ့ ခြင်း ဖြစ်သည်။

အသက် ၃၄ နှစ် အရွယ် တွင် ပိုလို ကစား ဖော် ပေါ်တူဂီ ရေတပ် မှ ဗိုလ်မှူးကြီး ဖိလစ် နှင့် အတူ နတ်ရွာ စံခဲ့ သည့် တောင်ငူ ဘုရင် ၏ ဘဝ ဇာတ် ကြောင်း ကို နှစ် ၄၀၀ ကျော် အကြာ မှ ပြဇာတ် က နိင် ခဲ့ ခြင်း ဖြစ်သည်။

အနောက်ဖက် လွန်မင်း မှ အသက် ချမ်း သာ ပေး မည့် အခွင့် အရေး သုံးကြိမ် တိုင် ပေး ခဲ့ သော်လည်း မိတ်ဆွေ မစ္စတာ ဒီ ဘရစ်တို နှင့် အတူ သာ သေပွဲ ၀င် ခဲ့ သည့် တောင်ငူ ဘုရင် ၏ ဘဝ ဇာတ် ကြောင်း ကို ပြဇာတ် အဖြစ် က ခြင်း ဖြစ်သည်။

၁၆၁၃ ခုနှစ် တွင် တောင်ငူ ဘုရင် နှင့် အတူ အသတ်ခံရ သည့် ဗိုလ်မှူးကြီး ဖိလစ် ဒီဘရစ် တို ကို ကိုးကွယ်မှု နှင့် နတ် နန်း များ များ မှာ သန် လျှင် ကျောက်တန်း တဝိုက်၊ ပုသိမ် မြောင်းမြ ခင်ဦး နှင့် ရွှေဘို ဘက် တွင် ယခု တိုင် ရှိနေ ဆဲ ဖြစ်သည်။

ရန်ကုန်တိုင်း သံလျှင် မြို့ တွင် ရှိသည်. တောင်ငူ ဘုရင် နတ်သျှင် နောင် ၏ အုတ်ဂူ ကို NLD အစိုးရ ခေတ် တွင် ပြု ပြင် ထိမ်း သိမ်း ရန် ငြင်း ပယ် ခဲ့ သည်။

ဗိုလ်မှူးကြီး ဖိလစ် ဒီ ဘရစ်တို ၏ သင်ကြား ပေး မှု ကြောင့် ခဲယမ်း မီးကျောက် နှင့် အမြောက် လက်နက် နည်း ပညာ ကို အရှေ့ တောင် အာရှ နိုင်ငံ များ အနက် မြန်မာ က ပထမ ဦး ဆုံး ရရှိ သော် လည်း အနောက် ဘက် လွန်မင်း က စစ် ဆိုတာ ဓား ဓား ချင်း ….. လှံ … လှံ ချင်း ဒီ လက်နက် တွေ ဟာ သူ့ရဲ ဘော ကြောင် လွန်း လှ တယ် ကွယ် ဆို ပြီး ပိတ် ပင် တား မြစ် ခဲ့ သည်။

အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း လက်ထက် တွင် တောင်ငူ ဘုရင် နတ်သျှင် နောင် နှင့် ပတ်သက် သည့် အရိုးခံ က ပြ ဖျော်ဖြေ မှု များ အား ပိတ်ပင် ခဲ့ ပြီး သစ္စာ ဖောက် အဖြစ် သာ သမိုင်း ဖတ် စာ များ တွင် ပုံ ဖော်ခဲ့ သည်။