မြန်မာ ပြည် က လာသူ တွေ ထရမ့် ကို သောင်းသောင်း ဖျဖျ မဲပေး

အမေရိကန် နိုင်ငံ သား အဖြစ် ခံယူထား ပြီး ဆန္ဓ မဲပေး ပိုင် ခွင့် ရှိတဲ့ မြန်မာ နိုင်ငံ က ရွှေ့ပြောင်း အခြေစိုက် သူ ရှစ်ဆယ် ရာခိုင် နှုန်း လောက် က သမ္မတ ဒေါ်နယ် ထရမ့် ကို မဲပေး ခဲ့ ကြတယ် လို့ Freedom News Group က လေ့လာသိရှိ ရပါတယ်။

မြေပြန့် မြန်မာ တွေထက် စာရင် ကရင်၊ကချင်၊ချင်း၊ကယား၊ ရှမ်း၊ လားဟူ၊မွန်၊ထားဝယ်၊ ရခိုင် လူမျိုး တွေ က ရီပတ်ဘလီကန် ပါတီ ကို သောင်းသောင်း။ဖျဖျ ကို မဲပေး ခဲ့ကြတာ ဖြစ်ပါတယ်။

အင်ဒီယားနား ပြည် ဖို့ဝိန်း မြို့ အ‌ခြေစိုက် မြန်မာ ပြည်က ရွှေ့ပြောင်း လာသူ မိသားစု အနေများ တဲ့ ရပ်ကွက် တစ်ခု ဆိုရင် တစ်ရပ် ကွက် လုံး နီးပါး သမ္မတ ထရမ့် ကို မဲ ပေး လိုက် တာ လို့ သိရ ပါတယ်။

မီချီဂန် ပြည်နယ် က ကရင် တိုင်းရင်းသား မိသားစု တွေ ကတော့ သမ္မတ ထရမ့် ကို မဲပေးဖို့ အတွက် သမ္မတ ထရမ့် ပုံ ပါ တဲ့ အကျီတွေ ဝတ်ဆင် ပြီး တော့ တောင် မဲပေး ခဲ့ ကြတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ မြန်မာပြည်က ရွှေ့ ပြောင်းလာသူ သုံးသိန်း ကျော် ရှိ ပြီး နိုင်ငံ သား ခံယူထား သူ တစ်သိန်း ကျော်ခန့် ရှိ ပါတယ်။

🇺🇲၂၀၁၆ ခုနှစ် ရွေးကောက် ပွဲ ရလဒ်

ဟီလာရီ ကလင်တန် ၂ ၂၇ (အီလက်တိုရီယလ် မဲ)

ဒေါ်နယ် ထရမ့် ၃၀၄

မှတ်ချက် ၂၀၁၂ ခုနှစ် က ဘာရက် အိုဘားမား ကို မဲပေး ခဲ့သည့် ဖလော်ရီဒါ၊ အိုင်အိုဝါ၊ မီချီဂန်၊ အိုဟိုင်းယိုး၊ ပင်ဆယ်ဗေးနီးယား တို့ က ဒေါနယ် ထရမ့် ကို မဲပေး ခဲ့ ကြသည်။။

🇺🇲 ၂၀၂၀ ခုနှစ် ရွေးကောက် ပွဲ ရလဒ်

ဂျိုး ဘိုင်ဒင် ၃၀၆

ဒေါ်နယ် ထရမ့် ၂၃၂

မှတ်ချက် အမေရိကန် ရွေးကောက် ပွဲ သမိုင်း တွင် ဂျိုးဘိုင်ဒင် သည် အသက် အကြီး ဆုံး သမ္မတ လောင်း

🇺🇲၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ ရလဒ်

ကမလာ ဟဲရစ် ၂၂၆

ဒေါ်နယ် ထရမ့် ၃၁၂

မှတ်ချက် ၂၀၁၂ ခုနှစ် ရီပတ်ဘလီကန် သမ္မတ လောင်း မစ်ရွန်နီ ရှုံး ခဲ့ သည့် နေရာများ၊ ၂၀၁၆ ခုနှစ် နှင့် ၂၀၂၀ ရွေးကောက် ပွဲ များ တွင် သူရှုံး ခဲ့ သည့် ခရိုင် များ တွင် ပါ အနိုင် ရပြီး အရီ ဇိုးနား နှင့် နေဗားဒါး ပြည်နယ် များ တွင် ပါ အပြတ် အသတ် အနိုင် ရရှိသည်။

DONALD TRUMP is joined by his wife, Melania, and son Barron during
his election night rally in West Palm Beach, Florida, yesterday morning.
(photo credit: Carlos Barria/Reuters)