အယ်(လ)ချာ ပို ရဲ့ သား က ဇမ်ဘာဒါ ကို အယုံသွင်း လှည့်စားပြီး အယ်မိုဆီယို (Hermosillo) မြို့ နား မှာ လေယာဉ် ပေါ် ကို အပါ ခေါ်နိုင် ခဲ့တယ်။ အယ်မိုဆီယို မြို့ ဟာ အမေရိကန် နိုင်ငံ အရီဇိုးနား ပြည်နယ် နဲ့ ထိစပ် နေတဲ့ ဆိုနိုရာ ပြည်နယ် ထဲ မှာ ပါဝင်တယ်။ ဆိုနိုရာ ဟာ မက္ကဆီကန် မူးယစ် ရာဇာ တွေ ကြီးစိုး ရာ နေရာ ဖြစ် တယ်။
Beechcraft ကိုယ်ပိုင် လေယာဉ် ငယ် ဟာ အယ်မိုဆီယို က လေဆိပ် ငယ် တစ်ခု မှာ အသင့် ရှိ နေတယ်။
လေယာဉ် စထွက် တဲ့ နေရာ က နေ နယူး မက္ကဆီကို ပြည်နယ် ဒေါ်နာ အန်နာ နိုင်ငံ တကာ လေဆိပ် ထိ ကို
နှစ်နာ ရီ နီးပါးကြာပျံ သန်းလာ ခဲ့တယ်။ (မော်တော်ကား နဲ့ ခရီးသွား ရင် ရှစ်နာရီ ကျော်ကြာမယ့် ခရီး ဖြစ်တယ်)
အယ်(လ)ချာပို ရဲ့ သား ဟာကင်း ဂဇ်မန်း လိုပက်(ဇ)
၊ လက်ရှိ မူးယစ် ဂိုဏ်း ခေါင်းဆောင် အစ္စမေး အယ်(လ) မာယို ဇမ်ဘာဒါ နဲ့ လေယာဉ်မှူး တစ်ဦး တည်း သာ လေယာဉ် ပေါ်မှာ လိုက်ပါ လာခဲ့ကြတယ်။
ဟာကင်း ဂဇ်မန်း လိုပက်(ဇ) က သူ့ညီ ကို မနှစ် က
ပါတီ ပွဲ တစ်ခု မှာ မက္ကဆီကို အစိုးရ က ဝင်ရောက် စီးနင်း ဖမ်းဆီး ပြီး အမေရိကန် ကန် ကို လွှဲ ပြောင်း ပေးပြီး ကတည်း က အမေရိကန် က အရာ ရှိကြီး တွေ နဲ့ အဆက်အသွယ် ရှိ နေခဲ့ တယ် လို့ မက္ကဆီ ကို က သတင်း တွေ မှာ ဖော်ပြ ထား တယ်။
လှို့ဝှက် လေယာဉ် ကွင်း နဲ့ စက်သေနတ် တွေ ပါ ထားရှိ တဲ့ နေရာ ဖြစ်တာ ကြောင့် ဘယ်သူမှ မသိစေလို့ တဲ့ အတွက် ဂိုဏ်း ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေ သာ သွားရောက် ကြည့်ရှုတာ ဖြစ် နိုင်ကြောင်း မက္ကဆီကန် ဘလောက် ဂါ တွေ က ရေး ပါတယ်။
မက္ကဆီကန် လေယာဉ်မှူး နဲ့ ပါ ကြိုတင် ကြံစည် အကွက် ချ စီစဉ် ခဲ့ သလို နံနက် စောစော စီးစီး မှာ ဖြစ်တဲ့ အတွက် လေယာဉ် စ ပြီး ထွက်ခွာ ချိန် မှာ ပဲ
ဇမ်ဘာဒါ ဟာ မေ့ဆေး သို့ မဟုတ် အခြား အကြောင်း အရင်း တစ်ခုခု ကြောင့် သူဟာ ဘယ်လို မှ ပြန်ပြီး ရင်ဆိုင် လို့ မရ တဲ့ အခြေအနေ နဲ့ ကြုံရ နိုင်ဖွယ် ရှိ နေလို့ အခု လို လွယ်လင့် တကူ အဖမ်းခံရ တာ ဖြစ် နိုင်တယ် လို့ သုံးသပ် ကြတယ်။
ဟာကင်း ဂဇ်မန်း လိုပက်(ဇ) ဟာ လည်း အမေရိကန် က အလိုရှိ နေသူ တစ်ဦး ဖြစ်ပြီး ဇမ်ဘာဒါ ဘယ်နေရာ မှာ ရှိ နေ လဲ ဆိုတာ သတင်း ပေး ရုံ နဲ့ ဒေါ်လာ ၁၅ သန်း ဆု ချမယ် လို့ လဲ အမေရိကန် က ဆုငွေ ထုတ်ထား ပါတယ်။
🚨 အယ်(လ)ချာပို ရဲ့ သား က ဘာကြောင့် ဒီလမ်း ကို ရွေးချယ် ခဲ့ တာလဲ။
++++++++++++++++++++
၂၀၁၆ မှာ သူ့ဖခင် အဖမ်းခံ ရတာ အပါအဝင် သူ့ညီ အဖမ်း ခံ ရ တာတွေ ဟာ ဇမ်ဘာဒါ ရဲ့ စနက် တွေ လို့
ဟာကင်း က ယုံကြည် နေပါတယ်။
ဟာကင်း က ရဲ့ သူ့ ရဲ့ ညီ အိုဗီဒီယို အဖမ်းခံ ရတာ ဟာ ဇမ်ဘာဒါ ရဲ့ သား တစ်ဦး နဲ့ တပည့် တယောက် ကြောင့် ဖြစ်တယ် လို့ ယူဆထား ပါတယ်။
ကိုလံဘီယာ နိုင်ငံ က အက်(စ) ကိုဘာ ရဲ့ မယ်ဒလင်မူးယစ် ဂိုဏ်း လို ပဲ ဆီနော် လိုအာ မူးယစ် ဂိုဏ်း ခေါင်း တွေ ဖြစ် တဲ့ အယ်(လ)ချာပို နဲ့ ဇမ်ဘာဒါ တို့ နှစ် ဦး ဟာ မက္ကဆီ ကို မှာ သမ္မတ ပြီး သွား ရင် သြဇာ အကြီး မား ဆုံး သူ တွေ ဖြစ် ပြီး ပိုင်ဆိုင် မှု တွေ များ စွာ၊ ဇနီး နဲ့ သားသမီး ပေါင်း များ စွာ ရှိ ပါတယ်။

ဇမ်ဘာဒါ ရဲ့ သား တစ် ဦး ဟာ မူယစ်ဆေးဝါးမှု နဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ် ခံရပြီး အမေရိကန် အကျဉ်း ထောင် တစ်ခု က နေ မကြာ သေး ခင် က မှ ပြန်လည် လွတ်မြောက် လာ ခဲ့ သူ ဖြစ်ပါတယ်။
နောက် သားနှစ်ဦး ကလည်း အကျဉ်း ထောင်ထဲ မှာ ဖြစ်ပါတယ်။
ချာပီတို လို့ လူသိများ တဲ့ အယ်(လ) ချာပိုလ် ရဲ့ သား တစ်ဦး ဖြစ်တဲ့ အိုင်ဗန် ဆယ်(လ)ဇာ ဆိုရင် လက်ရှိ မူးယစ် ဂိုဏ်း ကို ဦးဆောင် နေသူ တစ်ယောက် လို့ ယုံကြည် ရ ပြီး အမေရိကန် အစိုး ရ က သူ့ ကို သတင်း ပေး နိုင်ရင် ဆုငွေ ဒေါ်လာ ဆယ်သန်း ပေးမယ် လို့ ကြေငြာ ထားပါတယ်။
မြန်မာ ပြည် လွတ်လပ်ရေး မရ ခင် သုံးရက် အလို မှာ မွေးဖွား ခဲ့ တဲ့ ဇမ်ဘာဒါ ဟာ ငယ်စဉ်က အမေရိကန် နိုင်ငံ ကာလီဖိုးနီးယား နဲ့ အရီဇိုးနား တို့ မှာ ကာလ ငယ် တစ်ခု လောက် ကို နေထိုင် ခဲ့ဖူး ပါတယ်။
နောက်ပိုင်း မူးယစ် ရာဇာ ဘဝ နဲ့ ကြွယ်ဝ လာပြီး နောက် မှာ တော့ မက္ကဆီကန် အလှပဂေး တွေ နဲ့ တွဲခုတ် ခဲ့ ပါသေးတယ်။

သူဟာ ဒေါ်လာသန်းချီတန် မော်တော်ကား တွေ သာမက လေယာဉ်ပျံ နဲ့ ရေငုပ် သင်္ဘော တွေ ပါ ပိုင်ဆိုင် သူ လည်း ဖြစ်ပါတယ်။
တစ်ခါ က ဘဟား ကယ်လီဖိုးနီးယား က သတင်းစာ တစ်ခု ဖြစ်တဲ့ Gringo Gazette က ဘာလို့ အခြား အလုပ်တွေ မလုပ် ပဲ မူးယစ်ဆေးဝါး ရောင်းတာ လဲ လို့ မေးတဲ့ အခါ ဝယ်သူ ရှိ လို့ ရောင်း တာပါ လို့ ပြန်ဖြေတာ ကြောင့် လူသိများ ခဲ့ ပါတယ်။
ဇမ်ဘာဒါ ခေတ်လွန် မှာ CDS လို့ လူသိများ တဲ့ Cartel De Sinoloa ကို သူ့ ရဲ့ သား အကြီး Iván Archivaldo Guzmán Salazar က ဆက်ပြီး ဦးဆောင် နေပါတယ်။
🚨 လေယာဉ် ပေါ်က အဆင်း မှာ အဖမ်း ခံ ရသူ တွေ
++++++++++++++
လေယာဉ် ပေါ်က အဆင်း အဖမ်းခံရ သူ တွေ ထဲ မှာ မြန်မာ ပြည်က စစ်ထောက်လှမ်းရေး အကြီး အကဲ ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လည်းပါဝင် ပါတယ်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ တာချီလိတ်က အပြန် မင်္ဂလာဒုံ လေဆိပ် မှာ အဖမ်း ခံလိုက် ရ တာပါ။
Sicario ဆီကာရီယို ရုပ်ရှင် ကား နဲ့ အခြား ဟောလိဝုဒ် ဇာတ်လမ်း တွဲ တွေ မှာ ဆိုရင် လေယာဉ် ကို လမ်းကြောင်း လွှဲပြောင်း မောင်းခိုင်း ပြီး အမေရိကန် က အလို ရှိသူ တွေ ကို ဖမ်းဆီး နိုင်ခဲ့ ပုံ ကို ရိုက်ကူး ပြသ ခဲ့ ကြပါသေးတယ်။
အမေရိကန် နိုင်ငံ ထုတ် သတင်းစာများ၊ ရုပ်သံ များ အပြင် မက္ကဆီ နိုင်ငံ ထုတ် သတင်းစာ၊ ရုပ်သံ နဲ့ ပေါ့ကတ်(စ) တွေ ကို ကိုးကား ပြီး Freedom News Group က တင်ဆက်ထား တာ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++
မှတ်ချက် – ဒေါ်နာ အန်နာ နိုင်ငံ တကာ လေဆိပ် ဟာ မက္ကဆီကို နယ်စပ် အနီး မှာ ရှိတာ ဖြစ်ပြီး တက္ကဆက် ပြည်နယ် အယ်(လ)ပါ ဆို နဲ့ ၁၈ မိုင် ပဲ ကွာ ဝေး ပါတယ်။
ဇမ်ဘာဒါ နဲ့ ဟာကင်း ကို ဒေါ်နာ အန်နာ လေဆိပ် မှာ ဖမ်း ပြီး နောက် မှာ တက္ကဆက် ပြည်နယ် အယ်(လ)ပါ ဆို ကို ပို့ဆောင် ခဲ့ တာပါ။
သောကြာ နေ့ က အယ်(လ)ပါ ဆို တရား ရုံး မှာ ရုံး ထုတ် တော့ ဇမ်ဘာဒါ က သူ့ မှာ အပြစ် မရှိ ကြောင်း လျှောက်လဲ ခဲ့ ပါတယ်။
အယ်(လ)ချာပို ရဲ့ သား ကို တော့ ရှေ့ သီတင်း ပတ် မှာ ရုံးထုတ် မှာ ဖြစ်ပါတယ်။
မက္ကဆီကို နိုင်ငံ က ဘလောက် တွေ မှာ တော့ ဟာကင်း နဲ့ အမေရိကန် အရာ ရှိ တွေ ရဲ့ အပေး အယူ မှာ ဇမ်ဘာဒါ ကို ရရင် သူ့ ညီ နဲ့ သူ့ ဖခင် အယ်(လ)ချာ ပို တို့ ရဲ့ ပြစ်ဒဏ် တွေ လျှော့ ပေါ့ နိုင် တယ် လို့ ပြောကြ ပါတယ်။
