တစ်ချိန် က ဒီမိုကရေစီ ကြယ် တစ်ပွင့် ဖြစ်ခဲ့ တဲ့ ဘင်္ဂလားဒေရှ် ဝန်ကြီးချုပ် ဟောင်း ရှိခ် ဟာဆီနာ ဟာ ဆန္ဒပြ ပြည်သူ တွေ ကို ပစ်သတ် ဖို့ အမိန့် ပေး တဲ့ အာဏာရှင် အဖြစ် နဲ့ နာမည်ပျက် ပြီး ဘာလချောင် ကြော်၊ ဒိုတီ လေးခု နဲ့ ဆာရီ ဝတ်စုံ နှစ် ခု လောက်ပဲ ကျန်ကျောင်း အိတ် ထဲ ထည့် ကာ တိုင်း ပြည် က ထွက် ပြေး ခဲ့ ရ တယ်။
ဘင်္ဂလားဒေရှ် နိုင်ငံ ရဲ့ မြို့တော် ဒါကာ မှာ ရှိ တဲ့ ဂါနာဘာဘန်း ဝန်ကြီးချုပ် အိမ်တော် က နေ ရှိခ်ဟာဆီနာ ထွက်ပြေးပြီ ဆိုတာ ကို ဆန္ဒပြ သူ တွေ သိပြီး မကြာခင် မှာ ပဲ အိမ်တော် ရှိရာ ကို ဒါကာ မြို့ ခံ တွေ ချီတက် သွား ခဲ့ ကြပါတယ်။

အိမ်တော် ရှေ့ မှာ ဆန္ဒပြ ကြွေးကျော် သံ တွေ ဟစ် နာရီ အနည်း ငယ် ကြာ အောင် ဟစ်ကြွေး ခဲ့ ကြပြီး အိမ်တော် စောင့် ရဲ နဲ့ စစ်တပ် က အမိန့် အရ ဆုတ်ခွာ သွား တဲ့ အခါ ဆန္ဒ ပြ သူ တွေ က အိမ်ထဲ ကို ဝင် ရောက် ပြီး နေအိမ် ထဲ က မစ် ဟာဆီနာ ရဲ့ အတွင်း ခံ အဝတ် အစား ပါ မကျန် ယူဆောင် သွား တယ် လို့ ဒါကာ ထရီဗြွန်း သတင်းစာ မှာ ရေးသား ထားပါတယ်။
ရေခဲ သေတ္တာ ထဲ ထည့် ထား တဲ့ ငါးသလောက် နဲ့ ကကူရံ တွေ၊ ညစာ အတွက် ဒံပေါက် နဲ့ ကြက်သား ဟင်းတွေ သာမက ပန်းချီကား တွေ၊ ဒယ် အိုး နဲ့ လက်နှီး ပါ သယ်ဆောင် သွားကြတယ် လို့ ဆိုပါတယ်။

ပစ္စည်း သယ်ဆောင် သူ တစ်ဦး ဆိုရင် ဟာဆီနာ ဒုတိယ အကြိမ် ဝန်ကြီးချုပ် အဖြစ် ကျမ်း သစ္စာ ကျိန် ဆို တုန်း က ဝတ်ဆင် တဲ့ ဆာရီ ချုံထည် ကိုပါ ဝတ်ဆင် ပြီး တစ်ခြား ပစ္စည်း တွေ ကို သယ် ဆောင် သွား တာ ကို ပါ တွေ့ ရ ပါတယ်။
ပါကစ္စတန် လက်အောက် မှာ ရှိ တဲ့ အရှေ့ ပါကစ္စတန် ဘဝ ကနေ လွတ်မြောက် ဖို့ ဦးဆောင် လှုံ့ဆော် ခဲ့တဲ့ သူ့ ရဲ့ ဖခင် ရှိခ် မူဆီနာ ဟာဆီဘာ ရဲ့ နိုင်ငံ တဝှမ်း က ရုပ် တု တွေ ကို လည်း ဆန္ဒပြ သူ တွေ က ဖျက်ဆီး ခဲ့ ပါ တယ်။
၁၉၇၅ ခုနှစ် ဩဂုတ် လ ၁၅ ရက်နေ့ ဘင်္ဂလားဒေရှ် နိုင်ငံ ရဲ့ စစ်အာဏာသိမ်းမှု မှာ ဟာဆီနာ ရဲ့ မိဘ နှစ်ပါး လုံး ရော၊ ဦးလေး၊ အကို နဲ့ ညီမ တွေ ပါ သတ်ဖြတ် ခံ ခဲ့ ရ ပြီး အခြား စစ်တပ် အရာရှိ ကြီး တွေ ပါ အသတ် ခံ လိုက်ရတာပါ။
ကမ္ဘာမှာ သွေးချောင်း အစီး ဆုံး စစ် အာဏာ သိမ်း မှု တွေ ထဲ က တစ် ခု ဖြစ် ပါတယ်။
တစ်လ အတွင်း မှာ နှစ်ကြိမ် ထိ တန်ပြန် အာဏာ သိမ်း မှု ဖြစ်ခဲ့ ပါတယ်။

လူပေါင်း ရာ နဲ့ ချီ သေဆုံး တဲ့ စစ်အာဏာ သိမ်းမှု အတွင်း မှာ ရှိခ် ဂျာမဏီ ကို ရောက် နေ တဲ့ ဟာဆီနာ ဟာ လွတ်မြောက် သွား ခဲ့ ပါတယ်။
ဂျာမဏီ က ဘင်္ဂလားဒေရှ် သံအမတ်ကြီး အိမ်မှာ ခိုလှုံ နေ တဲ့ အသက် ၂၈ နှစ် အရွယ် ဟာဆီနာ ကို အိန္နိယ သမ္မတ အင်ဒရာ ဂန္ဒီ က နိုင်ငံ ရေး ခိုလှုံ ခွင့် ပေး တဲ့ အတွက် အိန္ဒိယ မှာ ခြောက် နှစ် လောက် နေထိုင် ခဲ့ ပြီး ၁၉၈၁ ခုနှစ် မှာ သူ့ ဖခင် ရဲ့ နိုင်ငံ ရေး အသင်းကြီး အဝါမီ လိခ် ရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေး ချယ် ခံ ရ ပြီး နောက် ဇာတိမြေကို ပြန်လာ ခဲ့ ပါတယ်။
၁၉၈၁ ခုနှစ် က နေ ၂၀၀၉ ခုနှစ် ရွေးကောက် ပွဲ မှာ အနိုင်ရကာ ဝန်ကြီးချုပ် ဖြစ်တဲ့ အချိန်အ ထိ ဟာဆီနာ ဟာ ထောင်ချ ခံရ တာ တို့ ၊ နေအိမ် အကျယ် ချုပ် အချ ခံရတာ တို့ ကို မကြာ ခဏ ကြုံ တွေ့ ရ ပေမယ့် သူ ဟာ စစ်အုပ်ချုပ် ရေး ကို ဆန့်ကျင်သူ အဖြစ် နိုင်ငံ အတွင်း နဲ့ ကမ္ဘာ ကပါ သောင်းသောင်း ဖျဖျ ဝန်းရံ ခံရသူ ဖြစ်လာ ခဲ့ ပါတယ်။

၁၅ နှစ် ကျော်ကြာ ဝန်ကြီး ချုပ် ဘဝ ရဲ့ နောက်ဆုံး နေ့ မှာ တော့ တစ်ချိန် က ဒီမိုကရေစီ ငွေကြယ် ပွင့် ဟာ ပလတ်စတ် အိတ် နှစ် လုံး မှာ သွားတိုက်ဆေး နဲ့ အခြား အဝတ်အထည် တွေ ကို ထည့်ကာ နှုတ်မဆက် နိုင်တော့ ပဲ နိုင်ငံ က နေ တိတ်တိတ် လေးထွက် ပြေး ရသူ ဘဝ နဲ့ အဆုံး သတ် ခဲ့ ရပါတယ်။
မလှပ မှု နဲ့ အဆုံးသတ် ခဲ့ ရ တဲ့ သူ့ ရဲ့ နိုင်ငံရေး ဘဝ ကို နိုင်ငံ တကာ သတင်းစာ တွေ က ဒီမိုကရေစီ ကြယ် တစ်ပွင့် မှ အာဏာရှင် အဖြစ် သို့ သီတင်း နှစ် ပတ် အတွင်း ရောက်ရှိ ခဲ့ သူ အဖြစ် ညွန်းဆို ခဲ့ ကြပါတယ်။

Freedom News မှ တင်ဆက်ပါသည်။
🚨 အဆင့် မြင့် ဗိသုကာ လက်ရာများ ဖြင့် တည်ဆောက် ထား သည့် ဂါနာဘာဘန်း စံ အိမ်တော် သည် ဘင်္ဂါလားဒေရှ် ဝန်ကြီးချုပ် ၏ အိမ် တော် ဖြစ် ပြီး လွှတ်တော် နှင့် မိုင်အနည်း ငယ်သာ ကွာဝေးပါသည်။
