သမ္မတ ထရမ့် ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစား ခဲ့ တဲ့ သေနတ် သမား ဟာ ထရမ့် ရဲ့ ရွေးကောက်ပွဲ မဲဆွယ် တရား ဟောပြော ပွဲ ကို တက်ရောက် သူ တွေ ထဲ က မဟုတ်ဘူး အခုတော့ သူ့ ကို ပစ်သတ် လိုက်ပြီ လို့ သမ္မတ ရဲ့ လှို့ဝှက် လုံခြုံ ရေး အဖွဲ့ က ပြော ပါတယ်။
သေနတ် သမား ဟာ ဟောပြောပွဲ ကျင်းပရာ အပြင် ဘက် မှာ ရှိ တဲ့ အဆောက် အဦ တစ်ခု ရဲ့ ခေါင်မိုး ပေါ်က နေ စနိုက်ပါ ပြောင်း ရှည် သေနတ် နဲ့ ချိန်ရွယ် ပစ်ခတ် လုပ်ကြံ ခဲ့တာ ဖြစ်ပါတယ်။
သေနတ် သမား ရဲ့ လက်ချက်ကြောင့် မဲဆွယ် ဟောပြော ပွဲ ကိုလာသူ တစ်ဦး သေဆုံး ပြီး တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

စနေနေ့ ညနေ ခြောက်နာရီ လောက်မှာ ပင်ဆယ်ဗေးနီးယား ပြည်နယ် ဘတ်တလာ မြို့ က မဲဆွယ်ပွဲ မှာ သမ္မတ ထရမ့် က ဟောပြော နေစဉ် လုပ်ကြံ မှု ဖြစ် ပွား ခဲ့ တာပါ။
တရားဟော နေစဉ် သေနတ်သံ တွေ ဆက်တိုက် ပေါ် ထွက် လာပြီး သမ္မတ က သူရဲ့ နား ကို ကိုင် ကြည့် ကာ ညာဘက် နား မှာ သွေး တွေ ပေစွန်း နေတာ ကို တွေ့ ပြီး နောက် သူက အမြန်အဆန် ထိုင်ချ လိုက်ကာ ချက်ခြင်း ဆိုသလိုပဲ အထူးလုံခြုံ ရေး အဖွဲ့ တွေ က သူ့ ကို အမြန် အဆန် ပဲ ကယ်ထုတ် သွား တာ ကို ရုပ်သံ မှာ တွေ့ ရ ပါတယ်။
အဲဒီနောက် မှာ တော့ သေနတ် သမား နဲ့ လှို့ဝှက် လုံခြုံရေး အဖွဲ့ နဲ့ အပြန် အလှန် ပစ်ခတ် နေတယ် လို့ ယူဆ ရ တဲ့ သေနတ် သံ အချက်ပေါင်း များ စွာ ကို ကြားရပါတယ်။
သမ္မတ ရဲ့ လှို့ဝှက် လုံခြုံ ရေး အဖွဲ့ က သေနတ် သမား ကို ချက်ခြင်း ပဲ ပစ်သတ် လိုက်နိုင် တယ် လို့ ပြောပါတယ်။
သေနတ် သမား နဲ့ ပတ်သက် တဲ့ သတင်း အချက် အလက် တွေ ကို တော့ အခု Freedom News Group က သတင်း ရေးသား နေချိန် ထိ ထုတ်ပြန် ခြင်း မရှိ သေး ပါဘူး။

သမ္မတ ဟောင်း ထရမ့် ဘတ်တလာ မှာ မဲဆွယ် ဟောပြောနေ သလို ဒုတိယ သမ္မတ က မလာ ဟဲရစ် က လည်း ပင်ဆယ်ဗေးနီးယား ပြည်နယ် ဖီလာဒဲဖီးယား မြို့ မှာ မဲဆွယ် ဟောပြော နေတာပါ။
သမ္မတ ထရမ့် ကို လုပ်ကြံ သတ်ဖြတ် ဖို့ ကြိုးစား ခဲ့ သူ ဟာ အသက် နှစ်ဆယ် နှစ် အရွယ် Thomas Matthews Crooks လို့ FBI က သတင်း ထုတ်ပြန်ပါတယ်။ ကောလိပ် ဘွဲ့ ရပြီးခါ စ ခရွခ် မှာ ဘာမှ ပြစ်မှု မှတ်တမ်း ဟောင်း မရှိ ဘူး လို့ ရဲ က ပြောပါတယ်။
သမ္မတ ဟောင်း ထရမ့် ကို လုပ်ကြံ သတ်ဖြတ် ရန် ကြံစည်မှု နဲ့ ပတ်သက်ပြီး ဘီဘီစီ သတင်းဌာန က နေ မျက်မြင်သက်သေ တစ်ဦး ကို အခင်း ဖြစ်ပွား တဲ့ နေရာ မှာ လူတွေ့ မေးမြန်း ထားရာ မှာ မျက်မြင်တွေ့ ရှိသူက သေနတ် သမား ဟာ ရိုင်ဖယ် သေနတ် နဲ့ ခေါင်မိုး ပေါ် မှာ တွားသွား ပြီး ရွေ့ လာတာ ကို တွေ့ရ လို့ လှို့ဝှက် လုံခြုံရေး အဖွဲ့ နဲ့ ရဲ ကို အကြောင်းကြား ခဲ့ ပေမယ့် လည်း ဘာမှ အရေး ယူ မှု မရှိ ဘူး လို့ ပြောပါတယ်။
ဒီလုပ်ကြံ သတ်ဖြတ်မှု ဟာ ရီပတ်ဘလီကန် သမ္မတ လောင်း ကို ပါတီ က နေ တရားဝင် ရွေးချယ် တဲ့ ရီပတ်ဘလီကန် ပါတီ ရဲ့ ညီလာခံ ကို မီလ် ဝေါလ် ကီ မြို့ မှာ မကျင်း ပ ခင် နှစ် ရက် အလို မှာ ဖြစ် ပွား သွား တာ ဖြစ် ပါတယ်။
အထက်ပါ သတင်း အား Freedom News Group ၏ Facebook စာမျက်နှာ တွင် ဇူလိုင်လ ၁၃ ရက် စနေနေ့ အခင်းဖြစ်ပွား ချိန် နှင့် တပြေးညီ တင်ဆက်ခဲ့ ပါသည်။
