ဆဲလ်ဖုန်း လဲ လို့ ခေါ်တဲ့ မိုဘိုင်း ဖုန်း တွေ ကို အမေရိကန် မှာ လူတိုင်း နီးပါး တွင်တွင် ကျယ်ကျယ် သုံး လာ တာ ၂၅ နှစ် ရှိသွား ပြီဖြစ် ပါတယ်။
ပထမဦး ဆုံး မိုဘိုင်းဖုန်း ကို မော်တို ရိုလာ ကုမ္မဏီ ရဲ့ အင်ဂျင် နီယာ နှစ် ဦး ဖြစ် တဲ့ John F. Mitchell နဲ့ Martin Cooper တို့ က ၁၉၇၃ မှာ မိတ်ဆက် ပေး ခဲ့ ပါတယ်။
၁၉၈၀ ကျော်မှာ ကြိုးမဲ့ ဆက်သွယ် ရေး ကွန်ယက် တွေ စတင် ခဲ့ ပေမယ့် ၁၉၉၀ လောက် ထိ ဆဲလ်ဖုန်း ဟာ အမေရိကန် မှာ ပေါ်ပြူလာ သိပ် မဖြစ်သေး ပါဘူး။
လမ်းဘေး မှာ အကြွေစေ့ထည့် ရင် ဆက်လို့ ရတဲ့ ဖုန်း တွေက နေရာတိုင်း နီး ပါး မှာ ရှိနေ တာ ကြောင့် ရော ပြောချင် တာ တွေ ချန် ထား လို့ ရတဲ့ အိမ် ဖုန်း ရှိနေ တာ ကြောင့် ရော ကြောင့် အချို. သာ ဆဲလ်ဖုန်း ကို သုံး ကြပါတယ်။

လောဘ ရှိတာ ကောင်းတယ်။ (Greek is Good) လို့ တပည့် ဖြစ် သူ ကို မိုဘိုင်း ဖုန် ပြော ရာ မှာ ထည့် သွင်း ပြောခဲ့ တဲ့ စတော့ရှယ်ယာ သူဌေး ကြီး ဂေါ်ဒွန် ဂက်ကို အဖြစ် သရုပ် ဆောင် ခဲ့ တဲ့ မင်းသားကြီး မိုက်ကယ် ဒေါ်ကလပ် က မော်တော် ရိုလာ 8000X DynaTAC နဲ့ ဖုန်း ပြော ခဲ့ တဲ့ ၁၉၈၇ ခုနှစ် မှာ ရုံတင် တဲ့ Wall Street ရုပ်ရှင် ကား ရဲ့ ဇာတ်ဝင် ခန်း ဟာ လည်း ကမ္ဘာ ကျော် ခဲ့ ပါတယ်။
နောက် ဆယ် နှစ် ကျော် ကြာ တော့ Matrix ရုပ်ရှင် ကား မှာ နီယို အဖြစ် သရုပ် ဆောင် တဲ့ မင်းသား ကီယာ နူရိဗ် က သူ့ ရဲ့ မိခင် ယူနစ် နဲ့ ဆက်သွယ် တဲ့ အ ခါ သုံး တဲ့ နိုကီယာ ၈၁၁၀ မော်ဒယ်(လ) ဆို ဇာတ်ကား လူ ကြိုက် များမှု နဲ့ အတူ ရောင်း အား တက် ခဲ့ ပါတယ်။

ကိုးဆယ် ပြည့် လွန် နှစ် က နေ ၂၀၀၂ ခုနှစ် ကျော် အထိ အဲဒီ အချိန် က ဆဲလ်ဖုန်း ကွန် ယက် ဟာ ဒုတိယ မျိုး ဆက် 2G ပဲ ရှိ ပါသေး တယ်။
၁၉၉၈ ခုနစ် က နေ ၂၀၀၅ ခုနှစ် ဆဲလ်ဖုန်း ဈေး ကွက်ကြီး ထွား လာ မှု နဲ့ အတူ တတိယ မျိုး ဆက် 3G ကွန်ယက် လည်း စတင် ခဲ့ ပါတယ်။
၂၀၀၁ ခုနှစ် မှာ ဂျပန် က NTT DoCoMo က 3G ကွန်ယက် ကို စတင် စမ်း သပ် ခဲ့ ပါတယ်။
အင်တာနက် နဲ့ ပါ ချိတ် ဆက် လို့ ရတဲ့ တတိယ မျိုးဆက် ကွန်ယက် မှာ apple ရဲ့ iPhone နဲ့ ဆမ်ဆောင်းရဲ့ ဂလက်ဇီ တို့ ဟာ ဆဲလ်ဖုန်း တော်လှန်ရေး ကို ဦး ဆောင် ခဲ့ တဲ့ နိုကီယာ၊ ဆိုနီ အဲရစ် ဆင် နဲ့ မော်တို ရိုလာ တို့ ရဲ့ စျေးကွက် ကို လုံး၀ ဥဿုံ ကြီးစိုး ထား မှု ကို အဆုံး သတ် သွား စေ ခဲ့ ပါ တော့ တယ်။
Nothing Lasts Forever ဘယ်အရာ မှ ထာဝရ မတည် မြဲ ဘူး ဆိုတာ ဆဲလ်ဖုန်း ဈေးကွက် တစ်ခု တည်း နဲ့ တင် သံ ဝေ ဂ ယူ နိင် ပါတယ်။

ဆဲလ်ဖုန်း ဈေးကွက် ကြီး ကြီးထွား လာ သလောက် သူ့ ကို စတင် သူ တွေ ဈေး ကွက် မှာ မှေးမှိန် သွား ခဲ့ ရပါတယ်။
ဒါပေမယ့် တကျော့ ပြန် ဘယ် လို လာ အုံး မလဲ (Great Come Back) ဆို တာ ဘယ်သူ မှ သေချာ ပေါက် တပ်အပ် မ ပြော နိုင် ပါ။
ဒါပေမယ့် ခိုမေနီ မပြုတ် ကျ တဲ့ အပြင် ဆက်ဒမ် လည်း အီရန် ရဲ့ မြေ တစ် လက် မ ကို မှ သိမ်း နိင် ခဲ့ ခြင်း မရှိပါ။
၁၉၈၄ ခုနှစ် နိုဝင် ဘာလ မှာ သမ္မတ ရော်နယ် ရေဂင် က အီရတ် ဒုဝန်ကြီး ချုပ် နဲ့ နောက်ပိုင်း မှာ သေဒဏ် ချမှတ် ခံခဲ့ ရတဲ့ အီရတ် ဒုဝန် ကြီး ချုပ် ဟောင်း တာရစ် အဇစ် ကို ပါ သမ္မတ အိမ်ဖြူ တော် မှာ လက်ခံ တွေ့ ဆုံ ခဲ့ ပါတယ်။

အီရန် တော်လှန်ရေး အစိုး ရ ကို ဖယ်ရှားဖို့ အီရတ် ကို အမေရိကန် က ပုံ အော ထောက်ပံ့ တဲ့ တချိန် တည်း မှာ ပဲ အီရန် ခိုမေနီ အစိုး ရကို လည်း အမေရိကန် က လက်နက် ရောင်း ချ ပါတယ်။
အီရန် ကို အမေရိကန် က ခိုးပြီး လက်နက် ရောင်း ချတဲ့ အရှုပ် တော် ပုံ ကို အီရန်-ကွန်ထရာ လို့ ခေါ် ပါတယ်။
ဗိုလ်မှူးကြီး အိုလီဗာ နော သ် က လျို့ဝှက် ဦး ဆောင် ပါတယ်။
အမေရိကန် ရဲ့ လက်နက် တွေ အီရန် ကို ခိုးပြီး ရောင်း လို့ ရတဲ့ ငွေ နဲ့ နီကာရာဂွာ မှာ ဆန်ဒီ နစ္စတာ လက်ဝဲ အစိုး ရ ကို လက် နက် ကိုင် ပြီး တိုက် နေတဲ့ ကွန်ထရာ သူပုန် တွေကို ထောက်ပံ့ ခဲ့ တာ ဖြစ် ပါတယ်။
၁၉၈ရ ခုနှစ် နောက်ပိုင်း မှာ ဆက်ဒမ် အစိုး ရ က အမေရိကန် နဲ့ အနောက် အုပ်စု ကို ကလန် ကဆန်လုပ် လာပါတယ်။ ၁၉၉၀ ခုနှစ် မှာ ဆက်ဒမ် အစိုး ရက ကူဝိတ် ကို ၀င် သိမ်း တဲ့ အခါ အမရိကန် နဲ့ မဟာမိတ် တပ် တွေက ကန္တာရ မုန်တိုင်း စစ် ဆင် ရေး အမည် နဲ့
ကူဝိတ် လွတ်မြောက် ဖို့ ဒေါ်လာ ထရီလီယံ နဲ့ ချီ သုံး ခဲ့ ပါတယ်။
အဲဒီနောက် မှာ တော့ ဆက်ဒမ် ဟူစိန် ကို ဖယ် ရှား နိုင်ဖို့ အီရတ် အတိုက် အခံ တွေကို အမေရိကန် က ဒေါ်လာ ဘီလျံ နဲ့ ချီ ထောက်ပံ့ ခဲ့ ပါတယ်။

၁၉၉၈ မှာ အမေရိကန် ကွန်ဂရက် က အီရတ် လွတ် မြောက် ရေး အက်ဥပဒေ ပြဌာန်း ပြီး အလုံး အရင်း နဲ့ ထောက်ပံ့ ခဲ့ ပေမယ့် ဘဂ္ဂဒက် မှာ ဆန္ဒပြပွဲ ငယ် နှစ် ခုပဲ ဖြစ် ခဲ့ ပါတယ်။
Freedom News Group ၏ Facebook စာမျက်နှာ တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ က ဖော်ပြပြီး ခဲ့ ပြီး ဖြစ်ပါသည်။
