မော်စီတုန်း ရဲ့ တပ် တွေ ကို တော်လှန် ခဲ့ တဲ့ ကိုးကန့် နဲ့ ဝ တွေ

ကူမင်တန် တရုတ် မဟုတ် ဘဲ နဲ့ တရုတ် ပြည် သူ့ လွတ်မြောက် ရေးတပ်မတော် ကို စတင် တော်လှန် တိုက် ခိုက် ခဲ့ တဲ့ ပထမ ဦးဆုံး နိုင်ငံ ခြား သား တွေ ဟာ မြန်မာ နိုင်ငံ အရှေ့ ပိုင်း ရှမ်း ပြည် နယ် က ၀ နဲ့ ကိုးကန့် လူ မျိုး တွေ ဖြစ်ပါတယ်။

ယနေ့ ခေတ် လွယ်ဂျယ် မြို့ အနီး က တရုတ် ပြည် ယူနန် နယ် ထဲက တန်ချောင် မှာ မွေး ဖွား ခဲ့ တဲ့ စကားပြော ကောင်း၊ စည်းရုံး ရေး ကောင်း တဲ့ ဗိုလ်ချုပ်ကြီး လီမီ နဲ့ ဗိုလ်ချုပ် မာချော ယု တို့ ဟာ ကိုးကန့်၊ ဝ နဲ့ လားဟူ လူ မျိုး တွေ ကို အလွယ် တကူ ပဲ စည်း ရုံး နိုင်ခဲ့ ပြီး အမေရိကန် လုပ် M 1 ကာဘိုင် နဲ့ M 2 စစ်သေနတ် တွေ ကို ပေးကိုင် ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး လီမီ ဆိုရင် အထူး သဖြင့် ကိုးကန့် တွေ က ဘုရား လောက် နီးနီး ရိုသေ ခဲ့ ကြ တယ် လို့ Freedom News Group က သိ ရ ပါတယ်။

နောက်တော့ ကူမင်တန် တွေ ရဲ့ ယူနန် ပြည် နယ် တန် ပြန် ထိုး စစ် မှာ ကိုးကန့် နဲ့ ၀ တွေ ဟာ တရုတ် ပြည် သူ့ လွတ်မြောက် ရေးတပ်မတော် ကို ယူနန် နယ် ထဲ ဝင် လာတဲ့ မကောင်း ဆိုးဝါး တွေ ဆို ပြီး ဟစ် ကြွေးကာ တပ်ဦး က နေ ကို ၀င် တိုက် ခိုက် ခဲ့ ပါတယ်။

ဒါတင် မက သေး ပါ ဘူး၊ တရုတ် စကား ကို ကျွမ်း ကျင် စ္စာ ပြော တတ် တဲ့ ကိုးကန့် အမျိုး သမီး အချို့ ဟာ ပြည့်တန်ဆာ အဖြစ် အသွင်ယူကာ တရုတ် ပြည် သူ့ လွတ်မြောက် ရေးတပ်မတော် တပ် သား တွေ နဲ့ ပျော်ပါး ပြီး သတင်း ရယူ ခဲ့ တာ ကြောင့် ကူမင်တန် တွေ ဟာ ကူမင်း မြို့ အနီး ထိ စစ် ထိုး နိုင် ခဲ့ လို့ PLA တွေ အထိ နာ ခဲ့ ပါတယ်။

ဒါကြောင့် လည်း ကူမင်တန် တွေ ထိုင်ဝင် ကို ဆုတ် ခွာ သွား တဲ့ အခါ သူ့ ရဲ့ တပ်တွေကို များစွာ အကူ အညီ ပေး ခဲ့ တဲ့ ကိုးကန့် နဲ့ ၀ လူမျိုး ၂၀၀ ကျော် လောက် ကို ဗိုလ်ချုပ်ကြီး လီမီက ထိုင်ဝမ် ကျွန်း အထိ ခေါ် သွား ပြီး ROC အကြီး အကဲ ချန်ကေရှိတ် နဲ့ ပါ ပေး တွေ. စေ ခဲ့ ပါတယ်။

……

ဓာတ် ပုံ များ …
ကူမင်တန် ပါတီ ခေါင်းဆောင် နှင့် ကွန်မြူနစ် အစိုး ရ မတိုင် ခင် တရုတ် ပြည် အကြီး အကြီး အကဲ ဗိုလ် ချု ကြီး ချန်ကေရှိတ် အား အမေရိကန် သမ္မတ ဖရန် တလင် ဒီ ရုစဗဲ့၊ ဗြိတိသျှ နန်းရင်း ဝန် ချာချီ တို့ နှင့် အတူ ၁၉၄၃ ခုနှစ် က အီဂျစ် နိုင်ငံ တွင် တွေ့ ရစဉ်

ကူမင်တန် တပ် များ မြန်မာ နိုင်ငံ အတွင်း သို့ မိုင်းလား မြို့ အနီး မှ ၀င် ရောက် လာစဉ်
၁၉၅၂ ခုနှစ် တွင် ကူမင်တန် များ လှုပ်ရှား ရာ နယ်မြေ