အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာ အတွက် ၀င်ရောက် အရွေးခံ မယ့် သူက တော့ ကာလီဖိုးနီးယား ပြည်နယ်ကန်း ကောင်တီ က ကွန်ဂရက် စီရင်စု အမှတ် ၂၀ (ဘေကာ ဖီးလ် မြို) ရဲ့ ကွန်ဂရက် အမတ် ကီဗင် မက်ကာသီ ဖြစ်ပါတယ်။
အောက်လွှတ်တော် ဥက္ကဌ နေရာ အတွက် လိုအပ် တဲ့ ကွန်ဂရက် အမတ် ၂၁၈ နေရာ ရရှိသွား တဲ့ အတွက် လက်ရှိ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ ဟာ လာမယ့် နှစ်ဆန်း မှာ သူ့ရဲ့ အောက်လွှတ် တော် ဥက္ကဌ ရာထူး ကို စွန့် လွှတ် ရတော့ မှာ ဖြစ် ပါတယ်။
မစ္စတာ မက်ကာသီ ဟာ အမတ် အဖြစ် နှစ် ပေါင်း များစွာ တာဝန့် ထမ်း ဆောင် ခဲ့ ပြီး ငယ်စဉ်က ကာလီဖိုးနီးယား ပြည်နယ် က ထင် ရှားတဲ့ ကွန်ဂရက် အမတ် ဘီလ် သောမတ်(စ) ရဲ့ ရုံး အဖွဲ့ မှူး အဖြစ် တာဝန် ထမ်း ဆောင် ခဲ ပါတယ်။ တစ်ချိန် တည်း မှာပဲ ကာလီဖိုးနီးယား ပြည်နယ် ရီပတ် ဘလီကန် လူငယ် ဖိုရမ် မှာ ဥက္ကဌ ရာထူး ယူခဲ့ ပြီး ပြည် နယ် ရဲ့ လွတ် တော် အမတ် နဲ့ နိုင်ငံ အဆင့် လွှတ် တော် အမတ် တာဝန် တွေကို စတင် ထမ်း ဆောင် ခဲ့ ပါတယ်။

အသက် ၅၇ နှစ် ရှိနေ ပြီ ဖြတဲ့ အမတ် မင်း ဟာ နစ် ပေါင်း ၂ဝဝ နီးပါး အကြာမှာ အောက်လွှတ် တော် ဥက္ကဌ ရာထူး အတွက် ပြည် နယ် တစ် ခုတည်း က ပဲ နှစ် ကြိမ် ဆက်တိုက် အဖြစ် ဒုတိယ မြောက် ရွေးချယ် ခံ ရသူ ဖြစ် ပါတယ်။
ပြည် နယ် တစ် ခုတည်း က နေ နှစ် ကြိမ် ဆက်တိုက် အောက်လွှတ် တော် ဥက္ကဌ ဖြစ် တာဟာ ၁၈၃၀ ခုနစ် မှာ နောက် ဆုံး ဖြစ် ပါတယ်။
ပလိုစီ ဟာ ၅၂ ဦးမြောက် ဥက္ကဋ္ဌ ဖြစ် ခဲ့ ပြီး ကာလီ ဖိုးနီး ယား က ပဲ ဖြစ် ပါတယ်။
အနိုင် အရှုံး မကြေ ငြာ ရ သေး တဲ့ အောက် လွှတ် တော် အမတ် နေရာ ၇ နေရာ ကျန် ရှိ နေ သေး ပေး မယ့် ဒီမိုကရက် က ၇ နေရာ လုံး နိုင်ရင် တောင် မှ လွှတ် တော် ဥက္ကဌ နေရာ အတွက် လက် လွှတ် ရ တော့ မှာ ဖြစ် ပါတယ်။
အောက်လွှတ်တော် မှာ အများစု နေရာ ကြီးစိုး ထား နိုင်ရေး အတွက် အနည်း ဆုံး ထိုင်ခုံ ၂၁၈ ခုံ ရရှိရမှာ ဖြစ် ပါတယ်။
ရီပတ်ဘလီကန် ပါတီက အခု သတင်း ရေး နေ ချိန်ထိ အောက်လွှတ် တော် မှာ ကွန်ဂရက် အမတ် ဦးရေ ၂၀ရ ဦး ရရှိ နေပြီး ဒီမိုကရက် က ၁၈၄ နေရာ ပဲ ရရှိ ထား ပါတယ်။
ကာလီဖိုးနီးယား ပြည်နယ် ကီဗင် မက်ကာသီ က အောက်လွှတ်တော် ဥက္ကဌ အဖြစ် ဝင် ရောက် ရွေးချယ် ခံ မှာ ဖြစ် ပါတယ်။
ဂျော်ဂျီယာ ပြည်နယ် အုပ်ချုပ်ရေးမှူး အတွက် ထင်ကြေး ပေး ခံ ရတဲ့ စတေဆီ အေဗရမ် ဟာ ဝက်ဝက် ကွဲ ရှုံး သွား ပါတယ်။
သူမဟာ ဂျော်ဂျီယာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာ ကို နှစ်ခါ ပြိုင် နှစ် ခါ ရှုံး ဖြစ် သွား တာပါ။
ရီပတ်ဘလီကန် တို့ စိုးမိုး ထား သည့် အမေရိကန် အောက်လွှတ်တော် မှ စုံစမ်း စစ်ဆေး မည့် ကိစ္စများ
သမ္မတ ဟောင်း ထရမ့် ၏ အိမ်ကို ၀င်ရာက် စီးနင်း မှု အတွက် အမိန့် ပေး ခဲ့ သည့် ရှေ့နေ ချုပ် မာရခ် ဂါလန်း အား အာဏာ အလွဲသုံးစား မှု ဖြင့် စစ် ဆေး မည်။
သမ္မတ ဘိုင်ဒင် ၏ သား ဟန်တား ဘိုင်ဒင် ၏ ဘဏ္ဍာ ရေး နှင့် ငွေကြေး ဆိုင် ရာ မ လျှော် ကန် စွာ ရယူထား သည့် ကိစ္စများ
အမေရိကန် လက်နက် ကိုင် တပ်ဖွဲ့ များ ကျဆုံး ခဲ့ သည့် ဘိုင်ဒင် ၏ ညံ့ဖျင်း လှသည့် အာဖဂန် နစ္စတန် မှ ဆုတ် ခွာ သည့် အစီအစဉ်
လွတ်တော် ဥက္ကဌ အဖြစ် မှာ အနားရသွား သည့် ပလိုစီ ၏ လွှတ် တော် ဥက္ကဌ သက်တမ်း အတွင်း လိုအပ် သည် ထက် ပိုမို သြဇာ သုံး မှုများ
အမေရိကန် ၏ ယူကရိန်း သို့ ထောက်ပံ့ ငွေ များ ကို ပြန် လည် သုံး သပ်ခြင်း နှင့် ဆိုင်းငံ့ ခြင်း အစီအစဉ် များ
နယ်စပ် မှ ခိုးဝင် သူများ အတွက် အဓိက တာဝန် ရှိသည့် အမိမြေ လုံခြုံ ရေး ဝန်ကြီး
ဒေါက်တာ ဖောက်ချီ
တို့ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ လွှတ်တော် သက်တမ်း သစ် ကာလ တွင် စတင် စစ် ဆေး မည် ဖြစ် သည်။
Freedom News မှ တင်ဆက် သည်။
Freedom News Group
