တရားဝင် ဝင်ရောက် နေထိုင်ခွင့် ရပြီး မှ ပြစ်မှု ကျူးလွန် ထားသူ တွေ ဟာ သူတို့ (မူလ) ထွက်ခွာ လာရာ နေရပ် ကို အကြောင်း ကြောင်း ကြောင့် ပြန်ပို့ လို့ မရ သေးဘူး ဆိုရင် အဲဒီ သူ တွေ ကို ဂွမ်တာနာမို မှာ ပြန်ပို့ လို့ ရတဲ့ အချိန် ထိမ်းသိမ်း ထားမယ်လို့ သမ္မတ ထရမ့် က ပြော ပါ တယ်။
ကျူးဘား ကျွန်း ရဲ့ အရှေ့ ဘက်ခြမ်းက ဂွမ်တာနာမို ဒေသ ဟာ အမေရိကန် ပိုင် ဖြစ်ပြီး ရေတပ် စခန်း လည်း ရှိပါတယ်။
၂၀၀၁ ခုနှစ် ကိုးဆယ့်တစ် တိုက်ခိုက်မှု ပြီး နောက်မှာ
တာလီဘန်၊ အယ်(လ)ကာယီးဒါး နဲ့ အခြား စစ်သွေးကြွေး ရောက် အစွန်း ရောက် တွေ ကို အဲဒီ မှာ ထိမ်းသိမ်း ထားတာ ဖြစ်ပါတယ်။
ကိုးဆယ့်တစ် ရဲ့ ပဲ့ကိုင်ရှင် လို့ သိတဲ့ ခါလစ်ရှိခ် မိုဟာမက် နဲ့ တစ်စခန်း တည်း နီးပါး အတူနေရမှာ ဖြစ်ပါတယ်။ မစွတာ ရှိခ် ဟာည လူသတ်မှု ၂၉၉၉ မှု အပါအဝင် အကြမ်းဖက် မှု ခြောက် မှု နဲ့ စုစုပေါင်း အမှု ၃၀၂၀ နဲ့ စွဲချက် တင်ခံထားရပြီး Camp x Ray မှာ ၂၀၀၂ ခုနှစ် ကတည်း က ဖမ်းဆီး ချုပ် နှောင် ခံထား ရ သူ ဖြစ်ပါတယ်။
ထရမ့် က ဂွမ်တာနာမို အကျဉ်းစခန်း ကို လူ သုံးသောင်း ကျော် ထိမ်းသိမ်း ထား လို့ ရတဲ့ အထိ တစ်နှစ် အတွင်း အပြီး တိုးချဲ့ တည်ဆောက်မယ် လို့ ပြောပါတယ်။
အဲဒီ မှာ ထိမ်းသိမ်း ခံထား ရ တဲ့ သူ တွေ ဟာ သူတို့ ကို ထိမ်းသိမ်း ကုန်ကျစရိတ် အတွက် သူတို့ ဘာသာ
စပီးနပ်၊ အာရုဂူလာ နဲ့ အာတီချုပ်ညစတာ တွေ စိုက်ပျိုး ပြီး ရှာဖွေရ မယ်လို့ ပြောပါတယ်။
သာမန် အကျဉ်းထောင် အစားအစာ ပဲ ဖြစ်ပေမယ့်
တစ်ပတ် ကို နှစ်ခါ ဒိန်ချဉ်၊ လိမ္မော် ရည် နဲ့ အခြား ဖျော်ရည် တွေ ရ မယ်၊ ကာယ လေ့ကျင့် တဲ့ စက်တွေရှိမယ် လို့ Freedom News Group က သိရပါတယ်။
ထိမ်းသိမ်းရေး စခန်းဆိုပေမယ့် ရုပ်ရှင်၊ ဂီတ၊ သတင်းစာ၊ မဂ္ဂဇင်း တွေ အပြင် အခြား ဖျော်ဖြေ ရေး တွေ လည်း ဒီစခန်း မှာ ရှိ ပါ သေး တယ်။
ဂွမ်တာနာမို မှာ ထိမ်းသိမ်းရေး စခန်း စတင် တာ ကို ၁၉၉၁ ခုနှစ် က တည်း က စတင် ပါတယ်။ သမ္မတ ဘုရှ် (အကြီး) လက်ထက် မှာ စတင်ပါတယ်။ ဟေတီ မှာ စစ်တပ် ၁၉၉၁ ခုနှစ် မှာ အာဏာသိမ်းပြီး နောက် ထွက်ပြေး လာသူ တွေ ထဲ က ရာဇဝတ် မှု ကျူးလွန် ခဲ့ သူ တွေ ကို အဲဒီ မှာ စတင် ထိမ်းသိမ်း ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒင် လက်ထက် မှာ လူဦးရေ ၄၀၀ ထိထားလို့ ရတဲ့ အဆောင်ကို တိုးချဲ့ ခဲ့ ပြီး တရားဝင် အမည် ကို ဂွမ်တာနာမို ရွှေ့ပြောင်းနေထိုင်သူ များ စီမံချက် ဌာန Guantánamo Migrant Operations Center (“GMOC”) အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
