ရီပတ်ဘလီကန် ပါတီ ညီလာခံ မှာ ထရမ့် ကို သောင်းသောင်း ဖျဖျ ထောက်ခံ

ဝစ္စကွန်ဆင် ပြည်နယ်၊ မီလ် ဝေါလ်ကီး မြို့ မှာ ကျင်းပ နေတဲ့ ရီပတ်ဘလီကန် ပါတီ ရဲ့ ဒုတိယ မြော က် နေ့ မှာ သမ္မတ ဟောင်း ထရမ့် ရဲ့ ချွေးမ ဖြစ်သူ နဲ့  ပါတီ ရဲ့ ပူးတွဲ ဥက္ကဋ္ဌ ဖြစ်သူ  လာရာ ထရမ့် မိန့်ခွန်း ပြောကြား နေတာ ကို ဗီဒီယို မှာ တွေ့ ရမှာ ဖြစ် ပါတယ်။

ပါတီညီလာခံ ဒုတိယ မြောက်နေ့ မှာ ယခင် အိမ်ဖြူတော် ပြောရေးဆို ခွင့် ရှိသူ နဲ့ လက်ရှိ အာကင်ဆော ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ဟခ်ကာဘီ ဆန်ဒါ၊ တက္ကဆက် ပြည် နယ် လွှတ်တော် အမတ် တဒ် ခရုဇ်၊ လက်ရှိ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် ၊ သမ္မတ ဝင် ရွေး ဖို့ ကြိုးပမ်း ခဲ့ ကြတဲ့ ဗီဗက် ရာမာ ဆွာမီ၊ လက်ရှိ ဖလော်ရီဒါ ပြည် နယ် အုပ်ချုပ် ရေး မှူး ရွန် ဒီဆန်တစ် နဲ့ နစ်ကီ ဟေလီ တို့ မိန့်ခွန်း ပြော ကြား ခဲ့ ကြပါတယ်။ 

ပထမ နေ့ မှာ ရော ဒုတိယ မြောက် နေ့ မှာ ပါ တက်ရောက် လာသူ တွေ နဲ့ မိန့်ခွန်း ပြောကြား သူ တွေ က ထရမ့် ရဲ့ မူဝါဒ တွေ ကို ထောက်ခံ ပြောကြား ခဲ့ပါတယ်။

ရီပတ်ဘလီကန် ပါတီ ညီလာခံ ရဲ့ ဒုတိယ မြောက် နေ့ မှာ ရုပ်သံ သရုပ်ဆောင် ဆာဗားနား ခရစ္စလီ မိန့် ခွန်း ပြော ကြား နေစဉ်

ပါတီ ညီလာခံ ရဲ့ ပထမ နေ့ မှာ ပဲ ပါတီ က သူ့ ကို သမ္မတ လောင်း အဖြစ် ရွေးချယ် တင် မြှောက် ခဲ့ ပြီး သမ္မတ ဟောင်း ထရမ့် က အသက် ၃၉ နှစ် အရွယ် အိုဟိုင်းယိုး ပြည်နယ် လွှတ်တော် အမတ် J.D. Vance ကို ထရမ့် က ၂၀၂၄ ရွေးကောက်ပွဲ အတွက် ဒုတိယ သမ္မတ လောင်း အဖြစ် ရွေးချယ် လိုက်သည်။

Hillbilly Elegy ဆိုတဲ့ စာအုပ် ကို ရေးသား ခဲ့သူ ဂျေဒီ ဗန့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မှာ ထရမ့် ကို ဝေဖန် တိုက် ခိုက် ခဲ့ သူ ဖြစ် ပြီး နောင်မှာ တော့ ထရမ့် ရဲ့ မူဝါဒ တွေ ကို အပြည့် အဝ ထောက်ခံ သူ ဖြစ်လာပါတယ်။

ရီပတ်ဘလီကန် ပါတီ ရဲ့ ညီလာခံ ကို မီလ် ဝေါလ် ကီ မြို့ မှာ စတင် ကျင်းပ တဲ့ နေ့ မှာ ပဲ ထရမ့် က သူ့ ရဲ့ Truth Social Media က နေ ဒုသမ္မတ လောင်း အဖြစ် ဗန့် ကို ရွေးချယ် လိုက်ပြီ လို့ ကြေငြာ လိုက်တာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန် ပါတီ ညီလာခံ ကို လုံခြုံရေး တွေ တိုးမြှင့် ချထား ပြီး ဒုတိယ မြောက်နေ့ မှာ အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်(စ) မြို့ က နေ လာပြီး လုံခြုံရေး ယူထား တဲ့ ရဲ ငါးယောက်က ဆမ်မြူရယ်(လ) ရှပ် ဆို တဲ့ သူ ကို သင်္ကာ မကင်း စရာ ကောင်း တယ် ဆိုပြီး ရဲက အသေ ပစ် သတ် လိုက် လို့ ဆန္ဒပြ မှု တွေ တော့ ဖြစ် ပွား ခဲ့ ပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ရေး အီလွန် မာစ် ရက်ရက်ရောရော လှူ

သမ္မတ ထရမ့် ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အီလွန် မာစ် က တစ်လ ကို အလှူငွေ ၄၅ သန်း ထိ ထည့်ဝင်ကူညီ မယ်လို့ ဒီနေ့ ကြေငြာ လိုက်ရာ မှာ ထရမ့် ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကူညီ ထည့်ဝင် မှု အများ ဆုံး သူ ဖြစ်လာပါတယ်။

သမ္မတ ထရမ့် ရဲ့ ရွေးကောက်ပွဲ မဲဆွယ် ဟောပြောပွဲ မှာ သေနတ် သမား ရဲ့ လက်ချက် နဲ့ သေဆုံး ခဲ့တဲ့ မီးသတ် ဦးစီးမှူး ကိုရေး ကွမ်ပရာတိုလ် ရဲ့ ဈာပန ကို လည်း ဒေါ်လာ တစ်သိန်း အလှူငွေ ထည့်ဝင် ခဲ့ပါတယ်။

အီလွန် မာစ် ဟာ နိုင်‌ငံရေး သာမက အခြား လူမှုဘေး၊ သဘာဝဘေး အပါအဝင် သိပ္ပံ ကဏ္ဍ တွေ ကို လည်း လှူ တာ ကြောင့် သူဌေးကြီး အင်ဒရူး ကာနယ်‌ဂျီ ပြီး ရင် အလှူ အတန်း ရက်ရော မှု အရှိဆုံး သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

ပါတီ ညီလာခံ ဒုတိယ‌ မြောက်နေ့ ညနေခင်း မှာ ပါတီ ရဲ့ ပူးတွဲ ဥက္ကဋ္ဌ နဲ့ သမ္မတ ချွေးမ မိန့်ခွန်း ပြော ကြား နေစဉ်