ဆွစ်ဇာလန် ဗဟိုဘဏ် က ဒေါ်လာ ဘီလျံ ၅၀ ထက် မနည်း ထုတ် ချေးကာ ခရက်ဒစ် ဆူဆီ ဘဏ် ကြီး ရဲ့ ပြိုလဲ မယ့် အရေး ကို ကာကွယ် မယ် လို့ ဆွစ်ဇာလန် အစိုးရ က ကြေငြာ ခဲ့ ပါတယ်။
ဘဏ် နဲ့ ငွေကြေး ဆိုင် ရာ ကျွမ်း ကျင်သူတွေကတော့ ဘီလျံ ၅၀ လောက် နဲ့ မလုံ လောက် ဘူး လို့ ထောက် ပြ ပါတယ်။ ဒီနေ့ နံနက် အစော ပိုင်း က ခရက်ဒစ် ဆူဆီ ရဲ့ ရှယ်ယာ ဝေ စု ဆယ် ရာခိုင် နှုန်း လောက် ပိုင် တဲ့ ဆော်ဒီ အမျိုးသား ဘဏ် က ဘဏ် အချင်း ချင်း ငွေကြေး ထောက်ပံ့ မှု ကို ဖြတ် တောက် လိုက် တဲ့ အတွက် ခရက်ဒစ် ဆူဆီ ရဲ့ ရှယ်ယာ ဈေး တွေ ထိုးကျ ခဲ့ ပါတယ်။
အမေရိကန် အစိုးရက ပိတ်ဆို့ ထား တဲ့ မြန်မာ နဲ့ အီရန် နိုင်ငံ တွေ ရဲ့ ဒေါ်လာ သန်း ထောင် ချီတဲ့ ငွေ ကြေး တွေကို ၂၀၀၈ ခုနှစ် လောက် မှာ ကြား ဝင် ဆောင်ရွက် ပေး ခဲ့ လို့ ၂၀၀၉ ခုနှစ် မှာ အမေရိကန် တရားရုံး တစ် ခု က ဒေါ် လာ သန်း ၅၀၀ ကျော် ဒဏ် ရိုက် ခဲ့ ဖူးတဲ့ ဆွစ်ဇာလန် နိုင်ငံ အခြေ စိုက် ခရက်ဒစ် ဆူဆီ ဘဏ် ကြီး ရဲ့ ရှယ်ယာ နဲ့ ဘဏ် ရဲ့ အရင်း ပမာဏ ဟာ သုံးရက် မြောက် နေ့ အဖြစ် ထိုးစိုက် ကျ ဆင်း နေ လို့ သက်တမ်း နှစ် ၂ဝဝ နီးပါး ရှိပြီး အရင်း အနှီး ဆွစ် ဖရန့် ငွေ (အမေရိကန် ဒေါ်လာ ထက် အနည်း ငယ် တန် ဖိုး မြင့်) ဘီလျံ သန်း ၇၀၀ နီး ပါး ရှိတဲ့ ဘဏ် ကြီး ဟာ မကြာ ခင် ပြို လဲ နိုင် ချေ ရှိတယ် လို့ ဒီနေ့ မနေ့ စတော့ နဲ့ စီးပွားရေး သတင်း လွှာ မှာ ဖော် ပြထား ပါတယ်။
ဆန်ဖရန်စ္စကို အခြေစိုက် First Republic Bank က တော့ ဘဏ်ကို ကယ်တင် ဖို့ နည်း မျိုးစုံ နဲ့ ကြိုး စား နေရာမှာ နည်းလမ်း တစ် ခု ဖြစ် တဲ့ ဝယ်မယ့် သူ နဲ့ နှစ် ဦး နှစ် ဖက် ပြော ကြား ထား မှု တွေ ရှိ တယ် လို. Bloomberg သတင်း မှာ ဖော် ပြထား ပါတယ်။
နယူးယောက် အခြေစိုက် Signature ဘဏ်
ပြိုလဲ
…….. ထပ်ပြိုလဲမယ့် ဘဏ်တွေ ရှိလာ နိုင်အုံးမယ် လို့ လဲ သုံးသပ်
(ဤ သတင်း အား Freedom News ၏ Facebook စာမျက်နှာ တွင် မတ်လ ၁၂ ရက် နေ့ တနင်္ဂနွေ နေ့ တွင် တင်ဆက် ခဲ့ ပြီး ယခု ပူးတွဲ ပြန် လည် ဖော် ပြခြင်း ဖြစ် ပါ သည်)

၂၂ နှစ် သက်တမ်း ရှိပြီး ဒေါ်လာ ဘီလျှံ ၁၂၀ ကျော် ဓန အင်အား ရှိတဲ့ ဆင်္ဂနေ ချား ဘဏ် ဟာ ဒေဝါလီ ခံ တော့ မယ် လို့ သတင်း တွေ ထွက် လာပြီး နောက် FDIC နဲ့ ဗဟို အစိုး ရ ရဲ. ငွေကြေး ကာကွယ် ပေးရေး ဘုတ် အဖွဲ့ က ဘဏ်ကို ပိတ်လိုက် ပြီး၊ ဘဏ်ရဲ့ လုပ်ငန်း ဆောင်တာ တွေ ကို လွှဲ ပြောင်း ရယူ ခဲ့ ပါတယ်။
ဘဏ် ဖွင့် ရက် တနင်္လာ နေ့ အထိ တောင် မစောင့် ပဲ ဗဟို အစိုးရက ဆင်္ဂနေ ချား ဘဏ် ရဲ့ လုပ်ငန်း ဆောင် တာ အား လုံး ကို လွှဲ ပြောင်း ယူ လိုက် တာ ဖြစ် ပါတယ်။
ဆီလီကွန် ဗယ်လီ ဘဏ် ပြိုလဲ ပြီးနောက်မှာ ထပ်မံ ပြိုလဲ နိုင်ချေ ရှိတဲ့ ဘဏ်တွေ၊ ဘဏ္ဍာ ရေး အဖွဲ့ အစည်း တွေ ရှိလာ နိုင်တယ် လို့ စီးပွားရေး ပညာ ရှင်တွေ၊ ထိပ်တန်း ရင်းနှီး မြုပ်နှံ သူ တွေ က ခန့် မှန်း ထား ကြ ပါတယ်။
ဆင်္ဂနေ ချား ဘဏ် ဟာ Silver Gate နဲ့ ဆီလီကွန် ဗယ်လီ ဘဏ် ပြိုကွဲ ပြီး နောက် တတိယ မြောက် ပြိုလဲ တဲ့ ဘဏ် ဖြစ် တယ်။
ဒီနေ့ မနက် အစော ပိုင်း က ဘဏ္ဍာ ရေး ဝန်ကြီး ဂျဲနက် ယဲလင် က ဘဏ် တွေ ကို အစိုးရ က ငွေထုတ်ချေး (Bail Out) ပေး မှာ မဟုတ် ဘူး လို့ ပြော ခဲ့ ပေမယ့် ညနေ ပိုင်း မှာ တော့ အဲဒီ ဘဏ် မှာ ငွေ အပ်နှံ သူ တွေ ဟာ ၎င်း တို့ သိမ်းဆည်း ထား တဲ့ ငွေကြေး တွေ ကို ပြန်ပြီး စီမံ ခန့် ခွဲ နိုင် တော့ မယ် လို့ ကြေ ငြာ ခဲ့ ပါတယ်။
ဘဏ် တွေ ပြိုလဲ ရတာ ဟာ အဲဒီ ဘဏ် တွေ ကို ဦး ဆောင် သူ တွေရဲ့ ညံ့ ဖျင်း လှတဲ့ အရည်အသွေး ကြောင့် သာ ဖြစ် တယ် အစိုး ရ က ဘာမှ ၀င် ပြီး ကျားကန် ပေး စရာ မလို ဘူး၊ အပ် နှံ သူ တွေရဲ့ ယုံကြည် မှု ဆုံး ရှုံး တဲ့ အချိန်မှာ ငွေပြန် ထုတ် ပေး ရာမှာ ဘဏ် တွေရဲ့ တာဝန် ပဲ လို့ အမေရိကန် ပြည် သူ တွေနဲ့ နိုင်ငံ ရေး သမား တွေ က ထင် မြင် ကြ ပါ တယ်။
ဒါကြောင့် လည်း ၂၀၀၈ ခုနှစ် ဘက်တွေ ပြိုလဲ မှု မှာ ဘေ အောက် လုပ် ပေး ခဲ့ တဲ့ သမ္မတ အိုဘားမား ကို ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ ကြ တာ ဖြစ် ပါတယ်။
ဒီသီတင်း ပတ်ထဲ မှာ ပြိုလဲ ခဲ့ တဲ့ ဆန်တာကလာရာ အခြေ စိုက် ဆီလီကွန် ဗယ်လီ ဘဏ်ဆို ရင် ဘဏ်ရဲ. အတိမ်း အစောင်း မခံ မှု ဆိုင်ရာ စီမံ ကွပ်ကဲ မှု အဖွဲ့ (Risk Management) အဖွဲ့ က ဘဏ် လုပ်ငန်း နဲ့ ဘာမှ မဆိုင် တဲ့ သာရေး၊ နာရေး၊ လူမှုရေး၊ တွေမှာ ပဲ အချိန် ကုန် နေ တာ လို့ ငွေအပ်နှံ သူ တွေ က ထောက် ပြ ကြ ပါတယ်။
၂၀၀၇၊ ၂၀၀၈ ခုနှစ် ဘဏ္ဍာ ရေး အကြပ် ရိုက်မှု မတိုင် ခင် တုန်း မှာ လည်း ဘဏ် တွေရဲ့ အမှု ဆောင် အရာရှိ ချုပ် တွေ ဟာ မင်းသား လီယိုနာဒို ဒီကာပရီယို သရုပ်ဆောင် ထား တဲ့ Wolf of Wall Street ဇာတ်ကားထဲက လို ဧည့်ခံပွဲ တွေ၊ ပါတီ တွေ ပေးပြီး ငွေကို ရေလို သုံး ဖြုံးခဲ့ ကြတာ ဖြစ်ပါတယ်။
Freedom News မှတင်ဆက်သည်။
ကန် မှာ ဘဏ် တွေ ဆက်တိုက် ပြိုလဲ နေ
(ဤ သတင်း အား Freedom News ၏ Facebook စာမျက်နှာ တွင် မတ်လ ၁၀ ရက် သောကြာ နေ့ တွင် တင်ဆက် ခဲ့ ပြီး ယခု ပူးတွဲ ပြန် လည် ဖော် ပြခြင်း ဖြစ် ပါ သည်)

၄၈ နာရီ အတွင်း ဘဏ်နှစ် ခု ပြိုလဲ ပြီး နောက် အမေရိကန် နိုင်ငံ ၏ ၁၄ ခု မြောက် အကြီး ဆုံး ဘဏ် နှင့် မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်း အခြေ စိုက် သူတို့ ငွေကြေး ထုတ် သွင်း ပြု သည့် First Republic Bank သည် ၎င်း ဘဏ် ၏ ကာလ ပေါက် ကြေး ငွေ လေး ဆယ် ရာခိုင် နှုန်း ထိ ထိုး စိုက် ကျ သွား ပြီး ဘဏ် ၏ စတော့ ဈေး နှုန်း များ လည်း ပြို လဲ နိုင် ချေ ရှိနေ သည် ဘဏ္ဍ နှင့် ငွေကြေး ရုပ်သံ သတင်း များ တွင် ဖော် ပြထား သည်။
ဆီလီကွန် ဗယ်လီဘဏ်ပြိုကွဲ မှု သည် ၂၀၀၈ ခုနှစ် ဘဏ္ဍာ ရေး အကြပ်အတည်း နောက်ပိုင်း ဘဏ် ပြိုကွဲ မှု တွင် ဒုတိယ မြောက် အကြီး ဆုံး ဖြစ် ပြီး ဒေါ်လာ ၂၀၉ ဘီလျှံ ခန့် ဆုံးရှုံး ခဲ့ သည်။
၂၀၀၈ ခုနှစ် က ဝါရှင်တန် မြုကျူရယ် ဘဏ် ပြိုကွဲ မှု တွင် ၃၀၇ ဘီလျံ အငွေ့ ပျံ ခဲ့ သည်။
၁၉၈၈ ခုနှစ် ကတည်း က စတင် ခဲ့ သည့် Silver gate ဘဏ် သည် ယခု သီတင်း ပတ် အစော ပိုင်း က ပြိုကွဲ ခဲ့ သည်။
စီးပွား ရေး နှင့် ငွေကြေး သတင်း များ ကို ဖော် ပြသည် . Market Watch က မူ နောက်ထပ် ဘဏ် ၂၀ လောက် မှာ လုံး ၀ အတိမ်း အစောင်း ခံ နိုင် ရည် မရှိ ဟု သုံး သပ်ထား သည်။
ဆီလီကွန် ဗယ်လီဘဏ် တွင် ငွေကြေး အပ်နှံ ထား သူ များ မှာ ဒေါ်လာ နှစ်သိန်း ခွဲ အထိ ပြန် လည် ရရှိ မည် ဖြစ် ပြီး သို့ ထက် များ ပြား သည့် ငွေများ ကို ထပ်မံ စောင့် ဆိုင်း ရမည် ဖြစ် သည်။
🚨ဘာကြောင့် ပြိုကွဲ တာလဲ
သမ္မတ ဘိုင်ဒင် ရဲ့ စီးပွား ရေး စီမံခန့် မှု မူဝါဒ တွေ ကြောင့် လို့ အချို့ က ထောက် ပြ ကြ ပါတယ်။ ငွေကြေး ဖောင်းပွ မှု နှုန်း နဲ့ ဘဏ်တိုး နှုန်း ကြောင့် ဘဏ် တွေ ဟာ ငွေချေး မယ့် သူ ဖောက် သယ် နည်း လာ တယ် လို့ ထောက် ပြ ကြ ပါတယ်။
မနေ့ က Facebook ကုမ္ပဏီ ကို ကနဦး ငွေကြေး မတည် ပေး ခဲ့ သူနဲ့ PayPal ငွေကြေး လွှဲပြောင်း လက်ခံ စနစ် ကို တည် ထောင်ခဲ့ သူ ပီတာ သီးလ် က SVB ငွေတွေ အပ် ထား ရင် တွေဝေ မနေ ပဲ ချက်ချင်း သွား ထုတ် ဖို့ ဘလွန်း ဘာဂ် ရုပ်သံ က နေ အကြံ ပေး ခဲ့ ပြီး နောက် ဒီနေ့ မနက် အစော ဘဏ် ရှေ့မှာ လူတန်း ရှည် ကြီး ဖြစ် ပြီး နောက် FDIC နဲ့ ကာလီဖိုးနီးယား ပြည်သူ့ ငွေကြေး ကာကွယ် ရေး ဘုတ် အဖွဲ့ က
ဘဏ် ရဲ့ လုပ်ငန်း ဆောင် တာ တွေ ကို လွှဲ ပြောင်း ရယူ ခဲ့ တာ ဖြစ် ပါ တယ်။
SVB ဘဏ် ရဲ့ အကြီး အကဲ က တော့ ငွေလာထုတ် သူ တွေ ကို မလော ဖို့၊ နဲ့ စိတ်မပူ ဖို့ ပြော ပါတယ်။
ဆီလီကွန် ဗယ်လီ ဘဏ် ဟာ နှစ် ပေါင်း ၄၀ သက်တမ်း ရှိပြီး ဆီလီကွန် ဗယ်လီ က နည်း ပညာ ကုမ္ပဏီ တွေ ကို ငွေ ထုတ် ချေး နေ တဲ့ ဘဏ် ဖြစ် တယ်။
၅၃ ဘီလျှံ နီး ပါး ဆုံး ရှုံး ခဲ့တဲ့ ဘဏ် တွေ ရဲ့ စတော့ ဈေးကွက် ပြိုလဲမှု စတင်
(ဤ သတင်း အား Freedom News ၏ Facebook စာမျက်နှာ တွင် မတ်လ ၉ ရက် ကြာသပတေး နေ့ တွင် တင်ဆက် ခဲ့ ပြီး ယခု ပူးတွဲ ပြန် လည် ဖော် ပြခြင်း ဖြစ် ပါ သည်)

အမေရိကန် နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ် မှာ အခြေစိုက် တဲ့ SVB လို့ လူသိများ တဲ့ ဆီလီကွန် ဗယ်လီ ဘဏ် ရဲ့ ပင်မ နဲ့ အရံ ငွေကြေး ခိုင်မာ မှု မရှိ တော့ ဘူး လို့ မနေ့ ညက တည်း က သတင်း တွေ ထွက် ပေါ် လာ ပြီး ခဲ့ တဲ့ နောက် ဒီက နေ့ မှာ ထိပ်တန်း ဘဏ် ကြီး တွေ ရဲ့ စတော့ ရှယ် ယာ တွေ ပြိုလဲ ခဲ့ ပါတယ်။
JPMorgan Chase, Bank of America, Wells Fargo, နဲ့ Citigroup စတဲ့ ထိပ်တန်း ဘဏ် ကြီး တွေ ဟာ ဒီနေ့ ညနေ မှာ ဖြစ် ပွား ခဲ့ တဲ့ ဘဏ် စတော့ ဈေးကွက် ပြိုလဲ မှု မှာ ဒေါ်လာ ၅၂ ဘီလျံ လောက် ဆုံးရှုံး သွား ခဲ့ ပါတယ်။
ယနေ့ ညနေ မှာ Dow Jones စတော့ အညွန်း က လည်း ၅ဝဝ ပွိုင့် ထိ ဇောက် ထိုး မိုးမျှော် ကျ ဆင်း သွား ခဲ့ ပါတယ်။
Facebook ကုမ္ပဏီ ကို ကနဦး ငွေကြေး မတည် ပေး ခဲ့ သူနဲ့ PayPal ငွေကြေး လွှဲပြောင်း လက်ခံ စနစ် ကို တည် ထောင်ခဲ့ သူ ပီတာ သီးလ် က SVB ငွေတွေ အပ် ထား ရင် တွေဝေ မနေ ပဲ ချက်ချင်း သွား ထုတ် ဖို့ ဘလွန်း ဘာဂ် ရုပ်သံ က နေ အကြံ ပေး ခဲ့ ပါတယ်။
SVB ဘဏ် ရဲ့ အကြီး အကဲ က တော့ ငွေလာထုတ် သူ တွေ ကို မလော ဖို့၊ နဲ့ စိတ်မပူ ဖို့ ပြော ပါတယ်။
ဆီလီကွန် ဗယ်လီ ဘဏ် ဟာ နှစ် ပေါင်း ၄၀ သက်တမ်း ရှိပြီး ဆီလီကွန် ဗယ်လီ က နည်း ပညာ ကုမ္ပဏီ တွေ ကို ငွေ ထုတ် ချေး နေ တဲ့ ဘဏ် ဖြစ် တယ်။
Bank of America ရဲ့ အမှုဆောင် အရာရှိ ချုပ် ဖြစ် သူ ဘရိုင်ယန် မွိုင်နင် ဟန် က စီးပွားပျက်ကပ် ထဲကို မကြာ ခင် ရောက် တော့ မယ် လို့ မနေ့ က ပဲ Financial Review ဂျာနယ် က နေ အကျယ် တဝင့် သတိ ပေး ခဲ့ ပါ သေး တယ်။
