ကလေးများ ဆော့ကစားသည့် အရုပ် သေနတ်ငယ်ဖြင့် ချိန်ရွယ် သည် ဟု ဆိုကာ နယူးယောက် ပြည်နယ် ယူတီ ကာ ရဲ က အသက် ၁၃ နှစ် အရွယ် ကလေး ငယ် ကို ရက်ရက်စက်စက် ပစ်သတ် လိုက် သည် ဟု နယူးယောက် ယူတီကာ မှ လာသည့် သတင်း များ တွင် ဖော်ပြထားသည်။
ပစ်သတ် ခံ လိုက်ရသည့် ကလေးငယ် မှာ ကရင်ပြည်နယ် မှ ရွှေ့ ပြောင်း လာသူ ညမွေ ဆိုသူ ဖြစ်ပြီး သေကြာနေ့ ည ၁၀ နာရီ ကျော် အချိန် တွင် အခြား သူငယ် ချင်း တစ်ဦး နှင့် ဆော့ ကစား နေ စဉ် ပစ်သတ် ခံ လိုက် ရခြင်း ဖြစ်သည်။

မောင်ညမွှေး သည် ယူတီကာ ရှိ ဒိုနိုဗန် အလယ်တန်း ကျောင်း တွင် အဌမ တန်း တက်ရောက် နေသူ ဖြစ်ပြီး ၎င်း၏ မိသားစု သည် လွန်ခဲ့ သည့် ရှစ်နှစ် က အမေရိန် သို့ ရွှေ့ ပြောင်း လာသူ ဖြစ် သည် ဟု ရဲ က ပြော သည်။
ယူတီကာ မြို့ နှင့် အနီးပတ်ဝန်းကျင် တွင် မြန်မာ ပြည် မှ ရွှေ့ ပြောင်းလာသူ ၅၀၀၀ ကျော်ခန့် နေထိုင် ကြသည် ဟု Freedom News Group မှ သိရသည်။
ညမွေ အား ရဲက ပစ်သတ် မှု နှင့် ပတ်သက် ပြီး နယူးယောက် ပြည်နယ် ရှေ့ နေ ချုပ် ရုံး မှ စုံစမ်း စစ်ဆေး နေသည် ဟု သိရသည်။
နယူးယောက် ယူတီကာ ရဲတပ်ဖွဲ့ သည် ရှေးမဆွ ကတည်း က အင်အား အလွန်အကျွံ သုံး ကာ ဖြေရှင်း မှု များ အပြင် အခြား နာမည်ဆိုးများ ဖြင့် ကျော်စောသည်။
ညမွေ က ရဲ ကို သေနတ်ဖြင့် ချိန်ရွယ် ရာ တွင် ညအမှောင် ဉ် ကလေး သေနတ် မှာ တကယ့် သေနတ် အစစ် ကဲ့ သို့ ပင် ဖြစ်နေ ၍ ပစ်ခတ် လိုက် ခြင်း ဖြစ်သည် ဟု ပြောသည်။
ယနေ့ စနေနေ့ တွင် ယူတီက မြို့တော် ခန်းမ ဉ် ကျင်းပသည့် မိသားစု ဝင်များ ၏ သတင်း စာ ရှင်းလင်း ပွဲ တွင် ယူတီကာ မြို့ တော်ဝန် မိုက်ကယ် ဂါလီမီ လည်း တက်ရောက် ခဲ့သည်။
ယူတီကာ ရဲတပ်ဖွဲ့ အကြီးအကဲ ၏ သတင်းစာ ရှင်းလင်း ပွဲ ကို တက် ရောက် ခဲ့ သည့် နယူးယောက် တိုင်း (မ) သတင်း စာ ၏ သတင်း ထောက် ဟူရာဘီ မီကို က ရဲချုပ် ကို ဆယ်ကျော်သက် တစ်ဦး ကို သေနတ် နဲ့ ပစ်သတ် တာမျိုး မဟုတ် ဘဲ အခြား နည်းလမ်း တစ်ခုခု နဲ့ ဟန့်တား တာမျိုး မ ဖြစ် နိုင် ဘူးလား ဟု မေးခွနန်း ထုတ် ခဲ့သည်။
နယူးယောက် တိုင်း (မ) သတင်း စာ ကလည်း ညမွေ ပစ်သတ် ခံရမှု သတင်း ကို အကျယ် တဝင့် ဖော်ပြထားသည်။
အထက် ဖော်ပြပါ သတင်း သည် ဇွန်လ ၂၉ ရက်နေ့ စနေနေ့ ၂၀၂၄ ခုနှစ် တွင် Freedom News Group ဧ။် Facebook စာမျက်နှာ တွင် ဖော်ပြပြီး ဖြစ်ပါသည်။
