နင်ရှုံး၊ ငါနိုင် တံခွန်တိုင် ဆိုတဲ့ စိတ်ထား ကို ကျော် ပြီး တွေး ရမယ် လို့ ဂျူလီ ဘစ်ရှော့ ဘာကြောင့် ပြော လိုက် တာလဲ

ငါ တို့ ပဲ နိုင်ရ မယ်၊ တစ်ဖက် လူ ဟာ မရှုမလှ အရှုံး နဲ့ ရင်ဆိုင် ရမယ် ဆို တဲ့ စိတ်ဓာတ် မျိုး (Zero-Sum Mentality) ကို မြောင်းထဲ ပစ်ချ ပြီး ရှေ့ ဆက်ဖို့ လိုနေပြီ လို့ ကုလသမဂ္ဂ ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် နဲ့ သြစတေးလျ နိုင်ငံ ရဲ့ နိုင်ငံခြား ရေး ဝန်ကြီး ဟောင်း ဂျူလီ ဘစ်ရှော့ က မြန်မာ နိုင်ငံ နဲ့ ပတ်သက် ပြီး ပြော လိုက် တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ က ကုလသမဂ္ဂ ဌာနချုပ် ရဲ့ လူ့အခွင့်အရေး ကော်မရှင် ညီလာခံ မှာ မစ္စ ဘစ်‌ရှော့ က သူဟာ မြန်မာ နိုင်ငံ ကို သွားရောက် လည်ပတ်ခဲ့ ပြီး နေပြည်တော် မှာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင်၊ တိုင်းရင်းသား လက်နက်ကိုင် တွေ၊ အတိုက်အခံ တွေ နဲ့ ပါ တွေ့ဆုံ ခဲ့ တယ် လို့ ပြောကြား တာ ကို ရိုက်တာ သတင်း ဌာန က ဖော်ပြထားတာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ရဲ့ အခြေအနေ ဟာ အရမ်းဆိုးရွား တဲ့ အခြေအနေ ကို ရောက်နေတဲ့ အတွက် မြန်မာ့ အရေး မှာ ပါဝင် ပတ်သက်နေသူ တွေ အားလုံး ဟာ နင်ရှုံး၊ ငါနိုင် တံခွန်တိုင် ဆိုတဲ့ စိတ်ထား ထက်ပိုတွေး ပြီး ဆက်လက် လုပ်ဆောင် ဖို့ လို နေပြီလို့ ညီလာခံမှာ ပြောကြား ခဲ့ တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ ခြားရေး ၀န်ကြီး ဝမ်ယီ နဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် နဲ့ သြစတေးလျ နိုင်ငံ ရဲ့ နိုင်ငံခြား ရေး ဝန်ကြီး ဟောင်း ဂျူလီ ဘစ်ရှော့ တို့ ဩဂုတ်လ အတွင်း က တွေ့ဆုံစဉ်

🚨ဗိုလ်ချုပ်မှုးကြီး နဲ့ ဘယ်မှာ တွေ့သလဲ

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ နိုင်ငံရဲ့ မြို့တော် နေပြည်တော် မှာ တွေ့ဆုံ တယ်လို့ ပဲ သူက ပြောကြား ခဲ့ တာ ဖြစ်ပြီး နေ့ ရက် အတိအကျ နဲ့ ဘာအကြောင်း အရာ တွေ ဆွေး နွေး ခဲ့ တယ်ဆိုတာ တော့ အတိအကျ ထည့်သွင်း ပြောကြား တာမရှိ ဘူး လို့ ရိုက်တာ သတင်း မှာ ဖော်ပြထားပါတယ်။

Freedom News Group ကနေ စုံစမ်း သိရှိ ရ သ‌လောက် တော့ တရုတ် နိုင်ငံ ခြားရေး ၀န်ကြီး ဝမ်ယီ မြန်မာ နိုင်ငံ ကို လာ‌ရောက် ပြီး သီတင်းပတ် အနည်းငယ် အကြာ မှာ ပဲ မစ္စ ဘစ်ရှော့ ဟာ မြန်မာ နိုင်ငံ ကို လုံခြုံရေး အခြေအနေ အရ တိတ်တဆိတ် လာရောက် ခဲ့ တာ လို့ သိရပါတယ်။

သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဟောင်း ဟာ မြန်မာ နိုင်ငံ မှာ နှစ်ညအိပ် သုံး ရက် ကြ နေထိုင် သွားပြီး လတ်တလော နိုင်ငံ ရေး မှာ ထဲထဲဝင်ဝင် ပါဝင် နေသူ တွေ ကို တွေ့ ဆုံ သွား ခဲ့ပါတယ်။

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ လုပ်ငန်း သဘာဝ သဘောအရ တွေ့ဆုံ ခဲ့ သလို့ အလွတ်သဘော အပါအဝင် နှစ်ကြိမ်တောင် တောင် တွေ့ ဆုံ ခဲ့ ပြီး တွေ့ ဆုံ စဥ် နှစ်ခါ လုံး မှာ ရင်းရင်း နှီးနှီး နဲ့ နွေးထွေး ပြုငှာ စွာ ပဲ နှစ်ဦး စလုံး တွေ့ ဆုံ ခဲ့ တယ် လို့ စစ်‌ကောင်စီ နဲ့ နီးစပ် သူ တစ်ဦး က ပြောပါတယ်။

မိုးသည်းထန်စွာ ရွာ သွန်း ပြီး နေပြည်တော် မြို့ မှာ ရေကြီး နေချိန် ဖြစ်တာ ကြောင့် ပထမ အကြိမ် တွေ့ ဆုံ စဉ် မှာ ဆိုရင် အကျီ အဝတ် အစား တွေ ရေစို နေ ရင် လဲလှယ် ဖို့၊ ဒါ မ မဟုတ် အခြောက်ခံ ဖို့ ပါ စီစဉ် ပေး ပါ မယ် လို့ ဗိုလ်ချုပ်မှူး ကြီး က အထူးသံ အမတ်ကြီး ကို နိဝါတောစ တောင် လုပ် ခဲ့ သေး တယ် လို့ သိ ရ ပါတယ်။

ထူးခြား တာ တစ်ခု က မြန်မာ စစ်ခေါင်းဆောင် နဲ့ ကုလ အထူးသံ ဟာ သက်တူရွယ်တူ တွေ ဖြစ်ပြီး နှစ်ဦး စလုံး ၁၉၅၆ ခုနှစ် ဇူလိုင်လ မှာ မွေးဖွား ခဲ့ တာ ဖြစ်ပါတယ်။ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ဇူလိုင် လ ၃ ရက် မှာ မွေးဖွားပြီး ဂျူလီ က ဇူလိုင် ၁၇ ရက် မှာ မွေးဖွား ခဲ့ တာ ကြောင့် သီတင်း နှစ်ပတ်ကြီး၊ နှစ်ပတ်ငယ် ဖြစ်တဲ့ အတွက် မြန်မာ မှု အရ ဆို နို့ဆို့ဖက်၊ ဖွားဖက်တော် တွေ လို့ ဆိုရ မှာ ဖြစ်ပါတယ်။ ( တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဝမ်ယီ က ၁၉၅၃ ခုနှစ် မှာ မွေးဖွား ခဲ့တဲ့ အတွက် နှစ်ဦးစလုံး ရဲ့ အကိုကြီး လို့ ခေါ်ရ မှာ ဖြစ်ပါတယ်)

ဒီနေရာ မှာ တော့ အသေးစိတ် နီးပါး မဖော်ပြ လိုတော့ ပေမယ့် နှစ်ဦး စလုံး ရဲ့ ငယ်ဘဝ ဖြတ်သန်း ပုံ တွေ ဟာ ဆင်ဆင် တူလှ ပြီး တက္ကသိုလ် မှာ ဥပ‌ဒေ ပညာ သင်ယူ တဲ့ ကာလ တွေ၊ တစ်ယောက် က စစ်ထဲ ဝင်ပြီး တစ်ယောက် က နိုင်ငံရေး လောက ထဲ ကို ဝင်ရောက် တဲ့ ကာလ တွေ ပါ တူညီနေတာ ဖြစ်ပါတယ်။

🚨ဂျူလီ ဘစ်ရှော့ နဲ့ မြန်မာ့ နိုင်ငံရေး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှုးချုပ် အန်တိုနီယို ဂူတာရက်(စ) က နေ မြန်မာ နိုင်ငံ ဆိုင်ရာ အထူးသံ အဖြစ် ခန့်အပ်ထား တဲ့ ဝန်ကြီးဟောင်း ဟာ မြန်မာ နိုင်ငံ ရေး နဲ့ စိမ်းလှသူ တစ်ယောက် တော့ လည်း မဟုတ် ပါဘူး။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အရေး၊ ကိုဗစ် ရောဂါကာလ လူသားချင်းစာနာ မှု အစီအစဥ် နဲ့ မြန်မာ့ အ‌ရေး တွေ နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက် ခဲ့ ဖူး တာ ရှိပါတယ်။ ၂၀၁၈ မှာ ဆိုရင် မြန်မာ စစ်တပ် ကို လူ့အခွင့် အ‌ရေး၊ ဒီမိုကရေစီ ရေး တွေ ကို အလေးထား တဲ့ စစ်တပ် ဖြစ်အောင် ပြန်လုပ် ရမယ် လို့ တောင်‌ ပြောခဲ့ သူ ဖြစ်ပါတယ်။

အခုအကျဥ်းကျ နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း နှစ်ကြိမ် တိုင် တွေ့ ဆုံ ခဲ့ သူ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ကို မလာရောက် ခင် သီတင်းပတ် အနည်းငယ် အလို မှာ တရုတ် နိုင်ငံ ခြားရေး ၀န်ကြီး ဝမ်ယီ အပါအဝင် အာဆီယံ ခေါင်းဆောင် တွေ နဲ့ ပါ တွေ့ ဆုံ ခဲ့ ပြီး မြန်မာ နိုင်ငံ မှာ ပဋိပက္ခ တွေ ချုပ်ငြိမ်း ရေး ကို ဆွေးနွေး ခဲ့သူာလည်း ဖြစ် ပါတယ်။

ဒီနေ့ ကျင်းပ တဲ့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး ညီလာခံ မှာ မြန်မာ နိုင်ငံ မှာ စစ်ကြောင့် ဆိုင်ဘာရာဇဝတ် မှု၊ နယ်စပ်ဖြတ်ကျော် မှုခင်း တွေ အပါ အဝင်၊ ရာဇဝတ်မှု တွေ ဟာ တားမနိုင် စီးမရ လောက် အောင် ဖြစ်နေတဲ့ အတွက် သက်ဆိုင်သူ အားလုံး ငါနိုင် ဖို့ အတွက် သဲသဲမဲမဲ တိုက်ရ မယ် ဆိုတဲ့ စိတ် မျိုးရှိ နေရင် ပြည်သူတွေ ရဲ့ စားဝတ်နေရေး နဲ့ ကျန်းမာရေး ဟာ ဒီထက် ပို ပြီး ဆိုးမယ်လို့ ထောက်ပြ ပြော ဆို သွား တာ ဖြစ်ပါတယ်။

Freedom News Group မှ တင်ဆက်ပါသည်။

ဂျူလီ ဘစ်ရှော့ မတိုင်ခင် က စစ်တပ် က အာဏာ သိမ်းပြီး နောက်ပိုင်း မှာ ကုလ သမဂ္ဂ ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံ ဟာ ဟေလင်း နိုဇာ ဖြစ်ပြီး မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နေပြည် တော် မှာ တွေ့ ဆုံ ခဲ့ ဖူးပါတယ်။