လေယာဥ် ‌ပေါ်ပါရှိ သူ အကုန် ‌သေတဲ့ ဘရာဇီး လေယာဥ် ပျက်ကျမှု

ဘရာဇီး နိုင်ငံ မှာ လေယာဥ် ပျက်ကျမှု မှာ လေယာဥ် ပေါ််လိုက်ပါလာသူ ၆၁ ဦး စလုံး သေဆုံး ခဲ့ ပါတယ်။ ခရီးသည် ၅၇ နဲ့ လေယာဥ် အမှုထမ်း လေးဦး ဖြစ်ပါတယ်။

ပရာနာ ပြည်နယ် ကစ်ကာဗလ် မြို့ က နေ ဆာအူး ပေါလ်လို မြို့ ကို ပျံ သန်းမယ့် ခရီးလမ်း ရဲ့ အစ ဖြစ် တဲ့ လေယာဥ် တက်ပြီး မကြာခင် မှာ ပဲ လေယာဥ် ဟာ ပျက်ကျ ခဲ့ တာ ဖြစ်ပါတယ်။

လေယာဥ် ဟာ ၂၀၁၀ ခုနှစ် ထုတ်ဖြစ်ပြီး နည်းပညာ ပိုင်း ဆိုင်ရာ ဘာအမှား အယွင်း မှ မရှိ ခဲ့ ပဲ ဘာကြောင့် ခုလို ပျက်ကျ သွား လဲ ဆိုတာ ကို တော့ စုံစမ်း စစ်ဆေး နေတုန်း ပဲ ရှိ တယ် လို့ ပျက်ကျသွား တဲ့ လေယာဥ် ရဲ့ လေကြောင်း လိုင်း ဖြစ်တဲ့ Voepass က သတင်း ထုတ်ပြန် ပါတယ်။

လေယာဥ် ဟာ လူနေရပ် ကွက်ထဲ ကို တည့်တည့် ကြီး ထိုးကျ စိုက်ဆင်း ကာ ပျက်ကျ သွားတာ ဖြစ်ပါတယ်။