၂၀၂၄ ခုနှစ် နိုဝင်ဘာလ ခြောက်ရက် ဗုဒ္ဓဟူးနေ့ နံနက် လေးနာရီ လောက် မှာ သမ္မတဟောင်း ဒေါ်နယ် ထရမ့် ဟာ အမေရိကန် ပြည်ထောင်စု ရဲ့ ၄၇ ဦးမြောက် သမ္မတ အဖြစ် တရားဝင် ရွေးချယ် ခံ ရပါတယ်။
အမေရိကန် နိုင်ငံ မြောက်ပိုင်း က လူဦး ရေ ခြောက်သန်း နီးပါး နေထိုင် တဲ့ ဝစ္စကင်ဆင် ပြည်နယ် မှာ အနိုင် ရရှိ ပြီး နောက် အဲဒီ ပြည်နယ် က နေ အီလက်တိုရီယလ် လို့ ခေါ်တဲ့ သမ္မတ ရွေးချယ် ရေး အဖွဲ့ ရဲ့ မဲ ၁၀ မဲ ရရှိ ပြီး နောက် မှာ သမ္မတ ဖြစ်ဖို့ အတွက် လိုအပ် တဲ့ အီလက်တိုရီယလ် မဲ ၂၇၀ ပြည့် မှီ သွား တဲ့ အတွက် ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ညခင်း အခု သတင်း ရေနေ ချိန် မှာ အမေရိကန် ပြည်သူ ၇၃ သန်းကျော် က သမ္မတ ထရမ့် ကို မဲ ပေး ခဲ့ ကြ ကာ စုစုပေါင်း အီလက်တိုရီယလ် မဲ ၂၉၅ ရရှိ ထား ပြီး မဲရေတွက် နေဆဲ ဖြစ်တဲ့ အရီဇိုးနား နဲ့ နေဗါးဒါး ပြည်နယ် တွေ မှာ ပါ ဆက်လက် အနိုင် ရဖို့ ရှိ နေဆဲပါ။
၂၀၁၆ ခုနှစ် သူ အနိုင် ရရှိခဲ့ တဲ့ ပင်ဆယ်ဗေးနီးယား၊ မီချီဂန်၊ ဂျော်ဂျီယာ၊ ဝစ္စကင်ဆင်၊ အရီးနား၊ နေဗါးဒါး စတဲ့ ပါတီ ပုံမှန် မဟုတ် မဟုတ် ဘဲမဲပေး လေ့ ရှိ တဲ့ Swing States တွေ မှာ ပါ ဝက်ဝက် ကွဲ အနိုင် ရရှိ ခဲ့ တာ ဖြစ်ပါတယ်။
သမ္မတ ထရမ့် ဟာ အမေရိကန် သမိုင်း မှာ ဆိုရင် သမ္မတ ဂရိုဗာ ကလီဗီလန်း လို ပဲ ကြားမှာ သမ္မတ တစ် ယောက် ကို ရှုံး ပြီး မှ တတိယ အကြိမ် မြောက် ရွေး ကောက် ပွဲ မှာ အနိုင် ရပြီ ဒုတိယ မြောက် သက်တမ်း ကို တာဝန် ထမ်း ဆောင် ရတာ ဖြစ် ပါတယ်

သမ္မတ ဂရိုဗာ ကလီဗီလန်း၂၂ ကြိမ် နဲ့ ၂၄ ကြိမ် မြောက် အမေရိကန် သမ္မတ ဖြစ်ခဲ့ ဖူး ပါတယ်။
ကလီဗီလန်း ဟာ မြန်မာ ဘုရင် သီပေါ ပါတော် မူချိန် နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျင်းပတဲ့ အမေရိကန် ရွေးကောက်ပွဲ မှာ အနိုင်ရရှိ ပြီး သမ္မတ အဖြစ် တာ၀န်ထမ်းဆောင် ခဲ့ သူ လည်း ဖြစ်ပါတယ်။

လက်ရှိ သမ္မတ ဘိုင်ဒင် က ဗုဒ္ဓဟူးနေ့ ညနေ မှာ ရွေးကောက် ပွဲ အနိုင် ရရှိခဲ့ တဲ့ အတွက် ဂုဏ်ယူကြောင်း
တယ်လီဖုန်း ဆက်သွယ် ပြောကြား ခဲ့ ပြီး အာဏာ အလွှဲ အပြောင်း လုပ်ဖို့ အတွက် အိမ်ဖြူတော် ကို လာ
ရောက် ဆွေး နွေးဖို့ ဖိတ်ကြား ခဲ့ တယ် လို့ သမ္မတ ရဲ့ အင်တာနက် စာမျက် နှာ ကို ကိုးကား ပြီး Freedom News က သိရှိ ရပါတယ်။
လက်ရှိ ဒုတိယ သမ္မတ နဲ့ သမ္မတ လောင်း ကမလာ ဟဲရစ် က ဟောင်းဝဒ် တက္ကသိုလ် မှာ
ကျင်းပတဲ့ သူ့ ကို ထောက်ခံ သူ တွေ နဲ့ တွေ့ ဆုံ ပွဲ မှာ ရှုံး နိမ့် ကြောင်း ဝန်ခံ ခဲ့ ပါတယ်။
မနေ့ က ကျင်းပ ခဲ့ တဲ့ ရွေးကောက်ပွဲ အကြိမ် ခြောက်ဆယ် မြောက် သမ္မတ ရွေးကောက် ပွဲ ဖြစ်ပြီး
အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတ တွေ အား လုံး ဟာ ပြည်သူ တွေ ရဲ့ ဒီမိုကရေစီ နည်းကျ ရွေးချယ် မှု နဲ့ နိုင်ငံ ရဲ့ ခေါင်းဆောင် အဖြစ် ကို ရရှိ သူ တွေ ဖြစ်ပါတယ်။
