အာဏာရှင် တွေဟာ မျိုးချစ် စိတ် ဆိုပြီး ကြွေးကြော် ကျ ပေမယ့် ပြည်သူ တွေရဲ့ မျိုး ချစ် စိတ် ကို တကယ် သတ် ပစ် တာက အာဏာ ရှင် သာ ဖြစ် ကြောင်း အီရန် က သက်သေ

အီရန် ဘောလုံး အသင်း က အမေရိကန် ဘောလုံး အသင်း ကို တစ် ဂိုး- ဂိုး မရှိ နဲ့ ရှုံး နိမ့် သွား တဲ့ အတွက် အီရန် ရဲ့ မြို့ တော် တီဟီရန် ရဲ့ လမ်းမ တွေနဲ့ အခြား မြို့ တွေမှာ ပါ ပြည်သူ တွေက မော်တော် ကား ဟွန်း တွေ တီး သံပုံး တွေ ခေါက် ပြီး အီရန် အစိုး ရ ကို အလို မရှိ ကြောင်း ထုတ် ဖော် ခဲ့ ပါတယ်။

ဘောလုံး ပွဲ နိုင်ရင် သာ ပြည်သူ တွေက လမ်းပေါ် ထွက် အောင်ပွဲ ခံ ပေမယ့် ဘောလုံး ပွဲ ရှုံး လို့ လမ်း ပေါ် ထွက် ပြီး အောင်ပွဲ ခံ တယ် ဆိုတာ ရှားရှား ပါးပါး ဖြစ်ရပ် တစ် ခုပါ။

အီရန် နိုင်ငံ ရဲ့ မြောက်ပိုင်း မြို့ တော် ဘန်ဒါ အဇာလီ မှာ ကားဟွန်း တီး ပြီး အောင်ပွဲ ခံ လို့ ဆိုကာ ရဲက အသက် ၂၇ နှစ် အရွယ် လူငယ် Mehran Samak ကို ပစ် သတ် လိုက် ပါတယ်။

ပစ် သတ် ခံ လိုက် ရတဲ့ ဆမက် ဟာ အီရန် ကွင်းလယ် ကစားသူ Saeid Ezatolahi ရဲ့ ငယ် သူ ငယ် ချင်း လည်း ဖြစ် ပါတယ်။

အမေရိကန် အသင်း ကို ရှုံး နိမ့် ပြီး နောက် ကွင်းလယ် လူ အက်ဇာ တိုဟာလီ အမေရိကန် လက်ရွေး စင် တွေက အား ပေး နှစ် သိမ်. နေတဲ့ ပုံ တွေ ကြောင့် သူ ဟာ လူ သိများ ခဲ့ တယ်။

အမေရိကန် အသင်း ကို အီရန်က ရှုံး နိမ့် သွား တဲ့ အတွက် အောင်ပွဲခံ အီရန် ပြည်သူများ

ကာတာ မှာ ကစား ခဲ့ တဲ့ အီရန် ရဲ့ ပွဲ တွေ တစ် လျှောက် လုံး မှာ လည်း အီရန် ဘောလုံး အသင်း က နိုင်ငံတော် သီချင်း ကို သီဆို ဖို့ ငြင်း ဆန် ခဲ့ ကြ ပါတယ်။

ကားဟွန်း တီး ပြီး အောင်ပွဲ ခံ တယ် ဆို တဲ့ အကြောင်း ပြ ချက် နဲ့ ပစ်သတ် ခံ လိုက် ရတဲ့ ဆမခ် က ရဲ့ သူ ငယ် ချင်း က တော့ ဘောလုံး ပွဲ ရှုံး လို့ အောင်ပွဲ ခံ တာ မျိုး ချစ် စိတ် နဲ့ မဆိုင် ဘူး ခင်ဗျ၊ အာဏာရှင် ခါမေနီ အစိုးရ ကို အလိုမရှိ ဆိုတာ ကို ပဲ ထုတ် ဖော် ပြသတာ။ အာဏာရှင် တွေ က သူတို့ ရပ် တည် နိုင် ရေး အတွက် မျိုး ချစ် စိတ် ဆိုတာကို ထုတ် သုံး ကြတယ်။ တကယ် က ဘယ် အာဏာ ရှင် မှ မျိုး ချစ် စိတ် မရှိဘူး။ မျိုး ချစ် စိတ် ကို တကယ် ရိုက် ချိုး ပစ် လိုက် တာ သူတို့ ပဲ လို့ ပြောပါတယ်။

Freedom News Group