ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မှာ ရှိ တဲ့ မြန်မာ စစ်တပ် ရဲ့ စဌာန ချုပ် တွေထဲ က အရေး ပါဆုံး စစ်ဌာန ချုပ် တစ်ခု ဖြစ် တဲ အရှေ့မြောက် တိုင်း စစ်ဌာန ချုပ် မြန်မာ အမျိုးသား ဒီမိုရေစီ သစ် တပ်မတော် MNDAA က ဒီနေ့ နံနက် အပြီးသတ် ထိုးစစ် ဆင်ပြီး တိုက်ခိုက် သိမ်းပိုက် နိုင် ခဲ့ တယ် လို့ Freedom News က သိရပါတယ်။
ဇွန် လ ၂၉ ရက်နေ့ ကတည်း က လားရှိုးမြို့ ကို သိမ်းနိုင် ဖို့ အတွက် MNDAA နဲ့ မဟာမိတ် တပ် တွေ က အပြင်းအထန် ထိုးစစ် ဆင် နေ ပြီး တစ် လ ကျော် အကြာ မှာ စစ်ဌာန ချုပ် တစ်ခု လုံး ကို သိမ်းဆည်း ရမိတာ ဖြစ်ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး က ဗိုလ်မှူးချုပ်စိုးလှိုင်ဖြစ်ပါတယ်၊ ဗိုလ်မှူးချုပ်စိုးလှိုင် ဟာတပ်မ ၉၉ တပ်မမှူး အဖြစ် တာဝန်ယူနေရာ ကနေ ဇူလိုင် လ နှောင်း မှာ ရမခ တိုင်းမှူး ဖြစ်လာတာပါ။
မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) က ဇူလိုင်လ ၂၂ ရက်နေ့ မှာ မြို့ ပြင်မှာ ရှိ တဲ့ ခလရ ၆၈ ကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။

နောက် နှစ် ရက် အကြာ မှာ တော့ အမှတ် ၁ ရပ်ကွက် မှာ ရှိ တဲ့ တပ် အင်အား ၃၀၀ လောက် ရှိ တဲ့ ခလရ ၄၁ ကို သိမ်းပိုက် နိုင် ခဲ့ ပြီး နောက် ငါးရက် လောက် အကြာ မှာ ကောင်းခါး ရပ်ကွက် မှာ ရှိ တဲ့ လားရှိုး အကျဉ်း ထောင် ကို ဝင်စီးပြီး နိုင်ငံရေး အကျဉ်းသား တွေ ကို ကယ်ထုတ် နိုင်ခဲ့ ပါတယ်။
နောက် တစ်ရက် အကြာ မှာ တော့ မြန်မာ စစ်တပ် ရဲ့ သတ္တမ မြောက် စစ်ဌာန ချုပ် ဖြစ်တဲ့ လားရှိုး မြို့ က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရဲ့ တပ်ဝင်း ထဲ ထိ ဝင်ရောက် နိုင် ခဲ့ က ဗဟိုကင်း ကို ဝန်းရံ ထား နိုင် ခဲ့ ကာ လားရှိုး အမှတ် ခြောက် စစ် ဆေးရုံ ကြီး နဲ့ တပ်မတော် ဆေး တပ် ကို သိမ်းပိုက် နိုင် ခဲ့တာပါ။
ဒီနေ့ မနက် မှာ တော့ ၄၈ နာရီ လောက် ဝန်းရံခံ နေရ တဲ့ ဗဟိုကင်း တပ် က လက်နက်ချ ပြီး နောက် မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တစ်ခု လုံး ကို သိမ်းပိုက် နိုင် ခဲ့ တာ ဖြစ်ပါတယ်။
မြန်မာ အမျိုးသား ဒီမိုရေစီ သစ် တပ်မတော် MNDAA က လားရှိုး မြို့ ကို အပြင်းအထန် ထိုးစစ် ဆင် နေ ချိန် မှာ မြန်မာ စစ်တပ် က လောက်ကိုင် မြို့၊ သန္ဓီ မြို့ နဲ့ ကျောက်မဲ မြို့ တွေ ကို လေကြောင်း က နေ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက် ခဲ့ပါတယ်။

မြန်မာ စစ်တပ် ရဲ့ စစ်ခေါင်းဆောင် ဟောင်း ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး ဟာ ၁၉၈၄ ခုနှစ် က နေ ၁၉၈၉ ခုနှစ် ထိ ဗိုလ်မှုးကြီး ဘဝ နဲ့ ရမခ တိုင်းမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။
ဒုတိယ သမ္မတ ဟောင်း ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ် ကြီး သီဟသူရ တင်အောင်မြင့်ဦး ဟာ လည်း ရမခ တိုင်းမှုး ဟောင်း အဖြစ် တာဝန်ထမ်းဆောင် ခဲ့ ဖူးပါတယ်။

မြန်မာ စစ်တပ် လားရှိုး မြို့ ကို ပြန်သိမ်း နိုင် မလား
တရုတ် နိုင်ငံ နဲ့ ထိပ်စပ် နေ တဲ့ မြန်မာ နယ်နမိတ် တွင်း က အရေး ပါ ဆုံး မြို့ ဖြစ်တဲ့ အပြင် တိုင်းစစ်ဌာနချုပ် နဲ့ အခြား တပ် ငါး ခုရှိတာ ကြောင့် စစ်ကောင်စီ တည်မြဲရေး အတွက် လည်း အဓိက အကျဆုံးဖြစ်တာ ကြောင့် စစ်ကောင်စီ တပ် တွေ ဟာ လားရှိုး မြို့ ပြန်ရရှိ ရေး အတွက် ဖြစ်နိုင်သမျှ နည်းမျိုးစုံ သုံးပြီး ပြန်တိုက် မှာ ပါတယ်။
လက်နက် အင်အား၊ ရိက္ခာ နဲ့ နည်းပညာမှာ အခြား လက်နက် ကိုင် အဖွဲ့ တွေ ထက် အစစ အရာရာ သာလွန် နေပေမယ့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက် နိုင်မယ့် (Battalion Soldiers) စစ်သားကောင်း ရှားပါး သွားတာ က အဓိက ပြဿနာ ဖြစ်ပါတယ်။
တိုက်ရည် ခိုက်ရည် ကောင်းတဲ့ စစ်သားကောင်း တွေ နဲ့ တည်ထောင်ထား တဲ့ စစ်တပ် ဖြစ်ဖို့ နှစ် နဲ့ ချီကာ အချိန်ယူ ရတာ ဖြစ်ပြီး ဖုတ်ပူ မီးတိုက် ပြန်တည်ဆောက် လို့ မရ တာ က လည်း စစ်ကောင်စီ အတွက် အရှုံး ပြီး ရင်း အရှုံး ဖြစ်နေတာပါ။
နောက်တစ်ချက် က တော့ မြန်မာ စစ်တပ် ဟာ Defense Line လို့ ခေါ်တဲ့ ခံစစ်ကြောင်း နဲ့ Line of Departure (Start Line) လို့ ခေါ်တဲ့ ထိုးစစ် (တိုက်စစ်) စမယ့် နေရာ တွေ ကို ပီပီပြင်ပြင် မချမှတ် နိုင်တာ ဟာ စစ် ကိုရှုံးပြီး ရင်း ရှုံး စေမယ့် အကြောင်း တွေ ဖြစ်ပါတယ်။
ယခုနှစ် ဆန်း က ရှမ်းပြည် နယ် အရှေ့ ပိုင်း လောက်ကိုင်ဒေသ တိုက်ပွဲ၊ ရခိုင်ပြည်နယ် က ငပလီ ကမ်းခြေ ဒေသ နဲ့ သံတွဲ တိုက်ပွဲ အပါအဝင် မန္တလေး တိုင်း အတွင်း က မိုးကုတ် မြို့ တိုက်ပွဲ တွေ မှာ Line of Departure (Start Line) လို့ ခေါ်တဲ့ ထိုးစစ် (တိုက်စစ်) စမယ့် နေရာ တွေ စီစဉ် နိုင်ဖို့ အခွင့် အရေး ရှိ ခဲ့ ပေမယ့် ခံစစ် ကြောင်း ပါ ပီပီ ပြင်ပြင် မရှိ ခဲ့ တာ ကို ထင်ထင်ရှားရှား တွေ့ ရ မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်း နှင့် Freedom News အဖွဲ့သား များ ရေးသား တင်ဆက်ပါသည်။
