မီလိုင် ‌ကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရ မှု မှာ တာဝန် ရှိ ခဲ့ တဲ့ ၀ီလီယံ ကယ်လီ အသက် ၈၀ အရွယ် မှာ ကွယ်လွန်

ဗီယက်နမ် နိုင်ငံ တောင်ပိုင်း မှာ ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မှာ ဖြစ်ပွား ခဲ့ တဲ့ မီလိုင် ရွာ အစုလိုက်အပြုံလိုက် အသတ် ခံရ မှု သတင်း ဟာ ကမ္ဘာ ကို သာ လှုပ်ခတ် ခဲ့ သာ မဟုတ် ပဲ မြန်မာ နိုင်ငံ ရန်ကုန် မြို့ က ရန်ကုန် တက္ကသိုလ် ပရဝုဏ် ကို လည်း အရှိန် ပြင်းပြင်း နဲ့ ဆောင့် ခဲ့ ပါတယ်။

မီလိုင် ရွာ နဲ့ မီခိုင် ရွာ လုံးကျွတ် သတ်ဖြတ်ခံ ရ တဲ့ သတင်း ကြောင့် ရန်ကုန် တက္ကသိုလ် ကျောင်းသား တစ်ချိူ့ ဦးဆောင်ပြီး ဗီယက်နမ် ကျူးကျော် စစ် ဆန့်ကျင်ရေး တွေ အားကောင်း လာခဲ့ ပါတယ်။

ရန်ကုန် တက္ကသိုလ် က ဗီယက်နမ် စစ်ဆန့် ကျင်ရေး ကျောင်းသား တွေ ဟာ အဲဒီ အချိန် က ကုန်သည် လမ်း ပေါ် မှာ ဖွင့်လှစ် ပြီး ခါစ အမေရိကန် သံရုံး ရှေ့ ထိ ချီတက် ဆန္ဒပြဖို့ အထိ စီစဥ် ခဲ့ ပေမယ့် ဗိုလ်မှူးကြီး စိန်လွင် နဲ့ တက္ကသိုလ် သေနတ် ကိုင် တပ်ရင်း က အရာရှိကြီး တွေ ကြားဝင် ‌ဆောင်ရွက် ခဲ့ တာ တွေ ရှိ တာ ကြောင့် သံရုံး ရှေ့ ထိ ချီတက် ဆန္ဒပြ ပွဲ မဖြစ် လိုက် ဖူး လို့
စစ်ဆန့် ကျင်ရေး လှုပ်ရှား မှူ မှာ ပါဝင် ခဲ့ ဖူး တဲ့ ကျောင်း သား တစ်ဦး က Freedom News ကိုပြောပါတယ်။

ကလေး ငယ် တွေ နဲ့ အရွယ် မရောက် သေး သူ တွေ ပါ ပါဝင် တဲ့ လူ ငါးရာ ကျော် သေဆုံး ခဲ့ တဲ့ မီလိုင် ‌ကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရ မှု မှာ တာဝန်ရှိ ခဲ့ တဲ့ ဒုဗိုလ် ဝီလီယံ ကယ်လီ ဟာ အသက် ၈၀ အရွယ် ဧပြီလ ၂၄ ရက် မှာ ဖလော်ရီဒါ ပြည်နယ် က နေအိမ် မှာ ကွယ်လွန် ခဲ့ ပါတယ်။

မီလိုင် ရွာ အစုလိုက် အပြုံက် သတ်ဖြတ် ခံရ မှု ပြီးနောက် ကျွင်းကျန် ရစ်သော ရုပ်အလောင်းများ ကို
ဓာတ်ပုံ ဆရာ က မှတ်တမ်း တင်ထားစဥ်

ဒုဗိုလ် ကယ်လီ ကွယ်လွန် ခဲ့ တာ ကို လည်း ဇူလိုင်လ ၂၉ ရက်နေ့ ကျ မှ ဝါရှင်တန် ပိုစ် သတင်း စာကြီး က စုံစမ်း သိရှိ ရပြီး သတင်း ဖော်ပြခဲ့တာပါ။ စစ်ရာဇဝတ်ကောင် ဖြစ်ခဲ့ပြီး နောက် သူ့ အတွက် ရှင်သန် နေထိုင် မှု ကို အန္တရာယ် ရှိ တဲ့ အတွက် အများ နဲ့ ဆိုင် တဲ့ မှတ်တမ်း တွေ မှာ သူ့ နာမည် ကို ဖျောက်ဖျက် သို့မဟုတ် လှီးလွှဲ ထား တဲ့ အတွက် သူ ရှင်သန် စဥ် မှာ ဘာတွေ လုပ် ခဲ့ တယ်၊ ဘယ်မှာ နေတယ်၊ ဘာလုပ် တယ် ဆိုတာ ကို ပြည်သူ တွေ က မသိ အောင် လုပ်ထား တဲ့ တရားရုံး အမိန့် အစီအစဥ် တစ်ခု ဖြစ်ပါတယ်။

ဒုဗိုလ် ဝီလီယံ ကယ်လီ ကို တရားရုံး အထုတ် တွင် တွေ့ရစဉ်

ဒုဗိုလ် ဝီလီယံ ကယ်လီ ဟာ လူအစုံလိုက် အပြုံလိုက် သတ်ဖြတ် မှု မှာ ဦးဆောင် ပါ၀င် မှု အပါ အဝင်
အမှု ပေါင်း ၂၂ မှု နဲ့ အမေရိကန် စစ်ဘက် ဆိုင်ရာ တရားရုံး မှာ တရားစွဲ ဆို ခဲ့ ရပြီး တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ် ခံခဲ့ ရ ပါတယ်။

စစ်တပ် အကျဥ်းထောင်ထဲ မှာ သုံးရက် ကျော်လောက်ပဲ နေလိုက်ရပြီး သမ္မတ ရစ်ချတ် နစ်ဆင် ရဲ့ လွတ်
ငြိမ်းချမ်းသာ ခွင့် အမိန့် နဲ့ အကျဥ်းထောင် က ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

ဒုဗိုလ် ဝီလီယံ ကယ်လီ က မီလိုင် ကျေးရွာ မှာ စစ်ရာဇဝတ် မှု ကျူး လွန် နေစဥ် လေတပ် နဲ့ ရေတပ် က အရာရှိ ငယ်တွေ ဖြစ်တဲ့ Glenn Andreotta၊  Lawrence Colburn နဲ့  Hugh Thompson Jr
တို့ က ဝင်ရောက် ဟန့် တား ခဲ့ပြီး ကျေးရွာသား အချို့ ကို စွန့်စား ကယ်ထုတ် နိုင် ခဲ့ တဲ့ အတွက်လည်း
အမေရိကန် စစ်တပ် ရဲ့ စစ်မှုထမ်း ဟောင်း ဆုတွေ ရရှိ ခဲ့ ပြီး မီလိုင် ကျေးရွား သား တွေ ကိုယ် တိုင် က
သူရဲ ကောင်း အဖြစ်ဂုဏ်ပြု ခဲ့ တာ တွေ ရှိပါတယ်။

မီလိုင် ကျေးရွာ သား တွေ ကို ခက်ရာ ခက်ဆစ် ကယ်ထုတ် နိုင်ခဲ့ တဲ့ ရေတပ် ဗိုလ် Hugh Thompson