မြန်မာ နဲ့ အမေရိကန် ငွေကြေးဖောင်းပွ မှု ကွာခြားချက်

၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ က အမေရိကန် ဒေါ်လာ ငွေသား ငါးထောင် ဟာ နောင် နှစ်ပေါင်း ၆၀ ကြာတဲ့ အခါ ဒီနေ့ မှာ ငါးသောင်း ရှစ်ရာ ဒေါ်လာ ငွေ တန်ကြေးရှိပါတယ်။

ဆိုတဲ့ အခါ ကျ တော့ ပျမ်းမျှ ငွေကြေးဖောင်းပွ နှုန်း ဟာ နှစ် ခြောက်ဆယ် အတွင်း မှာ လေးရာခိုင် နှုန်းနီး ပါး ပဲ ရှိတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။

🚨 ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ က မြန်မာ ကျပ်ငွေ ငါးထောင်ဟာ နောင် နှစ်ပေါင်း ၆၀ ကြာတဲ့ အခါ ဒီနေ့ မှာ ကျပ်ငွေ သိန်းတစ်ထောင် ကျော် နဲ့ သွား ပြီး
ကျပ်ငွေ သိန်း တစ်ထောင့် သုံးရာ နဲ့ ညီသွား တဲ့ ကာလ တောင် ရှိ ခဲ့ ပါတယ်။

ငွေကြေး ဖောင်းပွ မှု နှုန်းက ခုနှစ်ဆယ် ရာခိုင်နှုန်း ကနေ ၉၁ အထိ ရှိနေ ပြီး ၁၉၆၄ ခုနှစ် တုန်းက ကျပ်ငွေ ၅၀၀၀ ကို ထန်းခေါက် ဖာ ထဲ မှာ ‌ထည့်ထား ပြီး
ဒီနေ့ ထုတ်သုံး မယ် ဆိုရင် လက်ဖက်ရည် သုံးခွက် လောက် ပဲ သောက်လို့ ရတော့ မှာ ဖြစ် ပါတယ်။

၁၉၆၄ ခုနှစ် တုန်းက တော့ အဲဒီ ကျပ်ငွေ ငါး ထောင် နဲ့ ရန်ကုန် မှာ ပဲ ဖြစ်ဖြစ်၊ တောင်ကြီး မှာ ပဲ ဖြစ်ဖြစ် ဖီးယက် ကား တစ်စီး ဝယ်၊ နောက်တော့ ရိုး ကုမ္ပဏီ မှာ ဈေးဝယ်ထွက် ကာ ညဘက် မှာ မရိုးမရင်း၊ ကွန်တီနယ်တယ် စတဲ့ ပျော်ပွဲ စားရုံ တွေ တက်ကာ စကော့ ဝီစကီ ရယ်၊ အီကလဲ မုန့် စတာ တွေ နဲ့ ငြိမ့်နေ နိုင် ပါသေးတယ်။

🇺🇲 The North Face ဆိုတဲ့ အမေရိကန် အဝတ်အထည် ကုမ္ပဏီ ကို တည်ထောင် သူ ဇနီး မောင်နှံ နှစ် ယောက် ဟာ ၁၉၆၄ ခုနှစ် မှာ ဘဏ် က နေ ငွေ ငါး ထောင်ချီ ပြီး တည်ထောင် ခဲ့ ပါတယ်။ နောင် နှစ် ‌ခြောက်ဆယ် ကြာတဲ့ ဒီနေ့ မှာ ၄.၉ ဘီလျံ တန်ကြေး ရှိ နေပြီ ဖြစ်ပါတယ်။

ဆိုတော့ ကုမ္ပဏီ ရဲ့ Profit Margin နဲ့ အသားတင် အမြတ် ဟာ တစ် ထောင် နှစ်ရာ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ငြိမ်းချမ်း ရေးသား ပြီး
ဆင်ဒီ လင်းထက် နဲ့ Freedom News Group စတည်း အဖွဲ့ မှ အချက်အလက်များ ကို ကူညီ ပါသည်။