တရုတ် က အထူးတပ် ဖွဲ့ ဝင် တွေ နဲ့ သီရိပျံချီ ဗိုလ်မှုးကြီး စောချစ်သူ ကို ဝင်ဖမ်း တော့မယ်

ကရင် ပြည်နယ် မှာ အခြေစိုက် တဲ့ မြန်မာ နယ်ခြား စောင့် တပ်မှုး ဗိုလ်မှူး ကြီး စောချစ်သူ၊ ဗိုလ်မှူး တင်ဝင်း နဲ့ အခြား ခေါင်းဆောင် ငါး ဦး ကို တရုတ် စစ်တပ်၊ ရဲ၊ အထူးလုံခြုံရေး တပ်ဖွဲ့ ဝင် တွေ နဲ့ ဝင်ရောက် ဖမ်းဆီး ဖို့ တရုတ် အစိုးရက မြန်မာ တာဝန် ရှိ သူ တွေ နဲ့ ရော ထိုင်း တာဝန် ရှိ သူ တွေ နဲ့ ပါ ဆွေးနွေး နေတယ် လို့ Freedom News Group က သိရပါတယ်။

တရုတ် အစိုး ရက ဗိုလ်မှုးကြီး စောချစ်သူ အပါ အဝင် BGF က ငါးယောက် နဲ့ DKBA က နှစ်ယောက် ကို အလို ရှိနေတာ ဖြစ်ပါတယ်။

မနေ့ က ထိုင်း အစိုးရ က မြန်မာ နိုင်ငံ ရဲ့ နယ်စပ် မြို့ သုံး မြို့ ကို လျှပ်စစ်မီး ဖြတ်တောက် လိုက် တာ ဟာမြန်မာ နိုင်ငံ ကရင် ပြည်နယ် နယ် မြဝတီ မြို့ အနီး မှာ အခြေစိုက် တဲ့ နယ်ခြားစောင့် တပ် က ဗိုလ်မှုးကြီး စောချစ်သူ ကို ဝင်ဖမ်း ဖို့ ဖြစ် နိုင်တယ် လို့ ထိုင်း ဘက် ရော၊ မြန်မာ ဘက်မှာ ပါ သတင်း တွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်နေတာ ဖြစ်ပါတယ်။

ဗိုလ်မှုးကြီး စောချစ်သူ ရဲ့ မြဝတီ နဲ့ ရွှေက္ကိုလ် နယ် မြေ တွေ မှာ တရုတ် နိုင်ငံ သား ၂ဝဝ ကျော် လောက် ဖမ်းဆီး ခံ ထား ရ တယ် လို့ တရုတ် က ယုံ ကြည် နေ ပါ တယ်။

၁၉၈၇ ခုနှစ် မှာ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ကို ဝင်ရောက်ခဲ့ပြီး ၁၉၉၆ မှာ ခွဲထွက် DKBA အဖွဲ့ ရဲ့ ၉၉၉ တပ်ကို ဦးစီး ခဲ့ ရ တဲ့ စောချစ်သူ ဟာ ၂၀၀၉ ခုနှစ် မှာ DKBA က ခွဲထွက် ပြီး မြန်မာ စစ်တပ် လက်အောက်ခံ BGF ကို ဦးဆောင်ခဲ့ပါတယ်။

၂၀၂၁ စစ်တပ် က အဏာမသိမ်းခင် တစ်လ အလို လောက် မှာ NLD အစိုးရ က ရော၊ မြန်မာ စစ်တပ် က ပါ စီးပွားရေး လုပ်ငန်း တွေ နဲ့ တရားမဝင် လုပ်ငန်း တွေ ကြောင့် သူ့ ကို နှုတ်ထွက် ဖို့ ပြင်းပြင်းထန်ထန် ဖိအား ပေးကြ ပေမယ့် အာဏာ သိမ်း ပြီး နောက်ပိုင်း မှာ တော့ သူ ဟာ ပုံမှန် အတိုင်း ဆက်ရှိ ခဲ့ ပြီး နောင်

တစ်နှစ် အကြာ မှာ တော့ သီရိပျံချီ ဘွဲ့ ကို ပါ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ချီးမြှင့် ခဲ့ပါတယ်။

မြောက်ပိုင်းညီနောင် အဖွဲ့ ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ဆင်ရေး စတင် ပြီး အောင်ပွဲ တွေ ရလာ တဲ့ အခါ မှာ တော့ သီရိပျံချီ ဗိုလ်မှုးကြီး ဟာ မြန်မာ စစ်တပ် ကို အာခံလာပြီး BGF အဖြစ် မရပ်တည်တော့ ကာ Karen National Army အဖြစ် နဲ့ ပြောင်းပြီး ရပ်တည် တော့မယ့် အထိ တစ်စင် ထောင်လာ ခဲ့ တာပါ။

တစ်ချိန် က KNU/KNLA ရဲ့ အခိုင်အမာ စခန်းကြီး တစ်ခု ဖြစ်တဲ့ ကော့မူးရာ ခေါ် ဝမ်ခ စခန်း ၁၉၉၅ ခုနှစ် မှာ လက်လွှတ် လိုက်ရ ပြီးနောက် အဲဒီ စစ်ဆင်ရေး တွေ ကို ဦးဆောင် ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ က KNU ကို ပြန်တိုက် ခဲ့ တဲ့ ခွဲထွက် DKBA ကို မြဝတီ မြောက်ဘက် က အဲဒီ နေရာ ကို အပိုင် စား စေ ခဲ့ ပြီး နောက်ပိုင်း မှာ ရွှေက္တိုလ် မြို့ ဆိုပြီး ဖြစ်လာ တာပါ။

တရုတ် အထူး တိုက်ခိုက် ‌ရေး အဖွဲ့ တွေ မဲဆောက်ကို ရောက်နေပြီလို့ သိရ

မြန်မာ နိုင်ငံ မြဝတီ မြို့ နဲ့ လေးမိုင် လောက်ပဲ ဝေး တဲ့ မဲဆောက် နိုင်ငံတကာ လေယာဥ်ကွင်း မှာ တရုတ် နိုင်ငံ အထူးရဲတပ် ဖွဲ့ က ရဟတ်ယာဥ် နှစ်စင်း နဲ့

တရုတ် စစ်တပ် က စစ်လေယာဥ် တစ်စင်း တို့ ပြီးခဲ့ တဲ့ ရက်အနည်း ငယ် အတွင်း မှာ ဆင်းသက် ခဲ့တယ် လို့ Freedom News Group က သိရ ပါတယ်။ ထိုင်း နိုင်ငံ တာခ် ခရိုင် အတွင်း က မဲဆောက် မြို့ မှာ ဆင်းသက်ခဲ့ တဲ့ ဒီလေယာဥ် တွေ ဟာ တရုတ် အထူး ကွန်မန်ဒို တွေ နဲ့ တိုက်ခိုက်‌ရေး စစ်သား အချို့ ကို လာရောက် ပို့ ဆောင်ခဲ့တာ လို့ သိရပြီး မဲ‌‌ဆောက် မြို့ အနီးတစ်ဝိုက် က ဟိုတယ်၊ မိုတယ် တွေ မှာ လည်း တရုတ် စစ်တပ် က ဧပြီလ အထိ အခန်း ငှားရမ်း ထား တယ်လို့ သိရပါတယ်။

ဒီရက် ပိုင်း အတွင်း မှာ မြန်မာ နိုင်ငံ ငံ ကရင် ပြည်နယ် က မြဝတီ မြို့ ပေါ် နဲ့ အနီး တစ်ဝိုက် မှာ ဒရုန်း တွေ ရော၊ ကင်းထောက် လေယာဥ် ငယ် တွေ ပါ ပျံသန်း ခဲ့ တာ ရှိခဲ့ တယ် လို့ မြဝတီ မြို့ ခံ တစ်ဦး က Freedom News ကို ပြောပါတယ်။

မြဝတီ မြို့ ပေါ် ဝဲပျံ ခဲ့ တဲ့ ဒရုန်း နဲ့ လေယာဥ် တွေ ဟာ တရုတ် အစိုးရ နဲ့ ထိုင်း အစိုးရ ပူးပေါင်း ထောက်လှမ်း မှု ဖြစ် နိင် ပြီး မြန်မာ စစ်ကောင်စီ က နယ်မြေ အကန့် အသတ် နဲ့ အ‌ရေး ပေါ် ဆိုင်ရာ ပျံသန်း မှု စာချုပ် နဲ့ ခွင့်ပြု ပေး တာ လို့ လဲ နေပြည်တော် အသိုင်း အဝိုင်း က မှန်းဆ ကြ ပါတယ်။

၂၀၂၁ ခုနှစ် မှာ စစ်တပ် က အာဏာသိမ်း ပြီး နောက် ကိုးကန့် ဒေသ မှာ အင်တာနက် ငွေလိမ်လုပ်ငန်း ကျားဖြန့် တွေ ဝင်ရောက် နေရာ ယူ ခဲ့ သလို့ ပဲ နယ်ခြား စောင့် တပ်မှုး ဗိုလ်မှုးကြီး စောချစ်သူ ရဲ့ နယ်မြေ တွေ ဖြစ်တဲ့

မြဝတီ မြို့ နဲ့ ရွှေကုက္ကိုမြို့သစ် မှာ လည်း ကျားဖြန့် လုပ်ငန်း ဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်း လောက်ကတည်း က စတင် ခဲ့ တာ ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ နှစ် က

MNDAA ဟာ လောက်ကိုင် မြို့ ကို သိမ်းပြီး နောက် မှာ တော့ လောက်ကိုင် အခြေစိုက် ဝါရင့် ကျားဖြန့် တွေ ဟာ မြဝတီ မြို့ ကို ပြောင်း‌ ရွှေ့ ခဲ့ ပြီး ပို ပြီး

အင်အား ကြီးလာတာ ဖြစ်ပါတယ်။

မြဝတီ မှာ အခြေစိုက် တဲ့ ကျားဖြန့် လုပ်ငန်း တွေ ဟာ တရုတ် ပြည်တွင်း ထဲ က လူ တွေ ကို ပိုပြီး ပစ်မှတ် ထား လာ ခဲ့ ပြီး နာမည်ရ သရုပ်‌ဆောင် တွေ နဲ့

ခရီးသွား တွေ ပါ ပစ်မှတ်ထား ခံ ရတဲ့ သူ တွေ ဖြစ်လာ တာကြောင့် တရုတ် အစိုးရ က အထူးစစ်ဆင် တစ်ရပ် စတင် ပြီး အဲဒီ စစ်ဆင်ရေး မှာ ထိုင်း၊ မြန်မာ၊ လာအို နဲ့ ဗီယက်နမ် ပါ ပါဝင် လာတာ လို့ သိရပါတယ်။

Freedom News Group က သိရ သလောက် တော့ တရုတ် အစိုးရ ဟာ တရုတ် ပြည်က ပစ်မှုးကျူးလွန် ပြီး ထွက်ပြေးနေတဲ့ ဝရမ်းပြေး တွေ က နေ ဦးစီး လုပ်ဆောင် နေတဲ့ မြဝတီ မြို့ အနီးက ကျားဖြန့်၊ လူမှောင်ခို နဲ့ မူးယစ်ဆေးဝါး လုပ်ငန်း တွေ ကို ရှမ်းပြည် မြောက်ပိုင်း က လောက်ကိုင်၊ တာချီလိတ် နဲ့ ချင်းရွှေဟော် မြို့ တွေ မှာ လို အပြီးသတ် ဖယ်ရှား ချင်တာ ဖြစ်ပါတယ်။

မနေ့ က မြန်မာ နိုင်ငံ နေပြည်တော် မှာ မြန်မာ စစ်‌ကောင်စီ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်း နဲ့ တွေ့ဆုံ ခဲ့ တဲ့ ထိုင်း ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘွန်ရွန်ခရမ် ဟာ လာမယ့် သီတင်းပတ် အတွင်း မှာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ကို က တပ် တွေ ကို သွားရောက် စစ်ဆေး ဖို့ ရှိ နေတယ် လို့ သိရပါတယ်။

ကျားဖြန့် ငွေလိမ် လုပ်ငန်း တစ်ခု တည်း ကနေ တစ်လ ကို အမေရိကန် ဒေါ်လာ သုံးသန်း က နေ ခြောက်သန်း ကျော်ထိ ဝင်ငွေ ရရှိ ပါတယ်။