အကျိတ် အနယ် ဘရာဇီး ရွေးကောက် ပွဲ ဒုတိယ အကျော့ ဆက်

ကမ္ဘာ့ အကြီး ဆုံးသော ဒီမိုကရေစီ နိုင်ငံ ကြီး တွေ ထဲ မှာ တစ် ခု ဖြစ်တဲ့ တောင်အမေရိက တိုက်က ဘရာဇီး နိုင်ငံ မှာ ဒီနေ့ သမ္မတ ရွေး ကောက်ပွဲ ကို ကျင်းပခဲ့ ရာမှာ ဘယ်သမ္မတ လောင်း မှ သမ္မတ ဖြစ် နိုင်တဲ့ မဲ အရေအတွက် ငါး ဆယ် ရာခိုင် နှုန်း ကျော် ကို မရတဲ့ အတွက် အောက်တိုဘာ လ ရဲ့ နောက်ဆုံး နေ့မှာ ဒုတိယ အကျော့ သမ္မတ ရွေးကောက် ပွဲ ကို ကျင်းပမှာ ဖြစ်တယ် လို့ ဘရာဇီး ရွေးကောက် ပွဲ ကော်မရှင် က သတင်း ထုတ် ပြန် လိုက် ပါတယ်။

လက်ရှိသမ္မတ ဘော်ဆိုနာရို နဲ့ ၂၀၀၃ ခုနှစ် က နေ ၂၀၁၀ ထိ သမ္မတ အဖြစ် တာဝန် ထမ်း ဆောင် ခဲ့ တဲ့ လက်ဝဲ ဝါဒီ လူလာ ဒီ ဆီလ်ဗာ တို့ နှစ်ဦး ဒုတိယ အကျော့ သမ္မတ ရွေး ပွဲ မှာ ပြန်ဆုံ ကြ မှာ ဖြစ် ပါတယ်။

ကြီးမား တဲ့ ငွေကြေး ကိစ္စ အရှုပ် တော်ပုံ တွေနဲ့ အကျင့် ပျက် ချစား မှု တွေ ကြောင့် အိမ်ကို ဝင် ရောက် စီးနင်း ခံရပြီး ထောင်ဒဏ် ၁၂ နှစ် အထိ အပြစ် ပေး ခံရပြီး အကျဉ်း ထောင် ထဲမှာ နှစ် နှစ် နီး ပါး နေခဲ့ ရပါတယ်။

အသက် ၇၆ နှစ် ရှီပြီ ဖြစ်တဲ့ လူလာ ဟာ ၂၀၁၈ ၃ နှစ် မှာ ရွေးကောက် ပွဲ ဝင်ဖို့ စီစဉ် ခဲ့ ပေမယ့် ဗဟိုတရား ရုံး က တား မြစ် ခဲ့ ပါတယ်။

ဒီနေ့ ရွေးကောက် ပွဲ မှာ လူလာက လက်ယာယိမ်း ဆမ္မတ ကို အနည်း ငယ် အသာစီး ရနေ ပါတယ်။

တောင်အမေရိက တိုက် မှာ တစ်ခု သော ပေါ်တူဂီ စကား ပြော နိုင်ငံ ဖြစ် တဲ့ ဘရာဇီး မှာ လူဦး ရေ သန်း ၂၀၀ ကျော် နေ ထိုင် ပါတယ်။

နာမည်ကျော် ဘရာဇီး ရိုးရာ ကာနေဗယ် ပွဲ တော် မှ က ချေ သည် တစ်ဦး