မြန်မာ နိုင်ငံတွင်း က ပုဂ္ဂလိက ဘဏ်တွေမှာ ငွေလို နေပြီ ဆိုတဲ့ သတင်း တွေ အခုရက်ပိုင်း အတွင်း ကျယ်ကျယ် ပြန့်ပြန်.ပေါ်ထွက် နေပါတယ်။
ဘဏ်တွေ ထဲမှာ နှစ်နဲ့ ချီ စောင့်ပြီး ATM ငွေထုတ် ယူမှု တွေကြောင့် ရော၊ စစ်ကောင်စီ လက်ထက် ဘဏ် နဲ့ ငွေကြေး စနစ် ကို အယုံ အကြည် မရှိ တော့ တာ ကြောင့် စစ်တပ် က အာဏာ သိမ်းပြီး တနှစ် ခွဲ ကျော် ကြာလာ တဲ့ အခါမှာ ဘဏ်တွေ မှာ ငွေကြေး အမြောက် အမြား အပ်နှံ သူ တွေ ထက်ဝက် ကျော် လောက် ကို လျှော့ သွား တာပါ။
ကုန်ဈေးနှုန်း ကြီးမြင့် မှု နဲ့ အငယ်စား အလတ် စား စီးပွား ရေး တွေ ပြိုလဲ ကျ သွား မှု က လည်း ဘဏ်တွေ မှာ အပ်ငွေ ကျဆင်းမှု ရဲ့ အဓိက အချက် တွေ ထဲ က တစ်ခု ဖြစ်လာ ပါတော့ တယ်။
အမည် မဖော် လို သူ ဘဏ်အရာ ရှိ တစ် ဦး က တော့ ” အပ် သူ တစ်ယောက် ထုတ် သူ တစ် ရာ” ဆိုတာ ကျွန်တော် တို့ မြန်မာ ပြည် ဘဏ် လောက မှာ ခေတ်စား နေတဲ့ စကား ဗျ လို. Freedom News Group ကို ပြော ပါတယ်။
ပုဂ္ဂလိက ဘဏ် တွေရဲ့ မှင်သက် သွားဖွယ် ရာ ဘဏ် တိုး နှုန်း များ နဲ့ အခြား ဝန်ဆောင် မှု တွေက ဘဏ်တွေမှာ ငွေ သား လက်ကျန် အများ ကြီး မရှိ တော့ ဘူး ဆိုတာ ကို သက် သေ ပြနေ တာ ဟု ရန်ကုန် မြို့ က လုပ်ငန်း ရှင် တဦး က ထောက် ပြ ပါတယ်။
ဗဟို ဘဏ် နဲ့ မြန်မာ့ စီးပွားရေး ဘဏ်ခွဲ တွေက ခြောက်ရာ ခိုင်နှုန်း ထက် မပိုတဲ့ အတိုး နှုန်း ဖြင့် သာ သတ်မှတ် သော် လည်း ပုဂ္ဂလိက ဘဏ်များ က ဆယ်ရာခိုင် နှုန်း ထိ ပေး သော အတိုး နဲ့ တခြား ကန့်လန့် ကာ နောက် ကွယ် ဝန် ဆောင် မှု များ က ဘဏ် များ ရဲ့ ငွေလို အပ် မှု ကို ထင်သာ မြင်သာ ရှိစေပါတယ်။
စစ်ကောင်စီ လက်ထက် လှုပ်လီ လှုပ်လဲ့ သာ ရှိတော့ တဲ့ မြန်မာ့ ဘဏ် တွေဟာ ပြိုလဲ သွား နိုင် ခြေ ရှိတဲ့ အကြောင်း ကို အခုနှစ် ဆန်း မှာ မြန်မာ နိုင်ငံ တော် ဗဟိုဘဏ် ရဲ့ စစ်ကောင်စီ ထံ ပေးပို့ တဲ့ နှစ် ချုပ် အစီရင် ခံ စာမှာ ထည့် သွင်း ရေး သား ထား တယ် လို့ သိရပါတယ်။
၂၀၀၂ / ၂၀၀၃ မြန်မာ ဘဏ်စနစ် ပြိုလဲမှု ဟာ နှစ် နှစ် ဆယ် ကြာ တဲ့ အခါ တကျော့ ပြန် လာ ချေ ရှိ နိုင် ကြောင်း ကို တော့ လက်ရှိ ဗဟိုဘဏ် ဥက္ကဌ ပင် ငြင်း မယ် မထင် ဘူးလို့ ဘဏ် ရပ် ၀န်း က နေ တစ် ဆင့် သိရပါတယ်။
အမေရိကန် နိုင်ငံ မှာ ကိုဗစ် ကာလက သမ္မတ ထရမ်၊ အိမ်ဖြူ တော် စီးပွား ရေး အကြံ ပေး ဒေါက်တာ ပီတာ နာဗာရို နဲ့ ဖက်ဒရယ် ဗဟိုဘဏ် များ ရဲ့ ဘုတ် ကော်မတီ ဥက္ကဌ (မြန် မာ လို ဗဟိုဘဏ် ဥက္ကဌ) ဂျာရိုမီး ပါဝဲလ် က အတိုး နှုန်း ကို သုည ထိ ချခဲ့ ပြီး ယခု ကြုံ နေရတဲ့ ငွေ ကြေး ဖောင်းပွ မှု ကို ထိမ်း ဖို့ အတိုး နှုန်း မြှင့် တင် နေ ချိန် တွင် ပင် အတိုး နှုန်း မှာ သုံး ရာ ခိုင် နှုန်း နှင့် သုံး ဒသမ လေး ရာခိုင် နုန်း ကြား တွင် သာ ရှိသည်။
