လေယာဉ် နဲ့ ဘက်ပြောင်း ခိုလှုံ ရင် ကျပ်ငွေ သိန်း တစ်ထောင် ထိ ဆုချီးမြှင့် မယ် လို့ ကိုးကန့် MNDAA အဖွဲ့ က ဒီကနေ့ ကြေငြာ ချက် ထုတ် လိုက်ပါတယ်။
တင့်ကား၊ သံချပ်ကာ ဒုံးလက်နက် တွေ နဲ့ ဘက်ပြောင်း လာသူ တွေ ကိုလည်း ဆုငွေ တွေ ပေး မှာ ဖြစ်ပြီး အထက် အရာရှိ ကို ဖမ်းပြီး ဘက်ပြောင်းရင် သိန်း ၁၀၀ နဲ့ ၁၀၀ မီလီမီတာ အထက် လက်နက်ကြီး တွေ ဆို သိန်း ၁၀၀ ထပ်ရ မှာ ဖြစ်ပါတယ်။
ဗိုလ်ကြီး အဆင့် လက်နက် နဲ့ ဘက်ပြောင်း ရင် ၂၅ သိန်း ရရှိမှာပါ။
နောက် ထပ် သီး ခြား သတင်း တစ်ပုဒ် က တော့ နတစ်လ ကျော်ကြာ ဝိုင်းပတ် ပိတ် ဆို့ တိုက်ခိုက် ခဲ့ တဲ့ ရခိုင် ပြည်နယ် သံတွဲ မြို့ ကို ရခိုင် လက်နက်ကိုင် အဖွဲ့ အေအေ က ထိမ်းချုပ် လိုက် ပြီ လို့ ဒေသတွင်း သတင်း ဌာန တစ်ခု ဖြစ် တဲ့ Development Media Group မှာ ဖော်ပြထား ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ကို သစ္စာခံ တဲ့ တပ် တွေ သံတွဲ မြို့ က ထွက် ပြေး သွား ပြီ သံတွဲ မြို့ ထဲ မှာ မရှိ တော့ ဘူး လို့ ဒေသခံ တစ်ဦး ရဲ့ လူမှု ကွန်ယက် မှာ လည်း ရေးသား ထား ပါတယ်။
ရခိုင် လက်နက်ကိုင် အဖွဲ့ အေအေ ဟာ သံတွဲ မြို့ အနီး က ငပလီ ကမ်းခြေ နဲ့ မဇင် လေဆိပ် ကို အရင် တိုက်ခိုက် သိမ်းပိုက် ပြီး သီတင်း တစ်ပတ် ကျော်ကြ ာ မှ သံတွဲ မြို့ ကို သိမ်းပိုက် နိုင်တာ ဖြစ်ပါတယ်။



ဓာတ်ပုံ – ABN

ဓာတ်ပုံ – ABN

