ခန့်မှန်း တန်ချိန် တစ်ထောင် ကျော်ခန့် ရှိ ပြီး ပေပေါင်း ၆၀၀၀ ကျော် ကနေ ကိုးထောင် ကျော် အနက် မှာ ရှိ နေတဲ့ ရွှေသိုက် ကြီး ကို တရုတ် နိုင်ငံ အလယ် ပိုင်း က ဟူနန် ပြည်နယ်၊ ပင်ဂျန် ခရိုင်၊ က ဝန်ကု ရွှေတွင်း အနီး မှာ ရှာ ဖွေ တွေ့ ရှိတယ် လို့ ဟူနန် ပြည်နယ် ဘူမိဗေဒ နဲ့ ပထဝီ ဌာန က သတင်း ထုတ်ပြန် ပါတယ်။
တရုတ် ပြည် အရှေ့ ပိုင်း ရှန်ဒေါင်း ပြည်နယ် က ရွှေသိုက် ဟာ တန်ချိန် ၆၀၀ နီးပါး ရှိ ပြီး မနေ့ က အထိ တော့ သူဟာ တရုတ် ပြည်မှာ အကြီး ဆုံး ရွှေသိုက်ညအဖြစ် ရပ်တည် နိုင် ခဲ့ ပါတယ်။
ကမ္ဘာ့ အကြီး ဆုံး ရွှေ သိုက် ဟာ တန်ချိန် ၉၀၀ ကျော် ရှိ ပြီး တောင်အဖရိက မှာ ရှိပါတယ်။ ဒုတိယ နဲ့ တတိယ ဟာ အင်ဒိုနီးရှား နဲ့ ရုရှား နိုင်ငံ မှာ ရှိပါတယ်။

ဩစတေးလျ အနီး က ကျွန်းနိုင်ငံ ပါပူဝါ နယူးဂီနီ ရဲ့ လီဟီယာ ရွှေမိုင်း ဟာ ကမ္ဘာ မှာ စတုတ္ထ မြောက် အကြီး ဆုံး ဖြစ် ပြီး တန်ချိန် တန်ချိန် ၆၈၀ ကျော် ရှိပါတယ်။
