ကမာလာ ကို သဲလှိုက် အူတုန် မဲပေး ဖို့ သမ္မတ ဟောင်း နဲ့ ဇနီး တို့ ပန်ကြား

ဓာတ်ပုံ က တော့ အီလီနွိုက်စ်ပြည်နယ်က ချီကာဂိုမြို့မှာပြုလုပ်နေတဲ့ ဒီမိုကရက်ပါတီ ညီလာခံ ရဲ့ တတိယ မြောက် နေ့ မှာ သမ္မတ ကတော် ဟောင်း မစ်ရှဲလ် အိုဘာမား က မိန့်ခွန်း ပြောကြား နေတာ ဖြစ်ပါတယ်။

သမ္မတဟောင်း အိုဘားမား လည်း မိန့်ခွန်းပြောကြား ခဲ့ ပြီး သူရော၊ သူ့ဇနီး မစ်
အိုဘားမား ပါ သမ္မတ လောင်း ကမာလာ ဟဲရစ် ကို သဲလှိုက်အူတုန် မဲပေး ဖို့ တိုက်တုန် ခဲ့ ပါတယ်။

သမ္မတ ဟောင်း ဖြစ်တဲ့ ဘီလ် ကလင်တန် လည်း ချီကာဂို ပါတီ ညီလာခံ မှာ မိန့် ခွန်း ပြောကြား မှာ ဖြစ်ပါတယ်။

ချီကာဂို မြို့ မှာ ဒီမိုကရတ် ပါတီ ရဲ့ ပထမ ဦးဆုံး အကြိမ် ညီလာခံ ကို ၁၈၆၄ ခုနှစ် မှာ စတင် ကျင်းပ ခဲ့ ပြီး အခု တစ်ခါ နဲ့ ဆို ၁၂ ကြိမ် ရှိသွား ပြီ ဖြစ်ပါတယ်။

အဲဒီ မြို့ ဟာ ပါတီ နှစ်ခု စလုံး ကနေ ညီလာခံ ကျင်းပမှု အများ ဆုံး မြို့ လည်း ဖြစ်ပါတယ်။

Former first lady Michelle Obama during the Democratic National Convention (DNC) at the United Center in Chicago, Illinois, on Tuesday. Photo: David Paul Morris/Bloomberg via Getty Images