သမ္မတ အဖြစ် စ တင် တာဝန် ထမ်း ဆောင်း တဲ့ နေ့ မှာ ပဲ နယ်သာလန် နိုင်ငံ သည် ဟိဂ် မြို့ မှာ အခြေ စိုက် တဲ့ နိုင်ငံတကာ ရာဇဝတ် မှု ဆိုင်ရာ ခုံရုံး ICC နဲ့ ဆွဲ ချ ကြီး ကာရင် ခန်း တို့ ကို အမေရိကန် မြေပေါ် သားစဉ် မြေးဆက် ခြေမခြ နိုင်ရေး အပါ အဝင် ကြီးလေး ပြင်ထန် တဲ့ အရေးယူ ဒဏ် ခတ် မှု တွေ လုပ်မယ် ရွေး ကောက် ပွဲ အနိုင် ရ သမ္မတ လောင်း ထရမ့် က ပြော လိုက် ပါ တယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကို ဖမ်းဝရမ်း ထုတ်တာ ဟု အကြမ်းဖက် သမား တွေ ကို ပိုပြီး အတင့် ရဲ လာ အောင် မြှောက်ပေး တာ ပဲ လို့ ထရမ့် က ပြောပါတယ်။
ဆွဲချ ရှေ့နေ ကာရင် ခမ်း ဟာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်း ထုတ်ဖို့ ရုံးတော် ကို လျှောက်လှဲ ခဲ့ သူ ဖြစ်ပါတယ်။

ဂမ်ဘီယာ ရှေ့နေ ဖာတူ ဘန်ဆူဒါ နေရာ ကို ၂၀၂၁ ခုနှစ် မှာ ဆက်ခံတဲ့ ခမ်းဟာ ၂၀၂၃ ခုနှစ် မှာ ရုရှား သမ္မတ ပူတင် ကို ဖမ်းဝရမ်း ထုတ်ဖို့ ခုံရုံး ကို လျှောက် လှဲ ခဲ့ကြောင့် ရုရှား ရဲ့ အရေး ယူ ဒဏ် ခတ် ခံ ထား ရ သူ လည်း ဖြစ် ပါ တယ်။
ICC ရဲ့ အစ္စရေး ဝန်ကြီးချုပ် ကို ဖမ်းဝရမ်း ထုတ်မှု ကို ပြင်သစ် နဲ့ ဟန်ဂေရီ က ပူးပေါင်း မှာ မဟုတ် ဘူး လို့ ပြောထား ပါတယ်။
စကော့တလန် မှာ မွေဖွား တဲ့ ပါကစ္စတန် နွယ်ဖွား ကာရင်ခမ်း ရဲ့ သား တစ်ဦး နဲ့ မလေးရှား နွယ်ဖွား ဇနီသည် တို့ ဟာ အမေရိကန် ကို သွားရောက် လည်ပတ် လေ့ ရှိသူ တွေ ဖြစ်ပါတယ်။
အခုနှစ် အောက်တိုဘာလ ထဲ မှာ ပဲ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး တွေ ကို ရင်သား ညှစ်ကြည့် တာ၊ ဖင်ကိုင် ကြည့်တာ မျို့ ကို ကာရင် ခမ်း လုပ်လေ့ ရှိ တယ် ဆို တဲ့ စွပ်ဆွဲ ချက် တွေ ထွက် ပေါ်လာပေမယ့် အသက် ၅၄ နှစ် အရွယ် မစ္စတာ ခမ်း က တော့ ဒီကိစ္စ တွေဟာ သူ့ ကို မတရား သက်သက် စွပ်ဆွဲ တာ တွေပါ လို့ တုံ့ ပြန် ထား ပါ တယ်။
